နယူးယောက် သုတေသနအဖွဲ့၏ စွပ်စွဲခြင်းခံရတဲ့ အိန္ဒိယ အက်ဒါနီအုပ်စုဂယက် ဘင်္ဂလားဒေ့ရှ် လျှပ်စစ်လိုအပ်ချက်အပေါ် ရိုက်ခတ်

 1213

Htay Oung (NP News) - ဖေဖော်ဝါရီ ၂၄

“အိန္ဒိယ အက်ဒါနီအုပ်စု” ဟာ စျေးကွက်ခြယ်လှယ်မှုနဲ့ စာရင်းကိုင်မှားယွင်းမှုများမှာ ပါဝင်ပတ်သက်နေကြောင်း ၂ နှစ်ကြာ စုံစမ်းစစ်ဆေးချက်များအရ တွေ့ရှိရတယ်လို့ အမေရိကန် နယူးယောက်အခြေစိုက် “ဟင်ဒင်ဘတ်ဂ်” သုတေသနအဖွဲ့က ဇန်နဝါရီ ၂၄ ရက်နေ့က စွပ်စွဲဖော်ပြခဲ့ပါတယ်။ နိုင်ငံတကာ စတော့ရှယ်ယာများကို ပွင့်လင်း စျေးကွက်မှာ အချိန်တိုအတွင်း ၀ယ်ရောင်းလုပ်သူများရဲ့လှုပ်ရှားဆောင်ရွက်မှုများအပေါ် သုံးသပ်အကဲဖြတ်နေတဲ့ ဟင်ဒင်ဘတ်ဂ်လို အဖွဲ့အစည်းရဲ့ကျင့်ဝတ်မဲ့ကြောင်း မှတ်ချက်ဟာ အလွန်အရေးကြီးကြောင်း၊ အက်ဒါနီအုပ်စုလို စီးပွားရေးလုပ်ငန်းများရဲ့ ရပ်တည်ချက်အတွက် ထိရောက်တဲ့ ထိုးနှက်ချက်ဖြစ်ကြောင်း ပညာရှင် မိုဟာမက်_ အာရဖတ်ရဲ့ရှင်းလင်းချက်ကို Reuters က ယမန်နေ့ ဖော်ပြပါတယ်။

အက်ဒါနီအုပ်စုနဲ့ အဲဒီစီးပွားရေးအဖွဲ့ကို တည်ထောင်သူ ဂေါ့တမ်အက်ဒါနီတို့ အကြောင်းဟာ ကမ္ဘာ့ဘဏ္ဍာရေး ဆိုင်ရာလောကမှာ လူပြောအများဆုံးဖြစ်နေရတာ ဟင်ဒင်ဘတ်ဂ်အစီရင်ခံစာ ထွက်ပေါ်လာပြီးကတည်းက ဖြစ်ပါ တယ်။ ဂေါ့တမ်အက်ဒါနီနဲ့ ဝန်ကြီးချုပ် နာဂင်ဒြာမိုဒီတို့ရဲ့ နီးကပ်တဲ့ဆက်ဆံရေးကြောင့် လက်ရှိအာဏာရ BJP ပါတီမှာလည်း အိန္ဒိယပြည်တွင်းနိုင်ငံရေးမှာ မျက်နှာပူစရာဖြစ်နေရပါတယ်။

ပြန်လှန်ဆန်းစစ်ကြည့်တဲ့အခါ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယအက်ဒါနီစွမ်းအင်ကုမ္ပဏီတို့အကြား သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တာ ၂ဝ၁၇ ခုနှစ်မှာ ဖြစ်ပြီး ယခုအငြင်းပွားမှုမတိုင်မီထက် အများကြီး စောနေတာတွေ့ရမှာပါ။ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့သဘောတူညီချက်အရ အက်ဒါနီစွမ်းအင်ကုမ္ပဏီဟာ အိန္ဒိယနိုင်ငံအနောက်ပိုင်း “ဂျာဟင်း ပြည်နယ် ဂေါ်တားခရိုင်” မှာ ၁,၆ဝဝ မီဂါ၀ပ် ဓာတ်အားပေးစက်ရုံတစ်ခုကို တည်ဆောက်ရမှာဖြစ်ပြီး ပြီးဆုံးသည် နှင့်တပြိုင်နက် နောက် ၂၅ နှစ်အထိ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးဖို့ ရှိနေပါတယ်။

ကာယကံရှင် အက်ဒါနီအုပ်စုကိုယ်တိုင်က ဟင်ဒင်ဘတ်ဂ်အစီရင်ခံစာနှပ်ကြောင်းအတိုင်း လိုက်လံဆွေးနွေးနေတာ ကို အခွင့်ကောင်းယူပြီး အက်ဒါနီနဲ့ နှစ်နိုင်ငံချုပ်ဆိုခဲ့တဲ့ စာချုပ်အပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရ ဆန့်ကျင်ရေးအဖွဲ့ အစည်းများက ကန့်ကွက်ပြောဆိုနေကြပေမဲ့ ခိုင်လုံတဲ့ အထောက်အထားပြစရာအနည်းငယ်မျှသာ ရှိနေပါတယ်။

ဝေဖန်သူအားလုံးတို့အနေနဲ့ အက်ဒါနီစွမ်းအင်သဘောတူညီချက်အပေါ်စွပ်စွဲဖို့ စုစည်းဖော်ပြနိုင်သမျှတို့ဟာ မရေ မရာပုံတိုပတ်စများနဲ့ တစ်ခါတစ်လေ တက်တက်စင် လွဲမှားယွင်းနေတဲ့ အချက်အလက်များသာဖြစ်နေပါတယ်။

ဂျာမနီနိုင်ငံ ဘာလင်အခြေစိုက် “နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့” ရဲ့ ဘင်္ဂလားဒေ့ရှ် မြို့ပြဆိုင်ရာလူမှုအဖွဲ့ အစည်း CSO တစ်ခုဖြစ်တဲ့ TTIB ရဲ့ ထုတ်ပြန်ချက်တစ်ခုဆိုရင် “ပြည်တွင်းနဲ့ နိုင်ငံတကာမီဒီယာများရဲ့အစီရင်ခံစာ များအရ၊ ဂျာဟင်းပြည်နယ် ဂေါ်တားဓာတ်အားပေးစက်ရုံမှ ထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်အားဟာ နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားခထက် သုံးဆနီးပါး ကုန်ကျမယ်” လို့တောင် ဖော်ပြထားပါတယ်။ ဒါပေမဲ့ အဲဒီအစီရင်ခံစာတွေရဲ့ လုံးဝ အခြေအမြစ်မရှိခြင်းဟာ ဝမ်းနည်းစရာ ကောင်းလှပါတယ်။

တကယ်တော့ အက်ဒါနီစွမ်းအင်နဲ့ သဘောတူညီချက်ပါ ကုန်ကျစရိတ်ထက် နှုန်းထားသက်သာပြီး ကျောက်မီးသွေး ကလွဲလို့ တခြားသမရိုးကျ စွမ်းအင်ထုတ်လုပ်နည်းများ ဘင်္ဂလားဒေ့ရှ်အတွက်ရှိခဲ့ရင် လက်တွေ့ပြသပါလို့ ဝေဖန်သူ တွေကို စိန်ခေါ်ချင်ပါတယ်။

သဘောတူညီချက်တစ်ခုလုံးကို နားလည်ဖို့အတွက် အထူးသဖြင့် မတူညီတဲ့ သမားရိုးကျ စွမ်းအင်ရင်းမြစ်များကို အသုံးပြုပြီး ဓာတ်အားထုတ်လုပ်မှုကုန်ကျစရိတ်ဆိုင်ရာ အချက်အလက်အနည်းငယ်ကိုလည်း သိရှိထားဖို့ အရေးကြီးပါတယ်။ လက်ရှိ (နိုင်ငံတကာ) ကာလပေါက်ဈေးနဲ့တွက်ချက်ရင် ဘင်္ဂလားဒေ့ရ်ှနိုင်ငံအတွင်း မတူညီ တဲ့ လောင်စာအမျိုးမျိုးကိုသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ကုန်ကျစရိတ်များမှာ
(၁) ဒီဇယ်ဖြင့် ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ် တစ်ယူနစ်လျှင် တာကာငွေ ၃ဝ ( အမေရိကန် တစ်ဒေါ်လာကို မြန်မာ ၂,၉ဝဝ ကျပ်ဖြင့်တွက်လျှင် ၈၁၂ ကျပ်)
(၂) ပြည်ပမှ တင်သွင်းရတဲ့ သဘာဝဓာတ်ငွေ့ (တင်သွင်း LNG) ဖြင့် တစ်ယူနစ်လျှင် တာကာငွေ ၂ဝ၂၂ (မြန်မာ ၅၅၁ မှ ၅၈ဝ ကျပ်)
(၃) မီးပြင်းဖို လောင်စာဆီသုံး ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်မှာ တစ်ယူနစ်လျှင် တာကာငွေ ၁၈၂ဝ ( မြန်မာ ၄၉၃ မှ ၅၅၁ ကျပ်)
(၄) (ပေရာနဲ့ ရမ်ပဲလ် စက်ရုံများလို) ပြည်ပတင်သွင်း ကျောက်မီးသွေးဖြင့် ဓာတ်အားထုတ်လုပ်မှု တစ်ယူနစ်လျှင် တာကာငွေ ၁၄ ( မြန်မာ ၃၇၇ ကျပ်) အသီးသီး ကုန်ကျလျက် ရှိနေပါတယ်။
အဲဒီကုန်ကျစရိတ်တွေနဲ့နှိုင်းယှဉ်မယ်ဆိုရင် ဘင်္ဂလားဒေ့ရ်ှနိုင်ငံဟာ အက်ဒါနီစွမ်းအင်ပရော့ဂျက်မှ တစ်ယူနစ် လျှင် တာကာငွေ ၁၅၁၆ (မြန်မာ ၄ဝ၆၄၃၅ ကျပ်) နှုန်းထားနဲ့ လျှပ်စစ်ဓာတ်အား ၁,၆ဝဝ မီဂါ၀ပ်ကို ရရှိမှာဖြစ် ကြောင်း တွေ့ရပါတယ်။

ဒီနေရာမှာ သတိထားရမယ့်အချက်မှာ ဓာတ်အားပေးစက်ရုံတိုင်းမှာ သက်တမ်းကုန်ဆုံးပြီးနောက် ကာလတစ်ခု ရှိနေခြင်းပါပဲ၊ အက်ဒါနီလျှပ်စစ်ဓာတ်အားပေးစက်ရုံရဲ့ သက်တမ်းမှာ ၂၅ နှစ်လို့ ခန့်မှန်းထားပါတယ်။ ၂၅ နှစ်တာ ကာလအတွင်း သက်တမ်းကုန်ဆုံးချိန်မတိုင်မီ အဲဒီစက်ရုံမှ ထုတ်လုပ်လျှပ်စစ်ဓါတ်အားကို ဘင်္ဂလားဒေ့ရှ်အစိုးရက မဖြစ်မနေ ဝယ်ယူရပါလိမ့်မယ်။ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ နိုင်ငံ့လိုအပ်ချက်နဲ့ (ရာသီအလိုက်ပေါ် မူတည်ပြီး) ကိုယ်တိုင်ကုန်ကျစရိတ်နဲ့ ထုတ်ချင်ထုတ်၊ အက်ဒါနီကို ထုတ်ခိုင်းချင်ခိုင်းလို့ ရပြီး၊ မထုတ်ပဲလဲ နေနိုင် ပါတယ်။ ဆိုလိုတာ အဲဒီစက်ရုံဟာ အိန္ဒိယနိုင်ငံအတွင်း တည်ရှိနေပေမယ့် ဘင်္ဂလားဒေ့ရှ် ပြည်တွင်းရှိ အစိုးရ (သို့မဟုတ်) ပုဂ္ဂလိက ဓာတ်အားပေးစက်ရုံများနည်းတူ ဒါကာက နောက်ထပ် အနည်းဆုံး ၂၅ နှစ် ပိုင်ဆိုင်ပါလိမ့် မယ်။

လောလောဆယ်မှာတော့ အက်ဒါနီထုတ် ကျောက်မီးသွေးသုံး လျှပ်စစ်အားဟာ ပြည်တွင်းကျောက်မီးသွေးသုံး ထက် (မြန်မာ ၂၅၅ဝ ကျပ်ခန့်) ပိုများနေပါလိမ့်မယ်။ အဲဒါဟာ ကျောက်မီးသွေး သယ်ယူဖို့အတွက် သီးခြားမီးရထား လမ်းဖောက်လုပ်ရန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအရောက် လျှပ်စစ်ဓာတ်အား လွှဲပြောင်းရန်အတွက် သီးသန့်ဓါတ်အား လိုင်းတစ်ခု တည်ဆောက်ရခြင်းကြောင့်ဖြစ်ပါတယ်။

အစိုးရအနေနဲ့ စက်ရုံတစ်ခုလုံးကို အိန္ဒိယမှာ ရင်းနှီးမြှုပ်နှံရသလို ရှိပေမယ့် အဲဒီလို လျှပ်စစ်ဓါတ်အားပေးစက်ရုံမျိုး ကို ဘင်္ဂလားဒေ့ရှ်မှာ တည်ဆောက်မည်ဆိုပါက လူဦးရေထူထပ်ပြီး မြေနေရာ ရှားပါးတဲ့ တိုင်းပြည်အတွက် အတော် ကြီး အခက်အခဲရှိနေကြောင်း ထင်ရှားပါတယ်။ ပထမအချက်က စက်ရုံအတွက် မြေနေရာ ခွဲဝေပေးဖို့ဖြစ်ပြီး၊ ဒုတိယအနေနဲ့ ဘင်္ဂလားဒေ့ရ်ှမှာ ကျောက်မီးသွေးကို မီးရှို့ပြီး လေထုညစ်ညမ်းမှု အကြီးအကျယ်ဖြစ်စေခြင်း ပြဿနာကြုံရပါလိမ့်မယ်။

အက်ဒါနီအုပ်စုဟာ သြစတြေးလျနိုင်ငံ နယူးကာဆယ်မှာ ကိုယ်ပိုင်ကျောက်မီးသွေးတွင်းများ ရှိနေပြီး အဲဒီက ထွက်တာကို အသုံးပြုမှာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် ဓါတ်အားပေးစက်ရုံများသုံး အင်ဒိုနီးရှား ကျောက်မီးသွေးထက် ကုန်ကျစရိတ် အနည်းငယ်ပိုများတယ်လို့ ဆိုနိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ပြည်တွင်းမှာ ကျောက်မီးသွေးသုံး လျှပ်စစ် ဓါတ်အား ၄,၅ဝဝ မီဂါ၀ပ်ကို ထုတ်ယူနေပြီး နောက်ထပ် ၃,၅ဝဝ မီဂါ၀ပ်အတွက် စီမံကိန်းချ ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည်ဖော်နိုင်ခြင်း မရှိပါဘူး။ အက်ဒါနီထံမှ ကျောက်မီးသွေးသုံး ၁,၆ဝဝ မီဂါ၀ပ်အစား ပြည်တွင်းမှာထုတ်ဖို့ ဒီဇယ်ဆီ၊ မီးပြင်းထိုး လောင်စာဆီ သို့မဟုတ် LNG များ တင်သွင်း တည်ဆောက်ရလျှင် ဒီထက်မက ကုန်ကျစရာရှိနေပါတယ်။

အတိုချုပ်ပြောရလျှင် လူကြိုက်များတဲ့ ခံယူချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်သည့်တိုင် အက်ဒါနီစာချုပ်ဟာ ဘင်္ဂလားဒေ့ရှ် အတွက် ကောင်းမွန်တဲ့ သဘောတူညီချက်သာလျှင် ဖြစ်ပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင် လွှမ်းခြုံမှုအသံတွေဟာ အဲဒီအချက်အများစုကို ဘယ်တော့မှ လူတွေမသိနိုင်အောင် ဖုံးကွယ်ဖို့ကြိုးစားနေကြပါတယ်။
#အက်ဒါနီဂရု #ဟင်ဒင်ဘတ်ဂ်သုတေသနအဖွဲ့ #နာရင်ဒြာမိုဒီ #ကျောက်မီးသွေးသုံးလျှပ်စစ် #ဘင်္ဂလားဒေ့ရှ် #အိန္ဒိယ
(Dhaka Tribune.,23 February 2023,” Some basic facts about Adani's 1,600 MW power plant” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်သည်။)

Zawgyi Version;
နယူးေယာက္ သုေတသနအဖြဲ႕၏ စြပ္စြဲျခင္းခံရတဲ့ အိႏၵိယ အက္ဒါနီအုပ္စုဂယက္ ဘဂၤလားေဒ့ရွ္ လွ်ပ္စစ္လိုအပ္ခ်က္အေပၚ ႐ိုက္ခတ္
Htay Oung (NP News) - ေဖေဖာ္ဝါရီ ၂၄

“အိႏၵိယ အက္ဒါနီအုပ္စု” ဟာ ေစ်းကြက္ျခယ္လွယ္မႈနဲ႔ စာရင္းကိုင္မွားယြင္းမႈမ်ားမွာ ပါဝင္ပတ္သက္ေနေၾကာင္း ၂ ႏွစ္ၾကာ စုံစမ္းစစ္ေဆးခ်က္မ်ားအရ ေတြ႕ရွိရတယ္လို႔ အေမရိကန္ နယူးေယာက္အေျခစိုက္ “ဟင္ဒင္ဘတ္ဂ္” သုေတသနအဖြဲ႕က ဇန္နဝါရီ ၂၄ ရက္ေန႔က စြပ္စြဲေဖာ္ျပခဲ့ပါတယ္။ ႏိုင္ငံတကာ စေတာ့ရွယ္ယာမ်ားကို ပြင့္လင္း ေစ်းကြက္မွာ အခ်ိန္တိုအတြင္း ၀ယ္ေရာင္းလုပ္သူမ်ားရဲ႕လႈပ္ရွားေဆာင္႐ြက္မႈမ်ားအေပၚ သုံးသပ္အကဲျဖတ္ေနတဲ့ ဟင္ဒင္ဘတ္ဂ္လို အဖြဲ႕အစည္းရဲ႕က်င့္ဝတ္မဲ့ေၾကာင္း မွတ္ခ်က္ဟာ အလြန္အေရးႀကီးေၾကာင္း၊ အက္ဒါနီအုပ္စုလို စီးပြားေရးလုပ္ငန္းမ်ားရဲ႕ ရပ္တည္ခ်က္အတြက္ ထိေရာက္တဲ့ ထိုးႏွက္ခ်က္ျဖစ္ေၾကာင္း ပညာရွင္ မိုဟာမက္_ အာရဖတ္ရဲ႕ရွင္းလင္းခ်က္ကို Reuters က ယမန္ေန႔ ေဖာ္ျပပါတယ္။

အက္ဒါနီအုပ္စုနဲ႔ အဲဒီစီးပြားေရးအဖြဲ႕ကို တည္ေထာင္သူ ေဂါ့တမ္အက္ဒါနီတို႔ အေၾကာင္းဟာ ကမာၻ႔ဘ႑ာေရး ဆိုင္ရာေလာကမွာ လူေျပာအမ်ားဆုံးျဖစ္ေနရတာ ဟင္ဒင္ဘတ္ဂ္အစီရင္ခံစာ ထြက္ေပၚလာၿပီးကတည္းက ျဖစ္ပါ တယ္။ ေဂါ့တမ္အက္ဒါနီနဲ႔ ဝန္ႀကီးခ်ဳပ္ နာဂင္ျဒာမိုဒီတို႔ရဲ႕ နီးကပ္တဲ့ဆက္ဆံေရးေၾကာင့္ လက္ရွိအာဏာရ BJP ပါတီမွာလည္း အိႏၵိယျပည္တြင္းႏိုင္ငံေရးမွာ မ်က္ႏွာပူစရာျဖစ္ေနရပါတယ္။

ျပန္လွန္ဆန္းစစ္ၾကည့္တဲ့အခါ ဘဂၤလားေဒ့ရွ္နဲ႔ အိႏၵိယအက္ဒါနီစြမ္းအင္ကုမၸဏီတို႔အၾကား သေဘာတူညီခ်က္ လက္မွတ္ေရးထိုးခဲ့တာ ၂ဝ၁၇ ခုႏွစ္မွာ ျဖစ္ၿပီး ယခုအျငင္းပြားမႈမတိုင္မီထက္ အမ်ားႀကီး ေစာေနတာေတြ႕ရမွာပါ။ ဘဂၤလားေဒ့ရွ္အစိုးရနဲ႔သေဘာတူညီခ်က္အရ အက္ဒါနီစြမ္းအင္ကုမၸဏီဟာ အိႏၵိယႏိုင္ငံအေနာက္ပိုင္း “ဂ်ာဟင္း ျပည္နယ္ ေဂၚတားခ႐ိုင္” မွာ ၁,၆ဝဝ မီဂါ၀ပ္ ဓာတ္အားေပးစက္႐ုံတစ္ခုကို တည္ေဆာက္ရမွာျဖစ္ၿပီး ၿပီးဆုံးသည္ ႏွင့္တၿပိဳင္နက္ ေနာက္ ၂၅ ႏွစ္အထိ ဘဂၤလားေဒ့ရ္ွႏိုင္ငံကို လွ်ပ္စစ္ဓာတ္အား ေထာက္ပံ့ေပးဖို႔ ရွိေနပါတယ္။

ကာယကံရွင္ အက္ဒါနီအုပ္စုကိုယ္တိုင္က ဟင္ဒင္ဘတ္ဂ္အစီရင္ခံစာႏွပ္ေၾကာင္းအတိုင္း လိုက္လံေဆြးေႏြးေနတာ ကို အခြင့္ေကာင္းယူၿပီး အက္ဒါနီနဲ႔ ႏွစ္ႏိုင္ငံခ်ဳပ္ဆိုခဲ့တဲ့ စာခ်ဳပ္အေပၚ ဘဂၤလားေဒ့ရွ္အစိုးရ ဆန႔္က်င္ေရးအဖြဲ႕ အစည္းမ်ားက ကန္႔ကြက္ေျပာဆိုေနၾကေပမဲ့ ခိုင္လုံတဲ့ အေထာက္အထားျပစရာအနည္းငယ္မွ်သာ ရွိေနပါတယ္။

ေဝဖန္သူအားလုံးတို႔အေနနဲ႔ အက္ဒါနီစြမ္းအင္သေဘာတူညီခ်က္အေပၚစြပ္စြဲဖို႔ စုစည္းေဖာ္ျပႏိုင္သမွ်တို႔ဟာ မေရ မရာပုံတိုပတ္စမ်ားနဲ႔ တစ္ခါတစ္ေလ တက္တက္စင္ လြဲမွားယြင္းေနတဲ့ အခ်က္အလက္မ်ားသာျဖစ္ေနပါတယ္။

ဂ်ာမနီႏိုင္ငံ ဘာလင္အေျခစိုက္ “ႏိုင္ငံတကာပြင့္လင္းျမင္သာမႈအဖြဲ႕” ရဲ႕ ဘဂၤလားေဒ့ရွ္ ၿမိဳ႕ျပဆိုင္ရာလူမႈအဖြဲ႕ အစည္း CSO တစ္ခုျဖစ္တဲ့ TTIB ရဲ႕ ထုတ္ျပန္ခ်က္တစ္ခုဆိုရင္ “ျပည္တြင္းနဲ႔ ႏိုင္ငံတကာမီဒီယာမ်ားရဲ႕အစီရင္ခံစာ မ်ားအရ၊ ဂ်ာဟင္းျပည္နယ္ ေဂၚတားဓာတ္အားေပးစက္႐ုံမွ ထုတ္လုပ္တဲ့ လွ်ပ္စစ္ဓာတ္အားဟာ ႏိုင္ငံအတြင္း လွ်ပ္စစ္ဓာတ္အားခထက္ သုံးဆနီးပါး ကုန္က်မယ္” လို႔ေတာင္ ေဖာ္ျပထားပါတယ္။ ဒါေပမဲ့ အဲဒီအစီရင္ခံစာေတြရဲ႕ လုံးဝ အေျခအျမစ္မရွိျခင္းဟာ ဝမ္းနည္းစရာ ေကာင္းလွပါတယ္။

တကယ္ေတာ့ အက္ဒါနီစြမ္းအင္နဲ႔ သေဘာတူညီခ်က္ပါ ကုန္က်စရိတ္ထက္ ႏႈန္းထားသက္သာၿပီး ေက်ာက္မီးေသြး ကလြဲလို႔ တျခားသမ႐ိုးက် စြမ္းအင္ထုတ္လုပ္နည္းမ်ား ဘဂၤလားေဒ့ရွ္အတြက္ရွိခဲ့ရင္ လက္ေတြ႕ျပသပါလို႔ ေဝဖန္သူ ေတြကို စိန္ေခၚခ်င္ပါတယ္။

သေဘာတူညီခ်က္တစ္ခုလုံးကို နားလည္ဖို႔အတြက္ အထူးသျဖင့္ မတူညီတဲ့ သမား႐ိုးက် စြမ္းအင္ရင္းျမစ္မ်ားကို အသုံးျပဳၿပီး ဓာတ္အားထုတ္လုပ္မႈကုန္က်စရိတ္ဆိုင္ရာ အခ်က္အလက္အနည္းငယ္ကိုလည္း သိရွိထားဖို႔ အေရးႀကီးပါတယ္။ လက္ရွိ (ႏိုင္ငံတကာ) ကာလေပါက္ေဈးနဲ႔တြက္ခ်က္ရင္ ဘဂၤလားေဒ့ရ္ွႏိုင္ငံအတြင္း မတူညီ တဲ့ ေလာင္စာအမ်ိဳးမ်ိဳးကိုသုံးျပဳၿပီး လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္မႈ ကုန္က်စရိတ္မ်ားမွာ
(၁) ဒီဇယ္ျဖင့္ ဓာတ္အားထုတ္လုပ္မႈ ကုန္က်စရိတ္ တစ္ယူနစ္လွ်င္ တာကာေငြ ၃ဝ ( အေမရိကန္ တစ္ေဒၚလာကို ျမန္မာ ၂,၉ဝဝ က်ပ္ျဖင့္တြက္လွ်င္ ၈၁၂ က်ပ္)
(၂) ျပည္ပမွ တင္သြင္းရတဲ့ သဘာဝဓာတ္ေငြ႕ (တင္သြင္း LNG) ျဖင့္ တစ္ယူနစ္လွ်င္ တာကာေငြ ၂ဝ၂၂ (ျမန္မာ ၅၅၁ မွ ၅၈ဝ က်ပ္)
(၃) မီးျပင္းဖို ေလာင္စာဆီသုံး ဓာတ္အားထုတ္လုပ္မႈ ကုန္က်စရိတ္မွာ တစ္ယူနစ္လွ်င္ တာကာေငြ ၁၈၂ဝ ( ျမန္မာ ၄၉၃ မွ ၅၅၁ က်ပ္)
(၄) (ေပရာနဲ႔ ရမ္ပဲလ္ စက္႐ုံမ်ားလို) ျပည္ပတင္သြင္း ေက်ာက္မီးေသြးျဖင့္ ဓာတ္အားထုတ္လုပ္မႈ တစ္ယူနစ္လွ်င္ တာကာေငြ ၁၄ ( ျမန္မာ ၃၇၇ က်ပ္) အသီးသီး ကုန္က်လ်က္ ရွိေနပါတယ္။
အဲဒီကုန္က်စရိတ္ေတြနဲ႔ႏႈိင္းယွဥ္မယ္ဆိုရင္ ဘဂၤလားေဒ့ရ္ွႏိုင္ငံဟာ အက္ဒါနီစြမ္းအင္ပေရာ့ဂ်က္မွ တစ္ယူနစ္ လွ်င္ တာကာေငြ ၁၅၁၆ (ျမန္မာ ၄ဝ၆၄၃၅ က်ပ္) ႏႈန္းထားနဲ႔ လွ်ပ္စစ္ဓာတ္အား ၁,၆ဝဝ မီဂါ၀ပ္ကို ရရွိမွာျဖစ္ ေၾကာင္း ေတြ႕ရပါတယ္။

ဒီေနရာမွာ သတိထားရမယ့္အခ်က္မွာ ဓာတ္အားေပးစက္႐ုံတိုင္းမွာ သက္တမ္းကုန္ဆုံးၿပီးေနာက္ ကာလတစ္ခု ရွိေနျခင္းပါပဲ၊ အက္ဒါနီလွ်ပ္စစ္ဓာတ္အားေပးစက္႐ုံရဲ႕ သက္တမ္းမွာ ၂၅ ႏွစ္လို႔ ခန႔္မွန္းထားပါတယ္။ ၂၅ ႏွစ္တာ ကာလအတြင္း သက္တမ္းကုန္ဆုံးခ်ိန္မတိုင္မီ အဲဒီစက္႐ုံမွ ထုတ္လုပ္လွ်ပ္စစ္ဓါတ္အားကို ဘဂၤလားေဒ့ရွ္အစိုးရက မျဖစ္မေန ဝယ္ယူရပါလိမ့္မယ္။ ေနာက္ပိုင္း ဘဂၤလားေဒ့ရွ္အစိုးရအေနနဲ႔ ႏိုင္ငံ့လိုအပ္ခ်က္နဲ႔ (ရာသီအလိုက္ေပၚ မူတည္ၿပီး) ကိုယ္တိုင္ကုန္က်စရိတ္နဲ႔ ထုတ္ခ်င္ထုတ္၊ အက္ဒါနီကို ထုတ္ခိုင္းခ်င္ခိုင္းလို႔ ရၿပီး၊ မထုတ္ပဲလဲ ေနႏိုင္ ပါတယ္။ ဆိုလိုတာ အဲဒီစက္႐ုံဟာ အိႏၵိယႏိုင္ငံအတြင္း တည္ရွိေနေပမယ့္ ဘဂၤလားေဒ့ရွ္ ျပည္တြင္းရွိ အစိုးရ (သို႔မဟုတ္) ပုဂၢလိက ဓာတ္အားေပးစက္႐ုံမ်ားနည္းတူ ဒါကာက ေနာက္ထပ္ အနည္းဆုံး ၂၅ ႏွစ္ ပိုင္ဆိုင္ပါလိမ့္ မယ္။

ေလာေလာဆယ္မွာေတာ့ အက္ဒါနီထုတ္ ေက်ာက္မီးေသြးသုံး လွ်ပ္စစ္အားဟာ ျပည္တြင္းေက်ာက္မီးေသြးသုံး ထက္ (ျမန္မာ ၂၅၅ဝ က်ပ္ခန္႔) ပိုမ်ားေနပါလိမ့္မယ္။ အဲဒါဟာ ေက်ာက္မီးေသြး သယ္ယူဖို႔အတြက္ သီးျခားမီးရထား လမ္းေဖာက္လုပ္ရန္နဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံအေရာက္ လွ်ပ္စစ္ဓာတ္အား လႊဲေျပာင္းရန္အတြက္ သီးသန႔္ဓါတ္အား လိုင္းတစ္ခု တည္ေဆာက္ရျခင္းေၾကာင့္ျဖစ္ပါတယ္။

အစိုးရအေနနဲ႔ စက္႐ုံတစ္ခုလုံးကို အိႏၵိယမွာ ရင္းႏွီးျမႇဳပ္ႏွံရသလို ရွိေပမယ့္ အဲဒီလို လွ်ပ္စစ္ဓါတ္အားေပးစက္႐ုံမ်ိဳး ကို ဘဂၤလားေဒ့ရွ္မွာ တည္ေဆာက္မည္ဆိုပါက လူဦးေရထူထပ္ၿပီး ေျမေနရာ ရွားပါးတဲ့ တိုင္းျပည္အတြက္ အေတာ္ ႀကီး အခက္အခဲရွိေနေၾကာင္း ထင္ရွားပါတယ္။ ပထမအခ်က္က စက္႐ုံအတြက္ ေျမေနရာ ခြဲေဝေပးဖို႔ျဖစ္ၿပီး၊ ဒုတိယအေနနဲ႔ ဘဂၤလားေဒ့ရ္ွမွာ ေက်ာက္မီးေသြးကို မီးရႈိ႕ၿပီး ေလထုညစ္ညမ္းမႈ အႀကီးအက်ယ္ျဖစ္ေစျခင္း ျပႆနာႀကဳံရပါလိမ့္မယ္။

အက္ဒါနီအုပ္စုဟာ ၾသစေၾတးလ်ႏိုင္ငံ နယူးကာဆယ္မွာ ကိုယ္ပိုင္ေက်ာက္မီးေသြးတြင္းမ်ား ရွိေနၿပီး အဲဒီက ထြက္တာကို အသုံးျပဳမွာျဖစ္ပါတယ္။ ဘဂၤလားေဒ့ရွ္ ဓါတ္အားေပးစက္႐ုံမ်ားသုံး အင္ဒိုနီးရွား ေက်ာက္မီးေသြးထက္ ကုန္က်စရိတ္ အနည္းငယ္ပိုမ်ားတယ္လို႔ ဆိုႏိုင္ပါတယ္။ ဘဂၤလားေဒ့ရွ္ျပည္တြင္းမွာ ေက်ာက္မီးေသြးသုံး လွ်ပ္စစ္ ဓါတ္အား ၄,၅ဝဝ မီဂါ၀ပ္ကို ထုတ္ယူေနၿပီး ေနာက္ထပ္ ၃,၅ဝဝ မီဂါ၀ပ္အတြက္ စီမံကိန္းခ် ေဆာင္႐ြက္ေနပါတယ္။ ဒါေပမဲ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အေကာင္အထည္ေဖာ္ႏိုင္ျခင္း မရွိပါဘူး။ အက္ဒါနီထံမွ ေက်ာက္မီးေသြးသုံး ၁,၆ဝဝ မီဂါ၀ပ္အစား ျပည္တြင္းမွာထုတ္ဖို႔ ဒီဇယ္ဆီ၊ မီးျပင္းထိုး ေလာင္စာဆီ သို႔မဟုတ္ LNG မ်ား တင္သြင္း တည္ေဆာက္ရလွ်င္ ဒီထက္မက ကုန္က်စရာရွိေနပါတယ္။

အတိုခ်ဳပ္ေျပာရလွ်င္ လူႀကိဳက္မ်ားတဲ့ ခံယူခ်က္နဲ႔ ဆန႔္က်င္ဘက္ျဖစ္သည့္တိုင္ အက္ဒါနီစာခ်ဳပ္ဟာ ဘဂၤလားေဒ့ရွ္ အတြက္ ေကာင္းမြန္တဲ့ သေဘာတူညီခ်က္သာလွ်င္ ျဖစ္ပါတယ္။ ဒါေပမယ့္ ပတ္ဝန္းက်င္ လႊမ္းၿခဳံမႈအသံေတြဟာ အဲဒီအခ်က္အမ်ားစုကို ဘယ္ေတာ့မွ လူေတြမသိႏိုင္ေအာင္ ဖုံးကြယ္ဖို႔ႀကိဳးစားေနၾကပါတယ္။
#အက္ဒါနီဂ႐ု #ဟင္ဒင္ဘတ္ဂ္သုေတသနအဖြဲ႕ #နာရင္ျဒာမိုဒီ #ေက်ာက္မီးေသြးသုံးလွ်ပ္စစ္ #ဘဂၤလားေဒ့ရွ္ #အိႏၵိယ
(Dhaka Tribune.,23 February 2023,” Some basic facts about Adani's 1,600 MW power plant” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္သည္။)

Related news

© 2021. All rights reserved.