ပျောက်ဆုံးနေသော ဟောင်ကောင်မော်ဒယ်၏ ဦးခေါင်းနှင့်အသားစအချို့ကိုဟင်းချိုအိုးထဲတွင် ပြန်လည်တွေ့ရှိခဲ့ဟု ဟောင်ကောင်ရဲတပ်ဖွဲ့ပြော

 1306

Pika (NP News) - ဖေဖော်ဝါရီ ၂၇

ပြီးခဲ့သည့်ရက်ပိုင်းက ရက်စက်စွာသတ်ဖြတ်ခံရသော ဟောင်ကောင်မော်ဒယ် Abby Choi ၏ ပျောက်ဆုံးနေသော ဦးခေါင်းကို ဟင်းချိုနှင့်လူအသားစများ ပါဝင်သော အိုးကြီးတစ်လုံးထဲတွင် တွေ့ရှိခဲ့ကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ဟောင်ကောင်မော်ဒယ် Abby Choi ၏ ယောက္ခမဖြစ်သူ၏ချစ်သူ အခြားသံသယရှိသူတစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ပြီး လူသတ်မှုနှင့်ပတ်သက်၍ သံသယရှိသူမှာ စုစု ပေါင်း(၅)ဦးအထိရှိလာပြီဖြစ်ကြောင်းလည်း သိရသည်။ ဟောင်ကောင်မော်ဒယ် Abby Choi သတ်ဖြတ်ခံရသော Tai Po ခရိုင်ရှိ နေအိမ်အတွင်းတွင်တွေ့ရှိခဲ့သည့် အိုးကြီးနှစ်အိုးထဲမှ တစ်အိုးတွင် ဦးခေါင်းနှင့် နံရိုးတို့ကိုတွေ့ရှိခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးအရာရှိများက ထုတ်ပြန်ပြောကြားခဲ့သည်။

တွေ့ရှိခဲ့သော ဦးခေါင်းနှင့်နံရိုးတို့သည် Abby Choi ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများဖြစ်နိုင်သည်ဟု ယူဆထားကြသော်လည်း ဒီအန်အေစစ်ပြီးမှသာ အတည်ပြုနိုင်မည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကထပ်မံပြောကြားခဲ့သည်။ အိုးကြီးနှစ်အိုးထဲတွင် လှီးဖြတ်ထားသော လူအသားစများ၊ ဟင်းချိုများဖြင့်အပြည့်ဖြည့်ထားပြီး မုန်လာဥနီ နှင့် မုန်လာဥစိမ်းများလည်း ထည့်ထားကြောင်းသိရသည်။

ရဲတပ်ဖွဲ့များသည် ဖေဖော်ဝါရီလ (၂၅)ရက်တွင် အိုးများကို ရေခဲတိုက်သို့ယူ ဆောင်သွားခဲ့ပြီး မှုခင်းဆေးပညာကျွမ်းကျင်သူများက ဖေဖော်ဝါရီလ(၂၆)ရက်တွင် စတင်စစ်ဆေးခဲ့ကြောင်းလည်းသိရသည်။ အိုးထဲတွင် ဦးခေါင်းနှင့်နံရိုးများကိုတွေ့ရှိခဲ့ပြီး တစ်စုံတစ်ယောက်သည် ဦးခေါင်းကိုရိုက်နှက်ရန် ကြိုးပမ်းထားသည့်ပုံစံများကိုလည်းတွေ့ရှိခဲ့ကြောင်း မှုခင်းဆေးပညာကျွမ်းကျင်သူများကပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့များသည် Abby Choi ၏လက်နှင့် ခန္ဓာကိုယ်အပါအဝင် ပျောက်ဆုံးနေသော အစိတ်အပိုင်းများကို ဆက်လက်ရှာဖွေလျက်ရှိကြောင်းသိရသည်။ဖေဖော် ဝါရီလ (၂၅)ရက်တွင် Abby Choi ၏ခင်ပွန်းဟောင်းဖြစ်သူ အသက်(၂၈)နှစ်အရွယ် Alex Kwong ကို ဖမ်းဆီးခဲ့သော်လည်း တရားစွဲဆိုခြင်းမျိုးမရှိသေးကြောင်းလည်းသိရသည်။ ဖမ်းဆီးခံရပြီးနောက် Alex Kwong သည် နေမကောင်းကြောင်း ပြောဆိုခဲ့သဖြင့် Queen Elizabeth သို့ ပို့ဆောင်ကာ စောင့်ကြည်ထိန်း သိမ်းထားလျက်ရှိကြောင်းသိရသည်။

ဟောင်ကောင်ဒေါ်လာ(၄ ဒသမ ၅)သန်းနှင့်အတူ တန်ဖိုးကြီးနာရီများဖြင့် ထွက် ပြေးရန်ကြိုးပမ်းသည့် Alex Kwong ကို Lantau ကျွန်းရှိ Tung Chung ဆိပ်ခံတံတားတွင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။ Alex Kwong ၏ဖခင်ဖြစ်သူနှင့် အစ်ကိုဖြစ်သူတို့ကို လူသတ်မှုဖြင့်တရားစွဲဆိုထားပြီး အသက်(၆၃)နှစ်အရွယ် ၎င်း၏အမေကိုလည်းဖမ်းဆီးကာ ပါဝင်ပတ်သက်မှုဖြင့်တရားစွဲဆိုထားကြောင်းလည်းသိရသည်။

၎င်းတို့အားလုံးကို ဖေဖော်ဝါရီလ(၂၇)ရက်တွင် ဒေသဆိုင်ရာတရားရုံး၌ ရုံးထုတ်ရန် စီစဥ်ထားကြောင်းလည်းသိရသည်။ ရဲတပ်ဖွဲ့များသည် ဖေဖော်ဝါရီလ(၂၆) ရက်တွင် နောက်ထပ်သံသယရှိသူတစ်ဦးဖြစ်သည့် Ng ဟုခေါ်သော အသက်(၄၇) နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်းလည်းသိရသည်။ Ng ဟုခေါ်သော အမျိုးသမီးသည် Abby Choi ၏ယောက္ခမဖြစ်သူ၏ချစ်သူဖြစ်ပြီး လူသတ် မှုဖြစ်ပွားသည့် နေအိမ်ကို ငှားရမ်းထားသူဖြစ်ကြောင်းစွပ်စွဲခံထားရသည်။

ထို့ပြင် ယင်းအမျိုးသမီးသည် Alex Kwong ရှောင်တိမ်းနိုင်ရန်အတွက် ကူညီခဲ့သည်ဟုလည်း စွပ်စွဲခံထားရကြောင်းသိရသည်။ Abby Choi သည် ဖေဖော်ဝါ ရီလ (၂၁)ရက်က ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး ၎င်းကို Tai Po ခရိုင်တွင် နောက်ဆုံးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့များကပြောကြားခဲ့သည်။

zawgyi version
ေပ်ာက္ဆုံးေနေသာ ေဟာင္ေကာင္ေမာ္ဒယ္၏ ဦးေခါင္းႏွင့္အသားစအခ်ိဳ႕ကိုဟင္းခ်ိဳအိုးထဲတြင္ ျပန္လည္ေတြ႕ရွိခဲ့ဟု ေဟာင္ေကာင္ရဲတပ္ဖြဲ႕ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၇

ၿပီးခဲ့သည့္ရက္ပိုင္းက ရက္စက္စြာသတ္ျဖတ္ခံရေသာ ေဟာင္ေကာင္ေမာ္ဒယ္ Abby Choi ၏ ေပ်ာက္ဆုံးေနေသာ ဦးေခါင္းကို ဟင္းခ်ိဳႏွင့္လူအသားစမ်ား ပါဝင္ေသာ အိုးႀကီးတစ္လုံးထဲတြင္ ေတြ႕ရွိခဲ့ေၾကာင္း ေဟာင္ေကာင္ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့သည္။

ေဟာင္ေကာင္ေမာ္ဒယ္ Abby Choi ၏ ေယာကၡမျဖစ္သူ၏ခ်စ္သူ အျခားသံသယရွိသူတစ္ဦးကို ထပ္မံဖမ္းဆီးခဲ့ၿပီး လူသတ္မႈႏွင့္ပတ္သက္၍ သံသယရွိသူမွာ စုစု ေပါင္း(၅)ဦးအထိရွိလာၿပီျဖစ္ေၾကာင္းလည္း သိရသည္။ ေဟာင္ေကာင္ေမာ္ဒယ္ Abby Choi သတ္ျဖတ္ခံရေသာ Tai Po ခ႐ိုင္ရွိ ေနအိမ္အတြင္းတြင္ေတြ႕ရွိခဲ့သည့္ အိုးႀကီးႏွစ္အိုးထဲမွ တစ္အိုးတြင္ ဦးေခါင္းႏွင့္ နံ႐ိုးတို႔ကိုေတြ႕ရွိခဲ့ေၾကာင္း စုံစမ္းစစ္ေဆးေရးအရာရွိမ်ားက ထုတ္ျပန္ေျပာၾကားခဲ့သည္။

ေတြ႕ရွိခဲ့ေသာ ဦးေခါင္းႏွင့္နံ႐ိုးတို႔သည္ Abby Choi ၏ ခႏၶာကိုယ္အစိတ္အပိုင္းမ်ားျဖစ္ႏိုင္သည္ဟု ယူဆထားၾကေသာ္လည္း ဒီအန္ေအစစ္ၿပီးမွသာ အတည္ျပဳႏိုင္မည္ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ကထပ္မံေျပာၾကားခဲ့သည္။ အိုးႀကီးႏွစ္အိုးထဲတြင္ လွီးျဖတ္ထားေသာ လူအသားစမ်ား၊ ဟင္းခ်ိဳမ်ားျဖင့္အျပည့္ျဖည့္ထားၿပီး မုန္လာဥနီ ႏွင့္ မုန္လာဥစိမ္းမ်ားလည္း ထည့္ထားေၾကာင္းသိရသည္။

ရဲတပ္ဖြဲ႕မ်ားသည္ ေဖေဖာ္ဝါရီလ (၂၅)ရက္တြင္ အိုးမ်ားကို ေရခဲတိုက္သို႔ယူ ေဆာင္သြားခဲ့ၿပီး မႈခင္းေဆးပညာကြၽမ္းက်င္သူမ်ားက ေဖေဖာ္ဝါရီလ(၂၆)ရက္တြင္ စတင္စစ္ေဆးခဲ့ေၾကာင္းလည္းသိရသည္။ အိုးထဲတြင္ ဦးေခါင္းႏွင့္နံ႐ိုးမ်ားကိုေတြ႕ရွိခဲ့ၿပီး တစ္စုံတစ္ေယာက္သည္ ဦးေခါင္းကို႐ိုက္ႏွက္ရန္ ႀကိဳးပမ္းထားသည့္ပုံစံမ်ားကိုလည္းေတြ႕ရွိခဲ့ေၾကာင္း မႈခင္းေဆးပညာကြၽမ္းက်င္သူမ်ားကေျပာၾကားခဲ့သည္။

ရဲတပ္ဖြဲ႕မ်ားသည္ Abby Choi ၏လက္ႏွင့္ ခႏၶာကိုယ္အပါအဝင္ ေပ်ာက္ဆုံးေနေသာ အစိတ္အပိုင္းမ်ားကို ဆက္လက္ရွာေဖြလ်က္ရွိေၾကာင္းသိရသည္။ေဖေဖာ္ ဝါရီလ (၂၅)ရက္တြင္ Abby Choi ၏ခင္ပြန္းေဟာင္းျဖစ္သူ အသက္(၂၈)ႏွစ္အ႐ြယ္ Alex Kwong ကို ဖမ္းဆီးခဲ့ေသာ္လည္း တရားစြဲဆိုျခင္းမ်ိဳးမရွိေသးေၾကာင္းလည္းသိရသည္။ ဖမ္းဆီးခံရၿပီးေနာက္ Alex Kwong သည္ ေနမေကာင္းေၾကာင္း ေျပာဆိုခဲ့သျဖင့္ Queen Elizabeth သို႔ ပို႔ေဆာင္ကာ ေစာင့္ၾကည္ထိန္း သိမ္းထားလ်က္ရွိေၾကာင္းသိရသည္။

ေဟာင္ေကာင္ေဒၚလာ(၄ ဒသမ ၅)သန္းႏွင့္အတူ တန္ဖိုးႀကီးနာရီမ်ားျဖင့္ ထြက္ ေျပးရန္ႀကိဳးပမ္းသည့္ Alex Kwong ကို Lantau ကြၽန္းရွိ Tung Chung ဆိပ္ခံတံတားတြင္ ဖမ္းမိခဲ့ျခင္းျဖစ္ေၾကာင္းလည္းသိရသည္။ Alex Kwong ၏ဖခင္ျဖစ္သူႏွင့္ အစ္ကိုျဖစ္သူတို႔ကို လူသတ္မႈျဖင့္တရားစြဲဆိုထားၿပီး အသက္(၆၃)ႏွစ္အ႐ြယ္ ၎၏အေမကိုလည္းဖမ္းဆီးကာ ပါဝင္ပတ္သက္မႈျဖင့္တရားစြဲဆိုထားေၾကာင္းလည္းသိရသည္။

၎တို႔အားလုံးကို ေဖေဖာ္ဝါရီလ(၂၇)ရက္တြင္ ေဒသဆိုင္ရာတရား႐ုံး၌ ႐ုံးထုတ္ရန္ စီစဥ္ထားေၾကာင္းလည္းသိရသည္။ ရဲတပ္ဖြဲ႕မ်ားသည္ ေဖေဖာ္ဝါရီလ(၂၆) ရက္တြင္ ေနာက္ထပ္သံသယရွိသူတစ္ဦးျဖစ္သည့္ Ng ဟုေခၚေသာ အသက္(၄၇) ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးကို ဖမ္းဆီးခဲ့ေၾကာင္းလည္းသိရသည္။ Ng ဟုေခၚေသာ အမ်ိဳးသမီးသည္ Abby Choi ၏ေယာကၡမျဖစ္သူ၏ခ်စ္သူျဖစ္ၿပီး လူသတ္ မႈျဖစ္ပြားသည့္ ေနအိမ္ကို ငွားရမ္းထားသူျဖစ္ေၾကာင္းစြပ္စြဲခံထားရသည္။

ထို႔ျပင္ ယင္းအမ်ိဳးသမီးသည္ Alex Kwong ေရွာင္တိမ္းႏိုင္ရန္အတြက္ ကူညီခဲ့သည္ဟုလည္း စြပ္စြဲခံထားရေၾကာင္းသိရသည္။ Abby Choi သည္ ေဖေဖာ္ဝါ ရီလ (၂၁)ရက္က ေပ်ာက္ဆုံးသြားခဲ့ျခင္းျဖစ္ၿပီး ၎ကို Tai Po ခ႐ိုင္တြင္ ေနာက္ဆုံးေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕မ်ားကေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.