မကြာခင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုမည့်သူဦးရေ (၁၈ဝဝဝဝ)နီးပါးရှိ

 722

ယွန်း (NP News) - ဖေဖော်ဝါရီ ၂၈

လာမည့် မတ်လ(၈)ရက်တွင် စတင်ဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ စာမေးပွဲဝင်ရောက်ဖြေဆိုမည့်သူ (၁၈ဝဝဝဝ) နီးပါးရှိကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။

၂ဝ၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်မှစတင်ကာ မတ်လ(၁၈)ရက်အထိ ကျင်းပသွားမည် ဖြစ်ပြီး ဖြေဆိုချိန်သည် နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီအထိဖြစ်ကြောင်း သိရသည်။

စာ‌မေးပွဲဖြေဆိုခွင့်ကတ်များကို ဖေဖော်ဝါရီလ(၂ဝ)ရက်က စတင်ထုတ်ပေးခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေး ပွဲဖြေဆိုရန် လျှောက်လွှာတင်သူပေါင်း (၁၇၉၇၄၂)ဦးရှိကြောင်း အချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ် စာမေးပွဲတွင် ဖြေဆိုသူစုစုပေါင်း(၂၈၁၇၅၁)ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံးအောင်ချက်ရာ ခိုင်နှုန်းသည် (၄၆ ဒသမ ၈၈) ရာခိုင်နှုန်းဖြင့် အောင်မြင်သူ(၁၃၁ဝ၇၇)ဦး ရှိခဲ့သည်။

ထို့ကြောင့် ယခုနှစ်ကျင်းပမည့် စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့်သူဦးရေမှာ ပြီးခဲ့သည့်နှစ်က ဖြေဆိုသူဦးရေထက် (၁ဝ၂ဝဝ၉)ဦး လျော့နည်းခဲ့ကြောင်း သိရသည်။

ယခုကျင်းပမည့် စာမေးပွဲသည် ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုး ကြောင့် ဝင်ရောက်ဖြေဆိုခွင့်မရခဲ့သူများအတွက် စနစ်ဟောင်း၊ သင်ရိုးဟောင်းဖြင့် နောက်ဆုံးအကြိမ် စစ် ဆေးမည့် တက္ကသိုလ်ဝင်စာမေးပွဲလည်းဖြစ်သည်။

ပြီးခဲ့သော ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မကျင်းပမီအချိန်ကလည်း စာသင်ကျောင်းများ နှင့် ဆရာ၊ ဆရာမများအား ခြိမ်းခြောက်ခြင်း၊ ဗုံးခွဲခြင်းစသောဖြစ်စဥ်များရှိခဲ့သည်ကို တွေ့ရသည်။

zawgyi version
မၾကာခင္က်င္းပမည့္ တကၠသိုလ္ဝင္စာေမးပြဲတြင္ ေျဖဆိုမည့္သူဦးေရ (၁၈ဝဝဝဝ) နီးပါးရွိ

ယြန္း (NP News) - ေဖေဖာ္ဝါရီ ၂၈

လာမည့္ မတ္လ(၈)ရက္တြင္ စတင္ေျဖဆိုမည့္ တကၠသိုလ္ဝင္စာေမးပြဲ၌ စာေမးပြဲဝင္ေရာက္ေျဖဆိုမည့္သူ (၁၈ဝဝဝဝ) နီးပါးရွိေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

၂ဝ၂၃ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို မတ္လ(၈)ရက္မွစတင္ကာ မတ္လ(၁၈)ရက္အထိ က်င္းပသြားမည္ ျဖစ္ၿပီး ေျဖဆိုခ်ိန္သည္ နံနက္(၉)နာရီမွ ေန႔လည္(၁၂)နာရီအထိျဖစ္ေၾကာင္း သိရသည္။

စာ‌ေမးပြဲေျဖဆိုခြင့္ကတ္မ်ားကို ေဖေဖာ္ဝါရီလ(၂ဝ)ရက္က စတင္ထုတ္ေပးခဲ့ၿပီး တကၠသိုလ္ဝင္တန္းစာေမး ပြဲေျဖဆိုရန္ ေလွ်ာက္လႊာတင္သူေပါင္း (၁၇၉၇၄၂)ဦးရွိေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။

ၿပီးခဲ့သည့္ ၂ဝ၂၂ ခုႏွစ္ စာေမးပြဲတြင္ ေျဖဆိုသူစုစုေပါင္း(၂၈၁၇၅၁)ဦးရွိခဲ့ၿပီး တစ္ႏိုင္ငံလုံးေအာင္ခ်က္ရာ ခိုင္ႏႈန္းသည္ (၄၆ ဒသမ ၈၈) ရာခိုင္ႏႈန္းျဖင့္ ေအာင္ျမင္သူ(၁၃၁ဝ၇၇)ဦး ရွိခဲ့သည္။

ထို႔ေၾကာင့္ ယခုႏွစ္က်င္းပမည့္ စာေမးပြဲတြင္ ဝင္ေရာက္ေျဖဆိုမည့္သူဦးေရမွာ ၿပီးခဲ့သည့္ႏွစ္က ေျဖဆိုသူဦးေရထက္ (၁ဝ၂ဝဝ၉)ဦး ေလ်ာ့နည္းခဲ့ေၾကာင္း သိရသည္။

ယခုက်င္းပမည့္ စာေမးပြဲသည္ ၂ဝ၂၂ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ၌ က်ရႈံးသူမ်ားႏွင့္ အေၾကာင္းအမ်ိဳးမ်ိဳး ေၾကာင့္ ဝင္ေရာက္ေျဖဆိုခြင့္မရခဲ့သူမ်ားအတြက္ စနစ္ေဟာင္း၊ သင္႐ိုးေဟာင္းျဖင့္ ေနာက္ဆုံးအႀကိမ္ စစ္ ေဆးမည့္ တကၠသိုလ္ဝင္စာေမးပြဲလည္းျဖစ္သည္။

ၿပီးခဲ့ေသာ ၂ဝ၂၂ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ မက်င္းပမီအခ်ိန္ကလည္း စာသင္ေက်ာင္းမ်ား ႏွင့္ ဆရာ၊ ဆရာမမ်ားအား ၿခိမ္းေျခာက္ျခင္း၊ ဗုံးခြဲျခင္းစေသာျဖစ္စဥ္မ်ားရွိခဲ့သည္ကို ေတြ႕ရသည္။

Picture

L Mone

28/02/2023 20:15

ပညာရေးကို ဖျက်ဆီးနေကုတာကို ဒီမိုကရေစီ အရေးလုပ်ကြေတာတဲ့ဗျာ....ကျောင်းဆရာ ဆရာမကို ကျွန်တော်တို့တတွေ ဆော်ကားဖို့နေနေသာသာ စကားကိုပင် စကားပြောရာမှာပင် မယဥ်မေကျေး အမှားအယွင်းဖြစ်မှာ သိကြောက်ခဲ့ကြပါတယ်...။ အခုတော့ဗျာ သတ်ပြစ်တာတို့ နှိပ်စက်တာတို့ ဗုံးခွဲတာတို့ စုံလို့ပါပဲ...အခု ဆရာ ဆရာမ တွေသတ်နေကြသူတွေဟာ မြို့ပေါ် ရွာပေါ်မှာ နေထိုင်ဖူးတဲ့ ပီဒီအက်ဖ် PDF တို့မှ ဟုတ်ရဲ့လား ဘာသာရေး အစွန်းရောက် လူမျိုးရေး အစွန်းရောက်တွေလားဆိုတာ သံသယ လုံးဝ ဖြစ်မိပါကြောင်း....NUG နဲ့ PDF တို့ကို စကား ပါးလိုပါတယ်ဗျာ...

Picture

L Mone

28/02/2023 20:17

ဆရာ ဆရာမတွေကို သတ်နေကြတာ တောထဲက လူမျိုးရေး ဘာသာရေး အစွန်းရောက်တွေ လို့ပဲ မြင်မိပါတယ် NUG တို့ရေ

Related news

© 2021. All rights reserved.