ရခိုင်ပြည်နယ်၌ ပြည်လုံးကျွတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်မည်ဟု တပ်ချုပ်ပြော

 532

မျိုးကြီး (NP News) - မတ် ၁

ရခိုင်ပြည်နယ်၌ ပြည်လုံးကျွတ်ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုရက်ပိုင်းအတွင်း သွားရောက်လျက်ရှိနေသည့် ရခိုင်ပြည်နယ်ခရီးစဉ်၌ အထက်ပါကဲ့သို့ အသိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရှိပါက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပြီး တည်ငြိမ်အေးချမ်းကာ တရားဥပဒေစိုးမိုးမှုရှိရေးအတွက် ဝိုင်းဝန်းကြိုးပမ်းပေးရန်လည်း တပ်ချုပ်က မေတ္တာရပ်ခံထားသည်။

ထို့ပြင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် ၎င်းအနေဖြင့် ကြိုးပမ်းဆောင်ရွက်နေကြောင်းနှင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပချိန်တွင် ရခိုင်ပြည်နယ်လုံးကျွတ်ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောဆိုထားသည်။

နစကမှ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများကို အတည်ပြုပြဋ္ဌာန်းပြီး နောက်ပိုင်းတွင် နိုင်ငံရေးပါတီများအနေဖြင့် မှတ်ပုံတင်ပြန်လည်လျှောက်ထားလျက်ရှိကြောင်း တွေ့ရှိရသည်။

လက်ရှိတွင် ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ(AFP)သည်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံတင်ပြန်လည်လျှောက်ထားသည်ကိုတွေ့ရှိရပြီး ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သော ၂ဝ၂ဝ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့်မြို့နယ်ပေါင်းမှာ (၉)မြို့နယ်နီးပါးရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သော ULA/AA သည် နစကမှ ကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းတို့နှင့်ပတ်သက်၍ တစ်စုံတစ်ရာပြောစရာမရှိကြောင်းလည်း ဦးခိုင်သုခက အသိပေးပြောဆိုထားသည်။

zawgyi version
ရခိုင္ျပည္နယ္၌ ျပည္လုံးကြၽတ္ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္မည္ဟု တပ္ခ်ဳပ္ေျပာ

မ်ိဳးႀကီး (NP News) - မတ္ ၁

ရခိုင္ျပည္နယ္၌ ျပည္လုံးကြၽတ္ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။

နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယခုရက္ပိုင္းအတြင္း သြားေရာက္လ်က္ရွိေနသည့္ ရခိုင္ျပည္နယ္ခရီးစဥ္၌ အထက္ပါကဲ့သို႔ အသိေပးေျပာဆိုခဲ့ျခင္းျဖစ္သည္။

ရခိုင္ျပည္နယ္အတြင္း တည္ၿငိမ္ေအးခ်မ္းမႈရွိပါက ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ားကို ပိုမိုေဆာင္႐ြက္ႏိုင္မည္ျဖစ္ၿပီး တည္ၿငိမ္ေအးခ်မ္းကာ တရားဥပေဒစိုးမိုးမႈရွိေရးအတြက္ ဝိုင္းဝန္းႀကိဳးပမ္းေပးရန္လည္း တပ္ခ်ဳပ္က ေမတၱာရပ္ခံထားသည္။

ထို႔ျပင္ ေ႐ြးေကာက္ပြဲ ျပန္လည္က်င္းပႏိုင္ေရးအတြက္ ၎အေနျဖင့္ ႀကိဳးပမ္းေဆာင္႐ြက္ေနေၾကာင္းႏွင့္ ေ႐ြးေကာက္ပြဲ ျပန္လည္က်င္းပခ်ိန္တြင္ ရခိုင္ျပည္နယ္လုံးကြၽတ္ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကဥကၠ႒က အသိေပးေျပာဆိုထားသည္။

နစကမွ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒ၊ နည္းဥပေဒမ်ားကို အတည္ျပဳျပ႒ာန္းၿပီး ေနာက္ပိုင္းတြင္ ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ မွတ္ပုံတင္ျပန္လည္ေလွ်ာက္ထားလ်က္ရွိေၾကာင္း ေတြ႕ရွိရသည္။

လက္ရွိတြင္ ေဒါက္တာေအးေမာင္ ဦးေဆာင္သည့္ ရခိုင့္ဦးေဆာင္ပါတီ(AFP)သည္လည္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၌ မွတ္ပုံတင္ျပန္လည္ေလွ်ာက္ထားသည္ကိုေတြ႕ရွိရၿပီး ေ႐ြးေကာက္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္လ်က္ရွိေၾကာင္း သိရသည္။

ၿပီးခဲ့ေသာ ၂ဝ၂ဝ ျပည့္ႏွစ္အေထြေထြေ႐ြးေကာက္ပြဲတြင္ ရခိုင္ျပည္နယ္အတြင္း ေ႐ြးေကာက္ပြဲမက်င္းပႏိုင္ခဲ့သည့္ၿမိဳ႕နယ္ေပါင္းမွာ (၉)ၿမိဳ႕နယ္နီးပါးရွိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ရခိုင္လက္နက္ကိုင္အဖြဲ႕အစည္းတစ္ခုျဖစ္ေသာ ULA/AA သည္ နစကမွ က်င္းပမည့္ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ ေထာက္ခံျခင္း၊ ကန႔္ကြက္ျခင္းတို႔ႏွင့္ပတ္သက္၍ တစ္စုံတစ္ရာေျပာစရာမရွိေၾကာင္းလည္း ဦးခိုင္သုခက အသိေပးေျပာဆိုထားသည္။

Related news

© 2021. All rights reserved.