မြန်မာနိုင်ငံဘက်ခြမ်းကို မှောင်ခိုပို့ဆောင်ဖို့ စီစဉ်နေတဲ့ ဆိုင်ကယ်အများအပြားကို ထိုင်းအာဏာပိုင်းများကြားဖြတ် ဖမ်းဆီး

3212

ဂျန်ဇက် (NP News) - မတ် ၃
ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်ရှိ Pha Muang စစ်တပ်ဟာ မြန်မာနိုင်ငံဘက်ခြမ်းကို ပို့ဆောင်ဖို့ စီစဉ်ထားတဲ့ ဆိုင်ကယ်များကို ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့ပြီး သံသယရှိသူတစ်ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။
ခွင့်ပြုချက်မရှိဘဲ ဆိုင်ကယ်များကို ထိုင်းနိုင်ငံဘက်ခြမ်းကနေ နယ်စပ်ဒေသကိုဖြတ်သန်းပြီး မြန်မာနိုင်ငံကို မှောင်ခို ပို့ဆောင်ဖို့စီစဉ်နေတဲ့ သတင်းကိုလက်ခံရရှိခဲ့ပြီးနောက် Chao Tak Army Pha Muang စစ်တပ်ရဲ့ တပ်မှူးတစ်ဦး ဖြစ်တဲ့ ဗိုလ်မှူးကြီး Natee Timsen ဆိုသူ ဦးဆောင်တဲ့ ထိုင်းအာဏာပိုင်များအဖွဲ့ဟာ မယ်ဆိုင်မြစ်နားရှိ အိမ် တစ်အိမ်ကို စီးနင်းရှာဖွေခဲ့ရာ ဆိုင်ကယ်များကို တွေ့ရှိခဲ့ကြောင်းသိရပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ မယ်ဆိုင်ဒေသ Wiang Phang Kham အရပ်ရှိ အိမ်အမှတ် ၁ဝဝ၄ နဲ့ အိမ်အမှတ် ၁၇၅ တို့ ကို စီးနင်းရှာဖွေချိန်မှာ ဆိုင်ကယ်အစီးပေါင်း ၈၅ စီးကို တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရပါတယ်။
အဆိုပါဆိုင်ကယ်များ တွေ့ရှိတဲ့အိမ်ဟာ မယ်ဆိုင်မြစ်နားမှာရှိနေပြီး အိမ်နဲ့ မြစ်ကမ်းခြေနားကို မြေအောက်ဥမင် လိုဏ်ခေါင်းတူးကာဆက်သွယ်ထားခြင်းကိုလည်း တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ ဥမင်လိုဏ်ခေါင်းကိုအသုံးပြုပြီး ဆိုင်ကယ်များကို မြစ်ကမ်းနားကို ပေးပို့နေခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ဆိုင်ကယ်တွေမှာ နံပါတ်ပြားတပ်ထားခြင်း မရှိကြောင်း၊ မြန်မာနိုင်ငံဘက်ခြမ်းကို ပို့ခါနီးမှာ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ် ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ နယ်စပ်ဒေသအနီးမှာ ဆိုင်ကယ်အများအပြား သိုလှောင်ထားရှိ ခြင်းကို စုံစမ်းလေ့လာခဲ့ကြောင်း၊ ဆိုင်ကယ်မှောင်ခိုရောင်းဝယ်သူတွေဟာ ထိုင်းနိုင်ငံဘက်ခြမ်းကနေ မယ်ဆိုင်မြစ် ကို ဖြတ်သန်းပြီး၊ မြန်မာနိုင်ငံ တာချီလိတ်ဘက်ခြမ်းကို ပို့ဆောင်နေခြင်းဖြစ်ကြောင်း၊ ထိုင်းအစိုးရတာဝန်ရှိသူများ က ပြောပါတယ်။
ထိုင်းစစ်တပ်အပြင် အုပ်ချုပ်ရေးအာဏာပိုင်များ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သိမ်းဆည်းရမိတဲ့ဆိုင်ကယ်များကို မယ်ဆိုင်အကောက်ခွန်ဌာနကို လွှဲပြောင်းပေးခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ထပ်မံလုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
ျမန္မာႏိုင္ငံဘက္ျခမ္းကို ေမွာင္ခိုပို႔ေဆာင္ဖို႔ စီစဥ္ေနတဲ့ ဆိုင္ကယ္အမ်ားအျပားကို ထိုင္းအာဏာပိုင္းမ်ားၾကား ျဖတ္ ဖမ္းဆီး
ဂ်န္ဇက္ (NP News) - မတ္ ၃
ထိုင္းႏိုင္ငံ ခ်င္း႐ိုင္ျပည္နယ္ရွိ Pha Muang စစ္တပ္ဟာ ျမန္မာႏိုင္ငံဘက္ျခမ္းကို ပို႔ေဆာင္ဖို႔ စီစဥ္ထားတဲ့ ဆိုင္ကယ္မ်ားကို ၾကားျဖတ္ဖမ္းဆီးႏိုင္ခဲ့ၿပီး သံသယရွိသူတစ္ဦးကိုလည္း ဖမ္းဆီးခဲ့ေၾကာင္း သိရပါတယ္။
ခြင့္ျပဳခ်က္မရွိဘဲ ဆိုင္ကယ္မ်ားကို ထိုင္းႏိုင္ငံဘက္ျခမ္းကေန နယ္စပ္ေဒသကိုျဖတ္သန္းၿပီး ျမန္မာႏိုင္ငံကို ေမွာင္ခို ပို႔ေဆာင္ဖို႔စီစဥ္ေနတဲ့ သတင္းကိုလက္ခံရရွိခဲ့ၿပီးေနာက္ Chao Tak Army Pha Muang စစ္တပ္ရဲ႕ တပ္မႉးတစ္ဦး ျဖစ္တဲ့ ဗိုလ္မႉးႀကီး Natee Timsen ဆိုသူ ဦးေဆာင္တဲ့ ထိုင္းအာဏာပိုင္မ်ားအဖြဲ႕ဟာ မယ္ဆိုင္ျမစ္နားရွိ အိမ္ တစ္အိမ္ကို စီးနင္းရွာေဖြခဲ့ရာ ဆိုင္ကယ္မ်ားကို ေတြ႕ရွိခဲ့ေၾကာင္းသိရပါတယ္။
ထိုင္းအာဏာပိုင္ေတြဟာ မယ္ဆိုင္ေဒသ Wiang Phang Kham အရပ္ရွိ အိမ္အမွတ္ ၁ဝဝ၄ နဲ႔ အိမ္အမွတ္ ၁၇၅ တို႔ ကို စီးနင္းရွာေဖြခ်ိန္မွာ ဆိုင္ကယ္အစီးေပါင္း ၈၅ စီးကို ေတြ႕ရွိသိမ္းဆည္းခဲ့ေၾကာင္း သိရပါတယ္။
အဆိုပါဆိုင္ကယ္မ်ား ေတြ႕ရွိတဲ့အိမ္ဟာ မယ္ဆိုင္ျမစ္နားမွာရွိေနၿပီး အိမ္နဲ႔ ျမစ္ကမ္းေျခနားကို ေျမေအာက္ဥမင္ လိုဏ္ေခါင္းတူးကာဆက္သြယ္ထားျခင္းကိုလည္း ေတြ႕ရွိခဲ့ေၾကာင္း၊ အဆိုပါ ဥမင္လိုဏ္ေခါင္းကိုအသုံးျပဳၿပီး ဆိုင္ကယ္မ်ားကို ျမစ္ကမ္းနားကို ေပးပို႔ေနျခင္းျဖစ္ေၾကာင္း ထိုင္းအာဏာပိုင္ေတြက ေျပာပါတယ္။
ဆိုင္ကယ္ေတြမွာ နံပါတ္ျပားတပ္ထားျခင္း မရွိေၾကာင္း၊ ျမန္မာႏိုင္ငံဘက္ျခမ္းကို ပို႔ခါနီးမွာ ဖမ္းဆီးႏိုင္ခဲ့ျခင္းျဖစ္ ေၾကာင္း ထိုင္းအာဏာပိုင္ေတြက ေျပာပါတယ္။ နယ္စပ္ေဒသအနီးမွာ ဆိုင္ကယ္အမ်ားအျပား သိုေလွာင္ထားရွိ ျခင္းကို စုံစမ္းေလ့လာခဲ့ေၾကာင္း၊ ဆိုင္ကယ္ေမွာင္ခိုေရာင္းဝယ္သူေတြဟာ ထိုင္းႏိုင္ငံဘက္ျခမ္းကေန မယ္ဆိုင္ျမစ္ ကို ျဖတ္သန္းၿပီး၊ ျမန္မာႏိုင္ငံ တာခ်ီလိတ္ဘက္ျခမ္းကို ပို႔ေဆာင္ေနျခင္းျဖစ္ေၾကာင္း၊ ထိုင္းအစိုးရတာဝန္ရွိသူမ်ား က ေျပာပါတယ္။
ထိုင္းစစ္တပ္အျပင္ အုပ္ခ်ဳပ္ေရးအာဏာပိုင္မ်ား ပါဝင္တဲ့ ပူးေပါင္းအဖြဲ႕ဟာ သိမ္းဆည္းရမိတဲ့ဆိုင္ကယ္မ်ားကို မယ္ဆိုင္အေကာက္ခြန္ဌာနကို လႊဲေျပာင္းေပးခဲ့ၿပီး စုံစမ္းစစ္ေဆးမႈေတြ ထပ္မံလုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။