ရွှေတိဂုံစေတီတော်ကြီးတွင် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ပိတ်ပွဲ(အောင်ပွဲ)ကျင်းပ

 773

ယွန်း (NP News) - မတ် ၅

ယနေ့(မတ်လ ၅ ရက်)တွင် ကျရောက်သည့် တပေါင်းလပြည့်နေ့တွင် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ပိတ်ပွဲ (အောင်ပွဲ)ကို ရွှေတိဂုံစေတီတော်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ရွှေတိဂုံစေတီတော်ကြီး၏ ရင်ပြင်တော်မြောက်ဘက်ရှိ ချမ်းသာကြီးတန်ဆောင်းတွင် ကျင်းပခဲ့ပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်သည် ရွှေတိဂုံစေတီတော်ကြီး၏ (၂၆၁၁)နှစ်မြောက်ပွဲတော်ဖြစ်ပြီး ဘုရားဖူးပြည်သူ အများအပြား စည်းကားသိုက်မြိုက်စွာ လာရောက်ဖူးမြော်ခဲ့ကြောင်း တွေ့ရသည်။

စေတီတော်ကြီး၏ (၂၆၁၁)နှစ်မြောက် တပေါင်းပွဲတော်ကြီးကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၂၄)ရက်မှ ယနေ့(မတ်လ ၅ ရက်)အထိ (၁ဝ)ရက်တိုင် ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပွဲတော်ကြီးကျင်းပသည့် (၁ဝ)ရက်တာ ကာလအတွင်း သံဃာတော် အပါး(၁၂ဝ)က (၂၆၁)နာရီတိုင်တိုင် အသံမစဲမဟာပဋ္ဌာန်းပွဲများ ရွတ်‌ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။

zawgyi version
ေ႐ႊတိဂုံေစတီေတာ္ႀကီးတြင္ ဗုဒၶပူဇနိယတေပါင္းပြဲေတာ္ပိတ္ပြဲ(ေအာင္ပြဲ)က်င္းပ

ယြန္း (NP News) - မတ္ ၅

ယေန႔(မတ္လ ၅ ရက္)တြင္ က်ေရာက္သည့္ တေပါင္းလျပည့္ေန႔တြင္ ဗုဒၶပူဇနိယတေပါင္းပြဲေတာ္ပိတ္ပြဲ (ေအာင္ပြဲ)ကို ေ႐ႊတိဂုံေစတီေတာ္၌ က်င္းပခဲ့ေၾကာင္း သိရသည္။

အခမ္းအနားကို ေ႐ႊတိဂုံေစတီေတာ္ႀကီး၏ ရင္ျပင္ေတာ္ေျမာက္ဘက္ရွိ ခ်မ္းသာႀကီးတန္ေဆာင္းတြင္ က်င္းပခဲ့ၿပီး ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ ဦးစိုးသိန္း တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဗုဒၶပူဇနိယတေပါင္းပြဲေတာ္သည္ ေ႐ႊတိဂုံေစတီေတာ္ႀကီး၏ (၂၆၁၁)ႏွစ္ေျမာက္ပြဲေတာ္ျဖစ္ၿပီး ဘုရားဖူးျပည္သူ အမ်ားအျပား စည္းကားသိုက္ၿမိဳက္စြာ လာေရာက္ဖူးေျမာ္ခဲ့ေၾကာင္း ေတြ႕ရသည္။

ေစတီေတာ္ႀကီး၏ (၂၆၁၁)ႏွစ္ေျမာက္ တေပါင္းပြဲေတာ္ႀကီးကို ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ(၂၄)ရက္မွ ယေန႔(မတ္လ ၅ ရက္)အထိ (၁ဝ)ရက္တိုင္ က်င္းပခဲ့ျခင္းျဖစ္သည္။

အဆိုပါ ပြဲေတာ္ႀကီးက်င္းပသည့္ (၁ဝ)ရက္တာ ကာလအတြင္း သံဃာေတာ္ အပါး(၁၂ဝ)က (၂၆၁)နာရီတိုင္တိုင္ အသံမစဲမဟာပ႒ာန္းပြဲမ်ား ႐ြတ္‌ဖတ္ပူေဇာ္ခဲ့ေၾကာင္း သိရသည္။

© 2021. All rights reserved.