အိန္ဒိယ၊ ဆီးရီယား၊ အင်ဒိုနီးရှား နှင့် အခြားနိုင်ငံများအတွက် ဗီဇာလုပ်ထုံးလုပ်နည်းများကို ဖြေလျှော့ပေးရန် ရုရှားအစိုးရ လုပ်ဆောင်နေ

 680

Pika (NP News) - မတ် ၆

ရုရှားနိုင်ငံသည် အိန္ဒိယ၊ ဆီးရီးယား နှင့် အင်ဒိုနီးရှားနိုင်ငံတို့ အပါအဝင် နိုင်ငံ(၆)နိုင်ငံအတွက် ဗီဇာလုပ်ထုံး လုပ်နည်းများကို ဖြေလျော့ပေးရန် လုပ်ဆောင်နေကြောင်း ရုရှားနိုင်ငံခြားရေးဒုဝန်ကြီး Evgeny Ivanov ၏ ပြောဆို ချက်များကို ကိုးကားပြီး နိုင်ငံပိုင် TASS သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ရုရှားနိုင်ငံခြားရေးဒုဝန်ကြီး Evgeny Ivanov က "ရုရှားနိုင်ငံဟာ ဗီဇာလုပ်ထုံးလုပ်နည်းတွေ ဖြေလျော့ဖို့ အိန္ဒိယ အပြင် အင်ဂိုလာ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဆီးရီးယား နဲ့ ဖိလစ်ပိုင်နိုင်ငံတို့နဲ့အတူ လက်တွဲ လုပ်‌ဆောင်နေပါတယ်" ဟု ပြောဆိုခဲ့သည်။

ဆော်ဒီအာရေးဗျ၊ ဘာဘေးဒေါ့စ်၊ ဟေတီ၊ ဇမ်ဘီယာ၊ ကူဝိတ်၊ မလေးရှား၊ မက္ကဆီကို နှင့် ထရီနီဒက် အပါအဝင် နိုင်ငံပေါင်း (၁၁)နိုင်ငံ နှင့် ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ သဘောတူညီချက်များကို ရုရှားဖက်က ပြင်ဆင်နေကြောင်း ရုရှားနိုင်ငံခြားရေးဒုဝန်ကြီး Evgeny Ivanov က ပြောဆိုခဲ့သည်။ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းကို စတင်ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက် ရုရှားသည် တရုတ်၊ အိန္ဒိယ၊ အာဖရိကနိုင်ငံများ နှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးများ ထူထောင်ရန် ကြိုးပမ်းခဲ့ကြောင်းလည်း သိရသည်။ အမေရိကန်၊ ဂျပန် နှင့် ဥရောပသမဂ္ဂ တို့သည် ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး ရုရှားကို ပြစ်တင်ရှုတ်ချကာ ပိတ်ဆို့အရေးယူမှုများကို ချမှတ်ခဲ့သော်လည်း တရုတ်နှင့် အိန္ဒိယနိုင်ငံတို့က ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ရန် ငြင်းဆိုခဲ့ကြောင်း သိရသည်။

ထို့အပြင် အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံ ထွက်ရေနံဝယ်ယူမှုများကို သိသိသာသာတိုးမြှင့်ခဲ့ပြီး ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ရုရှားကို အပြစ်တင်ရန် ငြင်းဆိုခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
အိႏၵိယ၊ ဆီးရီယား၊ အင္ဒိုနီးရွား ႏွင့္ အျခားႏိုင္ငံမ်ားအတြက္ ဗီဇာလုပ္ထုံးလုပ္နည္းမ်ားကို ေျဖေလွ်ာ့ေပးရန္ ႐ုရွားအစိုးရ လုပ္ေဆာင္ေန
Pika (NP News) - မတ္ ၆

႐ုရွားႏိုင္ငံသည္ အိႏၵိယ၊ ဆီးရီးယား ႏွင့္ အင္ဒိုနီးရွားႏိုင္ငံတို႔ အပါအဝင္ ႏိုင္ငံ(၆)ႏိုင္ငံအတြက္ ဗီဇာလုပ္ထုံး လုပ္နည္းမ်ားကို ေျဖေလ်ာ့ေပးရန္ လုပ္ေဆာင္ေနေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဒုဝန္ႀကီး Evgeny Ivanov ၏ ေျပာဆို ခ်က္မ်ားကို ကိုးကားၿပီး ႏိုင္ငံပိုင္ TASS သတင္းေအဂ်င္စီက ေဖာ္ျပခဲ့သည္။

႐ုရွားႏိုင္ငံျခားေရးဒုဝန္ႀကီး Evgeny Ivanov က "႐ုရွားႏိုင္ငံဟာ ဗီဇာလုပ္ထုံးလုပ္နည္းေတြ ေျဖေလ်ာ့ဖို႔ အိႏၵိယ အျပင္ အင္ဂိုလာ၊ ဗီယက္နမ္၊ အင္ဒိုနီးရွား၊ ဆီးရီးယား နဲ႔ ဖိလစ္ပိုင္ႏိုင္ငံတို႔နဲ႔အတူ လက္တြဲ လုပ္‌ေဆာင္ေနပါတယ္" ဟု ေျပာဆိုခဲ့သည္။

ေဆာ္ဒီအာေရးဗ်၊ ဘာေဘးေဒါ့စ္၊ ေဟတီ၊ ဇမ္ဘီယာ၊ ကူဝိတ္၊ မေလးရွား၊ မကၠဆီကို ႏွင့္ ထရီနီဒက္ အပါအဝင္ ႏိုင္ငံေပါင္း (၁၁)ႏိုင္ငံ ႏွင့္ ဗီဇာကင္းလြတ္ခြင့္ဆိုင္ရာ သေဘာတူညီခ်က္မ်ားကို ႐ုရွားဖက္က ျပင္ဆင္ေနေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဒုဝန္ႀကီး Evgeny Ivanov က ေျပာဆိုခဲ့သည္။ ၿပီးခဲ့သည့္ႏွစ္ ေဖေဖာ္ဝါရီလတြင္ ယူကရိန္းကို စတင္က်ဴးေက်ာ္တိုက္ခိုက္ခဲ့ၿပီးေနာက္ ႐ုရွားသည္ တ႐ုတ္၊ အိႏၵိယ၊ အာဖရိကႏိုင္ငံမ်ား ႏွင့္ ပိုမိုနီးကပ္ေသာ ဆက္ဆံေရးမ်ား ထူေထာင္ရန္ ႀကိဳးပမ္းခဲ့ေၾကာင္းလည္း သိရသည္။ အေမရိကန္၊ ဂ်ပန္ ႏွင့္ ဥေရာပသမဂၢ တို႔သည္ ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္မႈမ်ားႏွင့္ပတ္သက္ၿပီး ႐ုရွားကို ျပစ္တင္ရႈတ္ခ်ကာ ပိတ္ဆို႔အေရးယူမႈမ်ားကို ခ်မွတ္ခဲ့ေသာ္လည္း တ႐ုတ္ႏွင့္ အိႏၵိယႏိုင္ငံတို႔က ပိတ္ဆို႔အေရးယူမႈမ်ား လုပ္ေဆာင္ရန္ ျငင္းဆိုခဲ့ေၾကာင္း သိရသည္။

ထို႔အျပင္ အိႏၵိယႏိုင္ငံသည္ ႐ုရွားႏိုင္ငံ ထြက္ေရနံဝယ္ယူမႈမ်ားကို သိသိသာသာတိုးျမႇင့္ခဲ့ၿပီး ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္မႈမ်ားႏွင့္ပတ္သက္၍ ႐ုရွားကို အျပစ္တင္ရန္ ျငင္းဆိုခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.