သေနတ်ဖြင့် ပစ်ခတ်၍ မော်တော်ယာဉ်တစ်စီးအား လုယက်မှု မူဆယ်မြို့နယ်တွင်ဖြစ်ပွား

663

Pearl (NP News) - မတ် ၁ဝ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်တွင် သေနတ်ဖြင့် ပစ်ခတ်၍ CROWN မော်တော်ယာဉ်တစ်စီးအား လုယက်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ (၇)ရက်၊ ညနေ (၅)နာရီ၊ (၅ဝ)မိနစ်အချိန်ခန့်တွင် မူဆယ်မြို့နယ်၊ ဟိုနောင်ကျေးရွာအနီး၌ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်နေ ကိုကျန်းစွန့်ရန်(၂၃)နှစ်သည် ပန်ဆိုင်း(ကြူကုတ်)မြို့မှ မူဆယ်မြို့သို့ 5J/1516 CROWN ယာဉ်ဖြင့် တစ်ဦးတည်းပြန်လာစဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ပြန်လာစဉ် အခင်းဖြစ်နေရာအရောက်၌ လားရာတူနောက်မှ လိုက်ပါလာသည့် မော်တော်ယာဉ် (၂) စီးက ၎င်းအား ကျော်တက်၍ ရှေ့မှပိတ်ရပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသား (၄) ဦးသည် မော်တော်ယာဉ်ပေါ်မှ ဆင်းလာပြီး ကိုကျန်းစွန့်ရန်အား သေနတ်ဖြင့် ပစ်ခတ်ကာ ၎င်းမောင်းနှင်လာသည့် 5J/1516 CROWN ယာဉ်အား လုယက် မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ပစ်ခတ်မှုကြောင့် ကိုကျန်းစွန့်ရန်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသနိုင်ရန်အတွက် ၎င်းအား လားရှိုးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူများအား ဖော်ထုတ်၍ ထိရောက်စွာ အရေးယူနိုင်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
zawgyi version
ေသနတ္ျဖင့္ ပစ္ခတ္၍ ေမာ္ေတာ္ယာဥ္တစ္စီးအား လုယက္မႈ မူဆယ္ၿမိဳ႕နယ္တြင္ျဖစ္ပြား
Pearl (NP News) - မတ္ ၁ဝ
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မူဆယ္ၿမိဳ႕နယ္တြင္ ေသနတ္ျဖင့္ ပစ္ခတ္၍ CROWN ေမာ္ေတာ္ယာဥ္တစ္စီးအား လုယက္သြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ မတ္လ (၇)ရက္၊ ညေန (၅)နာရီ၊ (၅ဝ)မိနစ္အခ်ိန္ခန႔္တြင္ မူဆယ္ၿမိဳ႕နယ္၊ ဟိုေနာင္ေက်း႐ြာအနီး၌ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
မူဆယ္ၿမိဳ႕၊ စြမ္ေစာ္ရပ္ကြက္ေန ကိုက်န္းစြန႔္ရန္(၂၃)ႏွစ္သည္ ပန္ဆိုင္း(ၾကဴကုတ္)ၿမိဳ႕မွ မူဆယ္ၿမိဳ႕သို႔ 5J/1516 CROWN ယာဥ္ျဖင့္ တစ္ဦးတည္းျပန္လာစဥ္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ျပန္လာစဥ္ အခင္းျဖစ္ေနရာအေရာက္၌ လားရာတူေနာက္မွ လိုက္ပါလာသည့္ ေမာ္ေတာ္ယာဥ္ (၂) စီးက ၎အား ေက်ာ္တက္၍ ေရွ႕မွပိတ္ရပ္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ေသနတ္ကိုင္ေဆာင္ထားသည့္ အမ်ိဳးသား (၄) ဦးသည္ ေမာ္ေတာ္ယာဥ္ေပၚမွ ဆင္းလာၿပီး ကိုက်န္းစြန္႔ရန္အား ေသနတ္ျဖင့္ ပစ္ခတ္ကာ ၎ေမာင္းႏွင္လာသည့္ 5J/1516 CROWN ယာဥ္အား လုယက္ ေမာင္းႏွင္ထြက္ေျပးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။
ပစ္ခတ္မႈေၾကာင့္ ကိုက်န္းစြန႔္ရန္တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိခဲ့ၿပီး ေဆးကုသႏိုင္ရန္အတြက္ ၎အား လားရႈိးၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။
အထက္ပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္၍ ထိေရာက္စြာ အေရးယူႏိုင္ရန္အတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။