ပေါက်မြို့တွင် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး မူလတန်းကျောင်းအတွင်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

1596

NP News - မတ် ၁ဝ
မကွေးတိုင်း၊ ပေါက်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။
နစကမှ မတ်လ(၉)ရက်ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ဖြစ်စဥ်မှာ မတ်လ(၉)ရက်၊ နံနက်(၁ဝ)နာရီအချိန်ခန့်တွင် ပေါက်မြို့၊ ညောင်ဝင်းမြောက်ကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဥ်မှာ ပေါက်မြို့နယ်အတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့သည် ညောင်ဝင်းမြောက် ကျေးရွာ၏ မြောက်ဘက်မီတာ(၃ဝဝ)ခန့်အကွာသို့ အရောက်တွင် PDF များက ညောင်ဝင်းမြောက်ကျေးရွာ၏ စာသင်ကျောင်းအနီးမှ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း နစကမှ ဆိုထားသည်။
ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး PDF များသည် ကျေးရွာ၏ အနောက်တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ညောင်ဝင်းကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းအတွင်းမှ အကြမ်းဖက်များ သိုဝှက်သိမ်းဆည်းထားသည့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများတွင် လက်လုပ်သေနတ်(၁ဝ)လက်၊ လက်လုပ်မိုင်း(၁၄)လုံး၊ လက်လုပ်ကျည်အိမ် (၃)ခု၊ ကျည်မျိုးစုံ(၈၈)တောင့်၊ လက်လုပ်ဗုံးသီး(၁၈)လုံး၊ ဝရိန်စက်တစ်လုံး၊ ကျောက်ဖြတ်စက်တစ်လုံး၊ လွန်စက်တစ်လုံး၊ ဒီတိုနေတာ(၃)ခု၊ ဆိုင်ကယ်(၆)စီးနှင့် ဆက်စပ်ပစ္စည်းများ၊ ဆီ(၁ဝ) ပိဿာနှင့် ဆန်ခြောက်အိတ် ပါဝင်ကြောင်း နစကမှ ဆိုထားသည်။
လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်နေပြီး သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
ေပါက္ၿမိဳ႕တြင္ အျပန္အလွန္ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့ၿပီး မူလတန္းေက်ာင္းအတြင္းမွ လက္နက္ခဲယမ္းမ်ား သိမ္းဆည္းရမိ
NP News - မတ္ ၁ဝ
မေကြးတိုင္း၊ ေပါက္ၿမိဳ႕တြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ PDF မ်ားၾကား အျပန္အလွန္ ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိ သည္။
နစကမွ မတ္လ(၉)ရက္ညပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ျဖစ္စဥ္မွာ မတ္လ(၉)ရက္၊ နံနက္(၁ဝ)နာရီအခ်ိန္ခန႔္တြင္ ေပါက္ၿမိဳ႕၊ ေညာင္ဝင္းေျမာက္ေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ ျဖစ္စဥ္မွာ ေပါက္ၿမိဳ႕နယ္အတြင္း လုံၿခဳံေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနသည့္ လုံၿခဳံေရးတပ္ဖြဲ႕သည္ ေညာင္ဝင္းေျမာက္ ေက်း႐ြာ၏ ေျမာက္ဘက္မီတာ(၃ဝဝ)ခန႔္အကြာသို႔ အေရာက္တြင္ PDF မ်ားက ေညာင္ဝင္းေျမာက္ေက်း႐ြာ၏ စာသင္ေက်ာင္းအနီးမွ လက္နက္ငယ္မ်ားျဖင့္ စတင္ပစ္ခတ္ခဲ့ေၾကာင္း နစကမွ ဆိုထားသည္။
ထို႔ေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ျပန္လည္ပစ္ခတ္တိုက္ခိုက္ခဲ့ရာ အျပန္အလွန္ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့ၿပီး PDF မ်ားသည္ ေက်း႐ြာ၏ အေနာက္ေတာင္ဘက္သို႔ ဆုတ္ခြာထြက္ေျပးသြားေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ေနာက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လုံၿခဳံေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္ခဲ့ရာ ေညာင္ဝင္းေက်း႐ြာရွိ အေျခခံပညာ မူလတန္းေက်ာင္းအတြင္းမွ အၾကမ္းဖက္မ်ား သိုဝွက္သိမ္းဆည္းထားသည့္ လက္နက္ခဲယမ္းမ်ား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
သိမ္းဆည္းရမိခဲ့သည့္ လက္နက္ခဲယမ္းမ်ားတြင္ လက္လုပ္ေသနတ္(၁ဝ)လက္၊ လက္လုပ္မိုင္း(၁၄)လုံး၊ လက္လုပ္က်ည္အိမ္ (၃)ခု၊ က်ည္မ်ိဳးစုံ(၈၈)ေတာင့္၊ လက္လုပ္ဗုံးသီး(၁၈)လုံး၊ ဝရိန္စက္တစ္လုံး၊ ေက်ာက္ျဖတ္စက္တစ္လုံး၊ လြန္စက္တစ္လုံး၊ ဒီတိုေနတာ(၃)ခု၊ ဆိုင္ကယ္(၆)စီးႏွင့္ ဆက္စပ္ပစၥည္းမ်ား၊ ဆီ(၁ဝ) ပိႆာႏွင့္ ဆန္ေျခာက္အိတ္ ပါဝင္ေၾကာင္း နစကမွ ဆိုထားသည္။
လက္ရွိတြင္ လုံၿခဳံေရးတပ္ဖြဲ႕မ်ားက နယ္ေျမလုံၿခဳံေရးကို တိုးျမႇင့္ေဆာင္႐ြက္ေနၿပီး သိမ္းဆည္းရမိခဲ့သည့္ လက္နက္ခဲယမ္းမ်ားကို လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။