မြင်းခြံမြို့နယ်တွင် အမျိုးသားတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

 887

Pearl (NP News) - မတ် ၁ဝ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အမျိုးသားတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ (၇)ရက်၊ ည (၆) နာရီ၊ (၅ဝ) မိနစ်အချိန်ခန့်တွင် မြင်းခြံမြို့နယ်၊ စံပြကျေးရွာ ၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စံပြကျေးရွာတွင် နေထိုင်သော ဦးအောင်ကိုဝင်းသည် ၎င်း၏နေအိမ်အရှေ့ဘက်ကပ်လျက်ရှိ ဖခင်ဖြစ်သူ ဦးဝင်းရွှေ၏ နေအိမ်ခြံဝင်းအတွင်း ရေမော်တာဖြင့် ရေတင်နေစဉ် အကြမ်းဖက်အမျိုးသား (၂) ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာကြောင်း သိရသည်။

ထိုသို့ ‌ရောက်ရှိလာခဲ့ပြီး ဦးအောင်ကိုဝင်းအားသေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

ထို့ပြင် အဆိုပါနေ့ နေ့လည် (၁၂)နာရီ အချိန်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ မင်းကုန်းကျေးရွာလမ်းခွဲအနီး၌ ဓားဒဏ်ရာများရရှိကာ အမျိုးသားတစ်ဦးသေဆုံးနေခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အဆိုပါကျေးရွာတွင်နေထိုင်သော ဦးငြိမ်းမောင်(၄၄)နှစ်သည် ကျွဲကျောင်းရန် ၎င်း၏နေအိမ်မှ မင်းကုန်းကျေးရွာအနီးရှိ လယ်တဲသို့ တစ်ဦးတည်းထွက်ခွာလာစဉ် အခင်းဖြစ်နေရာအရောက်၌ အကြမ်းဖက်သမားများက ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ သတ်ဖြတ်ခံရမှုကြောင့် ဦးငြိမ်းမောင်တွင် ဓားဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ ကျူးလွန်သူများအား ဖော်ထုတ်၍ ထိရောက်စွာ အရေးယူနိုင်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ျမင္းၿခံၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦးေသနတ္ျဖင့္ပစ္သတ္ခံရ

Pearl (NP News) - မတ္ ၁ဝ

မႏၲေလးတိုင္း၊ ျမင္းၿခံၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦးေသနတ္ျဖင့္ပစ္သတ္ခံရေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ မတ္လ (၇)ရက္၊ ည (၆) နာရီ၊ (၅ဝ) မိနစ္အခ်ိန္ခန႔္တြင္ ျမင္းၿခံၿမိဳ႕နယ္၊ စံျပေက်း႐ြာ ၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

စံျပေက်း႐ြာတြင္ ေနထိုင္ေသာ ဦးေအာင္ကိုဝင္းသည္ ၎၏ေနအိမ္အေရွ႕ဘက္ကပ္လ်က္ရွိ ဖခင္ျဖစ္သူ ဦးဝင္းေ႐ႊ၏ ေနအိမ္ၿခံဝင္းအတြင္း ေရေမာ္တာျဖင့္ ေရတင္ေနစဥ္ အၾကမ္းဖက္အမ်ိဳးသား (၂) ဦးက ဆိုင္ကယ္တစ္စီးျဖင့္ ေရာက္ရွိလာေၾကာင္း သိရသည္။

ထိုသို႔ ‌ေရာက္ရွိလာခဲ့ၿပီး ဦးေအာင္ကိုဝင္းအားေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသြားခဲ့သျဖင့္ ၎တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

ထို႔ျပင္ အဆိုပါေန႔ ေန႔လည္ (၁၂)နာရီ အခ်ိန္ခန႔္တြင္ သပိတ္က်င္းၿမိဳ႕နယ္၊ မင္းကုန္းေက်း႐ြာလမ္းခြဲအနီး၌ ဓားဒဏ္ရာမ်ားရရွိကာ အမ်ိဳးသားတစ္ဦးေသဆုံးေနခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

အဆိုပါေက်း႐ြာတြင္ေနထိုင္ေသာ ဦးၿငိမ္းေမာင္(၄၄)ႏွစ္သည္ ကြၽဲေက်ာင္းရန္ ၎၏ေနအိမ္မွ မင္းကုန္းေက်း႐ြာအနီးရွိ လယ္တဲသို႔ တစ္ဦးတည္းထြက္ခြာလာစဥ္ အခင္းျဖစ္ေနရာအေရာက္၌ အၾကမ္းဖက္သမားမ်ားက ဓားမ်ားျဖင့္ ဝိုင္းဝန္းထိုးခုတ္သတ္ျဖတ္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ သတ္ျဖတ္ခံရမႈေၾကာင့္ ဦးၿငိမ္းေမာင္တြင္ ဓားဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာတြင္ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အထက္ပါျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္၍ ထိေရာက္စြာ အေရးယူႏိုင္ရန္အတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Picture

L Mone

10/03/2023 15:25

L Mone 10/03/2023 15:17 ပြည်ပသွားပြီး ကျွန်ခံအလုပ်လုပ်ကြရတာပါ စိတ်နာကြရမှာက ပြည်သူရော အစိုးရရော အီးအေအိုတွေရောပါပဲ နော် ။အလုပ်သွားလုပ်နေသူကလည်း ကျွန်စိတ်ဓါတ်က မပျောက်ကြဘူး အော် ငါတို့နိုင်ငံ မတိုးတက်ရတာ မညီညွတ်လို့ အုပ်စုဖွဲ့ ရန်ဖြစ်နေလို့ဆိုတာ မတွေးတတ်ကြဘူး..တိုင်းပြည်ပိုပြီး ဆူပူအောင် ကျွန်လုပ်လို့ရတဲ့ငွေနဲ့ စစ်ဖြစ်အောင် ထပ်လုပ်နေကြတယ် အစိုးရတွေကလည်း ပြည်ပက ပြည်သူတွေကို အမြင်မှန်ရအောင် ညီညွတ်တတ်ကြအောင် မလုပ်တတ်ကြဘူး။ အီးအေအို ဆိုသူတွေကလည်း ကျွန်လုပ်လို့ရတဲ့ငွေတွေကို မစာမနာ အမျိူးမျိူးသော အနုနည်း အကြမ်းနည်းတွေနဲ့ သူများချွေးနဲစာနဲ့ တိုင်းပြည်ကို ပြန်ပြီးစစ်ပွဲတွေဆင်နွှုဲကြသေးတယ်ဗျာ...။စည်းလုံးခြင်းတန်ဖိုးလည်းမသိ ရန်ဖြစ်ခြင်း အကျိူးလည်းမသိ ရန်တိုက်ခံနေရခြင်းလည်း မသိ မြှောက်ပေးမှန်းလည်း မရိပ်စားမိ ကြ တော်တော် လဒူ လအ ဆန်ပြီး စိတ်ဓါတ်က မြောင်းထဲမှာပဲ ပျော်နေပြီး လမ်းမပေါ်မရောက် ကလေးကလားဆန်ဆန် လုပ်နေကြတာ စဥ်းစားကြည့်ရရင် အဖြေစစ်စစ်က မြောင်းနေလူတန်းစားများ ငရှဥ့်များလို့ပင် နာမည်ပြောင် တတ်ပေးလိုက်ချင်ပေတော့၏။ငါးရှဥ့်တွေကို ငါးရှဥ့်တွေ လမ်းေဘးမြောင်းထဲက ငါးရှဥ့်အုပ်စုတွေ....ဘယ်လိုများ လုပ်စားနေကြအုံးမလား စဥ်းစားရင်း တွေးရင်းနဲ့

Related news

© 2021. All rights reserved.