(၂)နှစ်အတွင်း ပြည်ပနိုင်ငံ(၈ဝ)ကျော်တွင် အလုပ်လုပ်နိုင်ရန် OWIC ကတ်ဖြင့် အလုပ်သမား (၂၁ဝဝဝဝ) ကျော်ကို စေလွှတ်ခဲ့ဟုဆို

 591

ယွန်း (NP News) - မတ် ၁ဝ

၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်မှ ၂ဝ၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်အထိ (၂)နှစ်ကြာကာလအတွင်း ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ရန် OWIC ကတ်ဖြင့် အလုပ်သမား(၂၁ဝဝဝဝ)ကျော်ကို စေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က မတ်လ(၉)ရက်တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ (၈)မိုင်ရှိ အလုပ်သမားညွှန်ကြား‌ရေးဦးစီးဌာန တိုင်းဒေသကြီးရုံးတွင် OWIC ကတ်ထုတ်ပေးနေမှုကို သွားရောက်ကြည့်ရှုစဥ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ပအလုပ်အကိုင်ရှာဖွေသူများအနေဖြင့် ပြည်ပအလုပ်အကိုင် အမျိုးအစားအလိုက်ရရှိခဲ့သည့် အတွေ့ အကြုံနှင့် နည်းပညာများကို ပြည်တွင်း၌ ပြန်လည်အသုံးချနိုင်ရန် ဆောင်ရွက်သင့်ကြောင်းလည်း ဒုဝန် ကြီးက တိုက်တွန်းပြောဆိုထားသည်။

ထို့ပြင် အခက်အခဲရှိပါက ပြည်ပရှိ မြန်မာနိုင်ငံ သံရုံးများ၊ အလုပ်သမားသံအရာရှိများနှင့် ဆက်သွယ်ဆောင်ရွက်ရန်လိုကြောင်း ၎င်းက ဆက်လက်ပြောခဲ့သည်။

ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်မည့်သူများအတွက် ပြည်ပအလုပ်အကိုင် အလုပ်သမားသက် သေခံကတ်ပြား(OWIC)များကို မတ်လ(၆)ရက်မှစပြီး ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ (၈)မိုင်ရှိ အလုပ် သမားညွှန်ကြားမှူဦးစီးဌာနတွင် ပြောင်းလဲထုတ်ပေးခဲ့ခြင်းဖြစ်သည်။

၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်မှ ၂ဝ၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၈)ရက်အထိ အေဂျင်စီအစီအစဥ် အပါ အဝင် မိမိအစီအစဥ်ဖြင့် ပြည်ပနိုင်ငံ(၈၂)နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား (၂၁၆ဝဝဝ)ကျော်ကို OWIC ကတ်ဖြင့် စေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။

၎င်းတို့အ‌နက်မှ (၂ဝ၈၂ဝဝ)ဦးတွင် ထိုင်းနိုင်ငံသို့ (၁၂ဝဝဝဝ)ကျော်၊ စင်ကာပူနိုင်ငံသို့ (၂၄ဝဝဝ)ကျော်၊ ကိုရီးယားနိုင်ငံသို့ (၈၈ဝဝ)ကျော်၊ ဂျပန်နိုင်ငံသို့ (၁၅၅ဝဝ)ကျော်နှင့် မလေးရှားနိုင်ငံသို့ (၃၉၉ဝဝ)ကျော် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ကြောင်းသိရသည်။

zawgyi version
(၂)ႏွစ္အတြင္း ျပည္ပႏိုင္ငံ(၈ဝ)ေက်ာ္တြင္ အလုပ္လုပ္ႏိုင္ရန္ OWIC ကတ္ျဖင့္ အလုပ္သမား (၂၁ဝဝဝဝ) ေက်ာ္ကို ေစလႊတ္ခဲ့ဟုဆို

ယြန္း (NP News) - မတ္ ၁ဝ

၂ဝ၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ(၁)ရက္မွ ၂ဝ၂၃ ခုႏွစ္၊ ေဖေဖာ္ဝါရီလ(၁၈)ရက္အထိ (၂)ႏွစ္ၾကာကာလအတြင္း ျပည္ပႏိုင္ငံမ်ားတြင္ အလုပ္လုပ္ရန္ OWIC ကတ္ျဖင့္ အလုပ္သမား(၂၁ဝဝဝဝ)ေက်ာ္ကို ေစလႊတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

အလုပ္သမားဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဝင္းရွိန္က မတ္လ(၉)ရက္တြင္ ရန္ကုန္ၿမိဳ႕၊ မရမ္းကုန္းၿမိဳ႕နယ္၊ (၈)မိုင္ရွိ အလုပ္သမားၫႊန္ၾကား‌ေရးဦးစီးဌာန တိုင္းေဒသႀကီး႐ုံးတြင္ OWIC ကတ္ထုတ္ေပးေနမႈကို သြားေရာက္ၾကည့္ရႈစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ျပည္ပအလုပ္အကိုင္ရွာေဖြသူမ်ားအေနျဖင့္ ျပည္ပအလုပ္အကိုင္ အမ်ိဳးအစားအလိုက္ရရွိခဲ့သည့္ အေတြ႕ အႀကဳံႏွင့္ နည္းပညာမ်ားကို ျပည္တြင္း၌ ျပန္လည္အသုံးခ်ႏိုင္ရန္ ေဆာင္႐ြက္သင့္ေၾကာင္းလည္း ဒုဝန္ ႀကီးက တိုက္တြန္းေျပာဆိုထားသည္။

ထို႔ျပင္ အခက္အခဲရွိပါက ျပည္ပရွိ ျမန္မာႏိုင္ငံ သံ႐ုံးမ်ား၊ အလုပ္သမားသံအရာရွိမ်ားႏွင့္ ဆက္သြယ္ေဆာင္႐ြက္ရန္လိုေၾကာင္း ၎က ဆက္လက္ေျပာခဲ့သည္။

ျပည္ပႏိုင္ငံမ်ားသို႔ သြားေရာက္အလုပ္လုပ္မည့္သူမ်ားအတြက္ ျပည္ပအလုပ္အကိုင္ အလုပ္သမားသက္ ေသခံကတ္ျပား(OWIC)မ်ားကို မတ္လ(၆)ရက္မွစၿပီး ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္၊ (၈)မိုင္ရွိ အလုပ္ သမားၫႊန္ၾကားမႉဦးစီးဌာနတြင္ ေျပာင္းလဲထုတ္ေပးခဲ့ျခင္းျဖစ္သည္။

၂ဝ၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ(၁)ရက္မွ ၂ဝ၂၃ ခုႏွစ္၊ ေဖေဖာ္ဝါရီလ(၂၈)ရက္အထိ ေအဂ်င္စီအစီအစဥ္ အပါ အဝင္ မိမိအစီအစဥ္ျဖင့္ ျပည္ပႏိုင္ငံ(၈၂)ႏိုင္ငံတြင္ သြားေရာက္အလုပ္လုပ္ကိုင္ေနသည့္ အလုပ္သမား (၂၁၆ဝဝဝ)ေက်ာ္ကို OWIC ကတ္ျဖင့္ ေစလႊတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

၎တို႔အ‌နက္မွ (၂ဝ၈၂ဝဝ)ဦးတြင္ ထိုင္းႏိုင္ငံသို႔ (၁၂ဝဝဝဝ)ေက်ာ္၊ စင္ကာပူႏိုင္ငံသို႔ (၂၄ဝဝဝ)ေက်ာ္၊ ကိုရီးယားႏိုင္ငံသို႔ (၈၈ဝဝ)ေက်ာ္၊ ဂ်ပန္ႏိုင္ငံသို႔ (၁၅၅ဝဝ)ေက်ာ္ႏွင့္ မေလးရွားႏိုင္ငံသို႔ (၃၉၉ဝဝ)ေက်ာ္သြား ေရာက္ အလုပ္လုပ္ကိုင္ခဲ့ေၾကာင္းသိရသည္။

Picture

L Mone

10/03/2023 15:17

ပြည်ပသွားပြီး ကျွန်ခံအလုပ်လုပ်ကြရတာပါ စိတ်နာကြရမှာက ပြည်သူရော အစိုးရရော အီးအေအိုတွေရောပါပဲ နော် ။အလုပ်သွားလုပ်နေသူကလည်း ကျွန်စိတ်ဓါတ်က မပျောက်ကြဘူး အော် ငါတို့နိုင်ငံ မတိုးတက်ရတာ မညီညွတ်လို့ အုပ်စုဖွဲ့ ရန်ဖြစ်နေလို့ဆိုတာ မတွေးတတ်ကြဘူး..တိုင်းပြည်ပိုပြီး ဆူပူအောင် ကျွန်လုပ်လို့ရတဲ့ငွေနဲ့ စစ်ဖြစ်အောင် ထပ်လုပ်နေကြတယ် အစိုးရတွေကလည်း ပြည်ပက ပြည်သူတွေကို အမြင်မှန်ရအောင် ညီညွတ်တတ်ကြအောင် မလုပ်တတ်ကြဘူး။ အီးအေအို ဆိုသူတွေကလည်း ကျွန်လုပ်လို့ရတဲ့ငွေတွေကို မစာမနာ အမျိူးမျိူးသော အနုနည်း အကြမ်းနည်းတွေနဲ့ သူများချွေးနဲစာနဲ့ တိုင်းပြည်ကို ပြန်ပြီးစစ်ပွဲတွေဆင်နွှုဲကြသေးတယ်ဗျာ...။စည်းလုံးခြင်းတန်ဖိုးလည်းမသိ ရန်ဖြစ်ခြင်း အကျိူးလည်းမသိ ရန်တိုက်ခံနေရခြင်းလည်း မသိ မြှောက်ပေးမှန်းလည်း မရိပ်စားမိ ကြ တော်တော် လဒူ လအ ဆန်ပြီး စိတ်ဓါတ်က မြောင်းထဲမှာပဲ ပျော်နေပြီး လမ်းမပေါ်မရောက် ကလေးကလားဆန်ဆန် လုပ်နေကြတာ စဥ်းစားကြည့်ရရင် မြောင်းနေလူတန်းစားများ ငရှဥ့်များလို့ပင် နာမည်ပြောင် တတ်ပေးလိုက်ချင်ပေတော့၏။

Related news

© 2021. All rights reserved.