ဝက်လက်မြို့နယ်ရှိ သံကူသစ်သားတံတားအား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

 560

Pearl (NP News) - မတ် ၁ဝ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ သံကူသစ်သားတံတားအား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း နစကထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ (၈)ရက်၊ နံနက် (၁၁)နာရီ၊ (၁ဝ)မိနစ်အချိန်ခန့်တွင် ဝက်လက်မြို့နယ် ရုံးသာကျေးရွာအနီး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါရုံးသာကျေးရွာအနီး ဝက်လက်-ရုံးသာကျေးရွာသွား မြေသားကားလမ်းရှိ သံကူသစ်သားတံတား/ ပြွန်ကြီးတံတားအား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း နကစမှဆိုသည်။

ထိုသို့ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် တံတားတစ်စင်းလုံး မီးလောင်ပျက်စီး ဆုံးရှုံးသွားခဲ့ပြီး မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ သွားလာ၍မရကြောင်း သိရသည်။

လက်ရှိတွင် ပျက်စီးသွားသည့်တံတားအား တာဝန်ရှိသူများက ပြန်လည်ပြင်ဆင်နိုင်ရန်ဆောင်ရွက်နေပြီး ဖြစ်စဉ်အား ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
ဝက္လက္ၿမိဳ႕နယ္ရွိ သံကူသစ္သားတံတားအား အၾကမ္းဖက္သမားမ်ားက မီးရႈိ႕ဖ်က္ဆီး
Pearl (NP News) - မတ္ ၁ဝ

စစ္ကိုင္းတိုင္း၊ ဝက္လက္ၿမိဳ႕နယ္ရွိ သံကူသစ္သားတံတားအား အၾကမ္းဖက္သမားမ်ားက မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း နစကထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ မတ္လ (၈)ရက္၊ နံနက္ (၁၁)နာရီ၊ (၁ဝ)မိနစ္အခ်ိန္ခန႔္တြင္ ဝက္လက္ၿမိဳ႕နယ္ ႐ုံးသာေက်း႐ြာအနီး ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

အဆိုပါ႐ုံးသာေက်း႐ြာအနီး ဝက္လက္-႐ုံးသာေက်း႐ြာသြား ေျမသားကားလမ္းရွိ သံကူသစ္သားတံတား/ ႁပြန္ႀကီးတံတားအား အၾကမ္းဖက္သမားမ်ားက မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း နကစမွဆိုသည္။

ထိုသို႔ အၾကမ္းဖက္သမားမ်ားက မီးရႈိ႕ဖ်က္ဆီးခဲ့သျဖင့္ တံတားတစ္စင္းလုံး မီးေလာင္ပ်က္စီး ဆုံးရႈံးသြားခဲ့ၿပီး ေမာ္ေတာ္ယာဥ္ႏွင့္ ဆိုင္ကယ္မ်ား သြားလာ၍မရေၾကာင္း သိရသည္။

လက္ရွိတြင္ ပ်က္စီးသြားသည့္တံတားအား တာဝန္ရွိသူမ်ားက ျပန္လည္ျပင္ဆင္ႏိုင္ရန္ေဆာင္႐ြက္ေနၿပီး ျဖစ္စဥ္အား က်ဴးလြန္ခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ေဖာ္ထုတ္ဖမ္းဆီးအေရးယူႏိုင္ရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.