မြေပြင်လူဦးရေစာရင်း ကောက်ယူရန်ကျန်ရှိနေသည့်နယ်မြေများကို နည်းလမ်းမျိုးစုံသုံးကာ ဆက်လက်ကောက်ယူမည်ဟုဆို

 435

မျိုးကြီး (NP News) - မတ် ၁ဝ

မြေပြင်လူဦးရေစာရင်း ကောက်ယူရန် ကျန်ရှိနေသည့်နယ်မြေများကို နည်းလမ်းမျိုးစုံသုံးကာ ဆက်လက်ကောက်ယူသွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ပြောသည်။

ယခုရက်ပိုင်းအတွင်း ဝန်ကြီးဌာနရုံး၌ ပြုလုပ်သော မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးတွင် ဝန်ကြီးဦးမြင့်ကြိုင်က အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ် သည်။

မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းများ၌ နိုင်ငံသားကတ်မရှိသူ များ၊ အိမ်ထောင်စု စာရင်းပုံစံအလွတ်ဖြင့် ကောက်ယူထားသည့် ယာယီနေထိုင်သူများအနက် အသက် (၁၆)နှစ်နှင့်အထက် ရှိသူများတွင် နိုင်ငံသားကတ်မရှိသေးသူများအား ဥပဒေနှင့်အညီ ကတ်ပြားများထုတ်ပေးခြင်းကို ဆက်လက်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဝန်ကြီးက ဆိုသည်။

ထို့ပြင် မဲပေးရန် အသက်ပြည့်မီသည့် မဲပေးပိုင်ခွင့်ရှိသူ လူဦးရေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ၂ဝ၂၃ ခုနှစ် မတ်လအတွင်းပေးပို့ရန် လျာထားခဲ့သော်လည်း နယ်မြေဒေသအခြေအနေအရ မပြီးပြတ်သေးကြောင်းလည်း ဝန်ကြီးဦးမြင့်ကြိုင်က အသိပေးပြောဆိုထားသည်။

ထို့ကြောင့် အကြောင်းအမျိုးမျိုးဖြင့် သတ်မှတ်ကာလအတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရန် ကျန်ရှိနေသည့် နယ်မြေဒေသများကိုလည်း နည်းလမ်းမျိုးစုံအသုံးပြုကာ အကြားအလပ်မရှိ ဆက်လက်ကောက်ယူသွားမည်ဖြစ်ကြောင်း ၎င်းက အသိပေးပြောဆိုထားသည်။

ထိုသို့ ကောက်ယူမှသာ တိကျမှန်ကန်သော လူဦးရေစာရင်းများကို ရရှိမည်ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူစာရင်းကိုလည်း မှန်မှန်ကန်ကန်ပြုစုနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးဦးမြင့်ကြိုင်က ပြောသည်။

တစ်နိုင်ငံလုံး၌ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူခြင်းကို ယခုနှစ် ဇန်နဝါရီလ ၉ ရက်မှ ဇန်နဝါရီလ ၃၁ ရက်အထိ ဆောင်ရွက်ခဲ့သည်။

ထိုသို့ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူခဲ့ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (၈၆) ရာခိုင်နှုန်းကျော်သာ ကောက်ယူနိုင်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ဆိုထားသည်။

၎င်းကဲ့သို့ မြေပြင်လူဦးရေစာရင်းကောက်ယူစဉ်အချိန်တွင် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည့် နိုင်ငံ့ဝန်ထမ်းများရှိခဲ့သကဲ့သို့ လဝကရုံးအဆောက်အဦးများသည်လည်း မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည်။

zawgyi version
ေျမျပင္လူဦးေရစာရင္း ေကာက္ယူရန္က်န္ရွိေနသည့္နယ္ေျမမ်ားကို နည္းလမ္းမ်ိဳးစုံသုံးကာ ဆက္လက္ေကာက္ယူမည္ဟုဆို

မ်ိဳးႀကီး (NP News) - မတ္ ၁ဝ

ေျမျပင္လူဦးေရစာရင္း ေကာက္ယူရန္ က်န္ရွိေနသည့္နယ္ေျမမ်ားကို နည္းလမ္းမ်ိဳးစုံသုံးကာ ဆက္လက္ေကာက္ယူသြားမည္ဟု လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာနက ေျပာသည္။

ယခုရက္ပိုင္းအတြင္း ဝန္ႀကီးဌာန႐ုံး၌ ျပဳလုပ္ေသာ ေျမျပင္ကြင္းဆင္းစာရင္းေကာက္ယူေရးႀကီးၾကပ္မႈဗဟိုေကာ္မတီအစည္းအေဝးတြင္ ဝန္ႀကီးဦးျမင့္ႀကိဳင္က အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္ သည္။

ေျမျပင္ကြင္းဆင္းစာရင္း ေကာက္ယူခဲ့သည့္ အိမ္ေထာင္စုလူဦးေရစာရင္းမ်ား၌ ႏိုင္ငံသားကတ္မရွိသူ မ်ား၊ အိမ္ေထာင္စု စာရင္းပုံစံအလြတ္ျဖင့္ ေကာက္ယူထားသည့္ ယာယီေနထိုင္သူမ်ားအနက္ အသက္ (၁၆)ႏွစ္ႏွင့္အထက္ ရွိသူမ်ားတြင္ ႏိုင္ငံသားကတ္မရွိေသးသူမ်ားအား ဥပေဒႏွင့္အညီ ကတ္ျပားမ်ားထုတ္ေပးျခင္းကို ဆက္လက္ေဆာင္႐ြက္ေပးရန္ လိုအပ္ေၾကာင္း ဝန္ႀကီးက ဆိုသည္။

ထို႔ျပင္ မဲေပးရန္ အသက္ျပည့္မီသည့္ မဲေပးပိုင္ခြင့္ရွိသူ လူဦးေရစာရင္းကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္သို႔ ၂ဝ၂၃ ခုႏွစ္ မတ္လအတြင္းေပးပို႔ရန္ လ်ာထားခဲ့ေသာ္လည္း နယ္ေျမေဒသအေျခအေနအရ မၿပီးျပတ္ေသးေၾကာင္းလည္း ဝန္ႀကီးဦးျမင့္ႀကိဳင္က အသိေပးေျပာဆိုထားသည္။

ထို႔ေၾကာင့္ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ သတ္မွတ္ကာလအတြင္း ေျမျပင္ကြင္းဆင္းစာရင္းေကာက္ယူရန္ က်န္ရွိေနသည့္ နယ္ေျမေဒသမ်ားကိုလည္း နည္းလမ္းမ်ိဳးစုံအသုံးျပဳကာ အၾကားအလပ္မရွိ ဆက္လက္ေကာက္ယူသြားမည္ျဖစ္ေၾကာင္း ၎က အသိေပးေျပာဆိုထားသည္။

ထိုသို႔ ေကာက္ယူမွသာ တိက်မွန္ကန္ေသာ လူဦးေရစာရင္းမ်ားကို ရရွိမည္ျဖစ္ၿပီး မဲေပးပိုင္ခြင့္ရွိသူစာရင္းကိုလည္း မွန္မွန္ကန္ကန္ျပဳစုႏိုင္မည္ျဖစ္ေၾကာင္း ဝန္ႀကီးဦးျမင့္ႀကိဳင္က ေျပာသည္။

တစ္ႏိုင္ငံလုံး၌ ေျမျပင္လူဦးေရစာရင္း ကြင္းဆင္းေကာက္ယူျခင္းကို ယခုႏွစ္ ဇန္နဝါရီလ ၉ ရက္မွ ဇန္နဝါရီလ ၃၁ ရက္အထိ ေဆာင္႐ြက္ခဲ့သည္။

ထိုသို႔ ေျမျပင္လူဦးေရစာရင္း ကြင္းဆင္းေကာက္ယူခဲ့ရာတြင္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ (၈၆) ရာခိုင္ႏႈန္းေက်ာ္သာ ေကာက္ယူႏိုင္ခဲ့ေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာနက ဆိုထားသည္။

၎ကဲ့သို႔ ေျမျပင္လူဦးေရစာရင္းေကာက္ယူစဥ္အခ်ိန္တြင္ လုပ္ႀကံသတ္ျဖတ္ျခင္းခံခဲ့ရသည့္ ႏိုင္ငံ့ဝန္ထမ္းမ်ားရွိခဲ့သကဲ့သို႔ လဝက႐ုံးအေဆာက္အဦးမ်ားသည္လည္း မီးရႈိ႕ဖ်က္ဆီးျခင္းခံခဲ့ရသည္။

Related news

© 2021. All rights reserved.