ဘင်းမ်စတက် လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ၏ ဦးဆောင်နိုင်ငံအဖြစ် မြန်မာကတာဝန်ယူ‌ထား

 612

ယွန်း (NP News) - မတ် ၁ဝ

ဘင်းမ်စတက် လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ၏ ဦးဆောင်နိုင်ငံအဖြစ် မြန်မာနိုင်ငံက တာဝန်ယူထားကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က မတ်လ(၉)ရက်တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည့် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဘင်းမ်စတက် လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ၏ ဦးဆောင်နိုင်ငံအဖြစ် မြန်မာနိုင်ငံက တာဝန်ယူထားကြောင်း ဒုဝန်ကြီးက ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက်အတွင်းရေးမှူးရုံးနှင့် ညှိနှိုင်းပြီး ဘင်းမ်စတက်လယ်ယာစိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစီမံချက်(၂ဝ၂၃-၂ဝ၂၇) ကို ပြုစုရေးဆွဲပြီး ဖြစ်ကြောင်း သိရသည်။

၂ဝ၂၂ ခုနှစ်၊ နိုင်ဝင်ဘာလ(၁ဝ)ရက်တွင် ဒုတိယအကြိမ်မြောက် ဘင်းမ်စတက်စိုက်ပျိုးရေးဝန်ကြီးများ အစည်းအဝေးက အဆိုပါ လုပ်ငန်းစီမံချက်အား အတည်ပြုခဲ့ကြောင်း ဒုဝန်ကြီးက ဆက်လက်ပြောဆိုခဲ့သည်။

ထို့ပြင် ဘင်းမ်စတက် မူ‌ဘောင်အောက်ရှိ ကတိကဝတ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားရန်လိုကြောင်း ဒုဝန်ကြီး ဦးကျော်မျိုးထွဋ်က အသိပေးပြောဆိုထားသည်။

အလားတူ ဘင်းမ်စတက်ပဋိညာဥ်စာတမ်းတွင် ပြဋ္ဌာန်းထားသည့် အခြေခံမူများကိုလည်း ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံအားလုံးက အလေးထားလိုက်နာရန် အရေးကြီးကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။

zawgyi version
ဘင္းမ္စတက္ လယ္ယာစိုက္ပ်ိဳးေရးႏွင့္ စားနပ္ရိကၡာဖူလုံေရးက႑၏ ဦးေဆာင္ႏိုင္ငံအျဖစ္ ျမန္မာကတာဝန္ယူ‌ထား

ယြန္း (NP News) - မတ္ ၁ဝ

ဘင္းမ္စတက္ လယ္ယာစိုက္ပ်ိဳးေရးႏွင့္ စားနပ္ရိကၡာဖူလုံေရးက႑၏ ဦးေဆာင္ႏိုင္ငံအျဖစ္ ျမန္မာႏိုင္ငံက တာဝန္ယူထားေၾကာင္း သိရသည္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေက်ာ္မ်ိဳးထြဋ္က မတ္လ(၉)ရက္တြင္ ဗီဒီယိုကြန္ဖရင့္စနစ္ျဖင့္ က်င္းပခဲ့သည့္ ဘင္းမ္စတက္ႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

လက္ရွိတြင္ ဘင္းမ္စတက္ လယ္ယာစိုက္ပ်ိဳးေရးႏွင့္ စားနပ္ရိကၡာဖူလုံေရးက႑၏ ဦးေဆာင္ႏိုင္ငံအျဖစ္ ျမန္မာႏိုင္ငံက တာဝန္ယူထားေၾကာင္း ဒုဝန္ႀကီးက ဆိုသည္။

ျမန္မာႏိုင္ငံအေနျဖင့္ ဘင္းမ္စတက္အတြင္းေရးမႉး႐ုံးႏွင့္ ညႇိႏႈိင္းၿပီး ဘင္းမ္စတက္လယ္ယာစိုက္ပ်ိဳးေရး ပူးေပါင္းေဆာင္႐ြက္မႈ လုပ္ငန္းစီမံခ်က္(၂ဝ၂၃-၂ဝ၂၇) ကို ျပဳစုေရးဆြဲၿပီး ျဖစ္ေၾကာင္း သိရသည္။

၂ဝ၂၂ ခုႏွစ္၊ ႏိုင္ဝင္ဘာလ(၁ဝ)ရက္တြင္ ဒုတိယအႀကိမ္ေျမာက္ ဘင္းမ္စတက္စိုက္ပ်ိဳးေရးဝန္ႀကီးမ်ား အစည္းအေဝးက အဆိုပါ လုပ္ငန္းစီမံခ်က္အား အတည္ျပဳခဲ့ေၾကာင္း ဒုဝန္ႀကီးက ဆက္လက္ေျပာဆိုခဲ့သည္။

ထို႔ျပင္ ဘင္းမ္စတက္ မူ‌ေဘာင္ေအာက္ရွိ ကတိကဝတ္မ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို တိုးျမႇင့္သြားရန္လိုေၾကာင္း ဒုဝန္ႀကီး ဦးေက်ာ္မ်ိဳးထြဋ္က အသိေပးေျပာဆိုထားသည္။

အလားတူ ဘင္းမ္စတက္ပဋိညာဥ္စာတမ္းတြင္ ျပ႒ာန္းထားသည့္ အေျခခံမူမ်ားကိုလည္း ဘင္းမ္စတက္အဖြဲ႕ဝင္ႏိုင္ငံအားလုံးက အေလးထားလိုက္နာရန္ အေရးႀကီးေၾကာင္း ၎ကဆက္လက္ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.