တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနေစဉ် စာသင်ကျောင်းအား Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်မှု တောင်သာမြို့တွင်ဖြစ်ပွား

1782

Pearl (NP News) - မတ် ၁ဝ
မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ကျောင်းသား/သူများ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနေစဉ် စာသင်ကျောင်းအား Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ (၈) ရက်၊ နံနက်(၁၁)နာရီခွဲအချိန်ခန့်တွင် တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဇရပ်ကြီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား (၅) ဦး၊ ကျောင်းသူ (၂၃) ဦး စုစုပေါင်း (၂၈) ဦးတို့ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုလျက်ရှိစဉ် အကြမ်းဖက်အဖွဲ့က Drone ယာဉ်ဖြင့် ဗုံး(၂)လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုံးသီးများသည် ကျောင်းဆောင်၏အရှေ့ဘက်နှင့် ကျောင်းဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး မျက်နှာကျက်နှင့် မှန်တံခါးများ အနည်းငယ်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်းမရှိသောကြောင့် စာမေးပွဲအား ဆက်လက်ဖြေဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
zawgyi version
တကၠသိုလ္ဝင္ စာေမးပြဲေျဖဆိုေနစဥ္ စာသင္ေက်ာင္းအား Drop Bomb မ်ားျဖင့္ ပစ္ခ်တိုက္ခိုက္မႈ ေတာင္သာၿမိဳ႕တြင္ျဖစ္ပြား
Pearl (NP News) - မတ္ ၁ဝ
မႏၲေလးတိုင္း၊ ေတာင္သာၿမိဳ႕နယ္တြင္ ေက်ာင္းသား/သူမ်ား တကၠသိုလ္ဝင္ စာေမးပြဲေျဖဆိုေနစဥ္ စာသင္ေက်ာင္းအား Drop Bomb မ်ားျဖင့္ ပစ္ခ်တိုက္ခိုက္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ မတ္လ (၈) ရက္၊ နံနက္(၁၁)နာရီခြဲအခ်ိန္ခန႔္တြင္ ေတာင္သာၿမိဳ႕နယ္၊ ဇရပ္ႀကီးေက်း႐ြာ၌ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
ဇရပ္ႀကီးေက်း႐ြာရွိ အေျခခံပညာအထက္တန္းေက်ာင္းတြင္ ေက်ာင္းသား (၅) ဦး၊ ေက်ာင္းသူ (၂၃) ဦး စုစုေပါင္း (၂၈) ဦးတို႔ တကၠသိုလ္ဝင္ စာေမးပြဲေျဖဆိုလ်က္ရွိစဥ္ အၾကမ္းဖက္အဖြဲ႕က Drone ယာဥ္ျဖင့္ ဗုံး(၂)လုံး ပစ္ခ်တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ ဗုံးသီးမ်ားသည္ ေက်ာင္းေဆာင္၏အေရွ႕ဘက္ႏွင့္ ေက်ာင္းေဆာင္ေပၚသို႔ က်ေရာက္ေပါက္ကြဲခဲ့ၿပီး မ်က္ႏွာက်က္ႏွင့္ မွန္တံခါးမ်ား အနည္းငယ္ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိျခင္းမရွိေသာေၾကာင့္ စာေမးပြဲအား ဆက္လက္ေျဖဆိုခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။