ရန်ကုန် နှင့် တာချီလိတ်မြို့တို့က လေထုအရည်သွေးအဆိုးရွားဆုံးမြို့များအဖြစ် ရှိနေ

695

ဂျန်ဇက် (NP News) - မတ် ၁၁
မြန်မာနိုင်ငံရှိ တာချီလိတ်မြို့ နှင့် ရန်ကုန်မြို့တို့သည် လေထုအရည်အသွေးအဆိုးရွားဆုံးမြို့များအဖြစ်ရှိနေပြီး အဆိုပါ မြို့နှစ်မြို့၏ လေထုအရည်သွေးက ကျန်းမာရေးနှင့် မညီညွတ်သော အခြေအနေမျိုးတွင်ရှိနေကြောင်း https://Aqicn.org/country/myanmar/ ၏ မတ်လ ၁၁ ရက်၊ နံနက် ၁၁ နာရီ ဖော်ပြချက်အရသိရသည်။
တာချီလိတ်မြို့၏ လေထုအရည်သွေးရလဒ်သည် မတ်လ ၁၁ ရက်၊ နံနက် ၁၁ နာရီအထိတိုင်းတာချက်များအရ လေထုအရည်သွေး ရလဒ် ၂၄၁ တွင်ရှိနေပြီး ခရမ်းရောင်အဆင့်တွင်ရှိနေကြောင်းသိရသည်။ ထို့ပြင် ရန်ကုန်မြို့လေထုအရည်သွေးရလဒ်က မတ်လ ၁၁ ရက်၊ နံနက် ၁၁ နာရီအထိ တိုင်းတာချက်များအရ လေထုအရည်သွေး ရလဒ် ၁၇၁ တွင်ရှိနေပြီး အနီရောင်အဆင့်တွင်ရှိနေကြောင်သိရသည်။
Aqicn သည် ကမ္ဘာတဝှမ်းတွင် လေထုတိုင်းတာရေး စက်များထားရှိကာ ကမ္ဘာ့နိုင်ငံပေါင်း ၁ဝဝ ကျော် ၏ လေထုအရည်သွေးကို နေ့စဉ်စောင့်ကြည့်ကာ သတ်မှတ်ဖော်ပြခြင်းဖြစ်သည်။ အဆိုပါလေထုအရည်သွေးကို PM2.5 နှင့် PM10 ပါဝင်မှုအနည်းအများကိုတိုင်းတာခြင်း၊ အိုဇုန်း (O3)၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်(NO2)ဆာလ်ဖာဒိုင်အောက်ဆိုက် (SO2) နှင့်ကာဗွန်မိုနော့ဆိုက် (CO)ထုတ်လွှတ်မှုအပေါ်အခြေခံပြီး တိုင်းတာသတ်မှတ်ခြင်းဖြစ်ကြောင်းသိရသည်။ လေထုအရည်အသွေးညွှန်းကိန်း (AQI) အဆင့်သတ်မှတ်ရာအဆင့် ၆ ဆင့်ရှိပြီး ရလဒ် ဝ မှ ၅ဝ အထိ ကောင်းမွန်တဲ့အခြေအနေ (အစိမ်းရောင်)၊၅၁ မှ ၁ဝဝ အထိ အလယ်အလတ်အဆင့်(အဝါရောင်)၊ ၁ဝ၁ မှ ၁၅ဝ အထိ ထိလွယ်ရှလွယ်သော ပုဂ္ဂိုလ်များကျန်းမာရေးသတိထားရမည့်အခြေအနေ(လိမ္မော်ရောင်)၊ ၁၅၁ မှ ၂ဝဝ အထိ ကိုကျန်းမာရေးနှင့် မညီညွတ်သော အခြေအနေ (အနီရောင်)၊ ၂ဝ၁ မှ ၃ဝဝ အထိ အလွန်ဆိုး ရွားသောအဆင့်(ခရမ်းရောင်)၊ ၃ဝ၁ မှ ၅ဝဝ အထိ အန္တရာယ်များတဲ့အဆင့်(အနီရင့်ရောင်)ဆိုပြီး အဆင့်ခြောက်ဆင့်သတ်မှတ်ထားကြောင်းသိရသည်။
တာချီလိတ်မြို့၏ လေထုအရည်သွေးရလဒ်ပိုင်းသည် အလွန်ဆိုးရွားသောအဆင့်(ခရမ်းရောင်)အဆင့်မျိုးဖြစ်ကြောင်းသိရသည်။ ထို့ပြင် ရန်ကုန်မြို့လေထုအရည်သွေးရလဒ်သည် ၁၅၈ တွင်ရှိနေရာ ကျန်း မာရေးနှင့် မညီညွတ်သော အခြေအနေ အနီရောင် အဆင့်အဖြစ် သတ်မှတ်ဖော်ပြခြင်းခံထားရကြောင်းသိရသည်။
တာချီလိတ်မြို့နှင့်နယ်စပ်ချင်းထိစပ်နေသော ထိုင်းနိုင်ငံနယ်စပ်မြို့များတွင် တောမီးလောင်ကျွမ်းမှုများကြောင့် မီးခိုးများ ပျံ့နှံ့အုပ်ဆိုင်းနေရာ တာချီလိတ်မြို့ကို သက်ရောက်မှုများရှိလာစေခဲ့ကြောင်းသိရသည်။ ထိုင်းနိုင်ငံတွင် တောမီးလောင်ကျွမ်းမှုကြောင့် မြို့များနှင့်နယ်စပ်မြို့များတွင် လေထုညစ်ညမ်းမှုများ ပိုမိုဖြစ်ပွားလျက်ရှိနေကြောင်းသိရသည်။

zawgyi version
ရန္ကုန္ ႏွင့္ တာခ်ီလိတ္ၿမိဳ႕တို႔က ေလထုအရည္ေသြးအဆိုး႐ြားဆုံးၿမိဳ႕မ်ားအျဖစ္ ရွိေန
ဂ်န္ဇက္ (NP News) - မတ္ ၁၁
ျမန္မာႏိုင္ငံရွိ တာခ်ီလိတ္ၿမိဳ႕ ႏွင့္ ရန္ကုန္ၿမိဳ႕တို႔သည္ ေလထုအရည္အေသြးအဆိုး႐ြားဆုံးၿမိဳ႕မ်ားအျဖစ္ရွိေနၿပီး အဆိုပါ ၿမိဳ႕ႏွစ္ၿမိဳ႕၏ ေလထုအရည္ေသြးက က်န္းမာေရးႏွင့္ မညီၫြတ္ေသာ အေျခအေနမ်ိဳးတြင္ရွိေနေၾကာင္း https://Aqicn.org/country/myanmar/ ၏ မတ္လ ၁၁ ရက္၊ နံနက္ ၁၁ နာရီ ေဖာ္ျပခ်က္အရသိရသည္။
တာခ်ီလိတ္ၿမိဳ႕၏ ေလထုအရည္ေသြးရလဒ္သည္ မတ္လ ၁၁ ရက္၊ နံနက္ ၁၁ နာရီအထိတိုင္းတာခ်က္မ်ားအရ ေလထုအရည္ေသြး ရလဒ္ ၂၄၁ တြင္ရွိေနၿပီး ခရမ္းေရာင္အဆင့္တြင္ရွိေနေၾကာင္းသိရသည္။ ထို႔ျပင္ ရန္ကုန္ၿမိဳ႕ေလထုအရည္ေသြးရလဒ္က မတ္လ ၁၁ ရက္၊ နံနက္ ၁၁ နာရီအထိ တိုင္းတာခ်က္မ်ားအရ ေလထုအရည္ေသြး ရလဒ္ ၁၇၁ တြင္ရွိေနၿပီး အနီေရာင္အဆင့္တြင္ရွိေနေၾကာင္သိရသည္။
Aqicn သည္ ကမာၻတဝွမ္းတြင္ ေလထုတိုင္းတာေရး စက္မ်ားထားရွိကာ ကမာၻ႔ႏိုင္ငံေပါင္း ၁ဝဝ ေက်ာ္ ၏ ေလထုအရည္ေသြးကို ေန႔စဥ္ေစာင့္ၾကည့္ကာ သတ္မွတ္ေဖာ္ျပျခင္းျဖစ္သည္။ အဆိုပါေလထုအရည္ေသြးကို PM2.5 ႏွင့္ PM10 ပါဝင္မႈအနည္းအမ်ားကိုတိုင္းတာျခင္း၊ အိုဇုန္း (O3)၊ ႏိုက္ထ႐ိုဂ်င္ဒိုင္ေအာက္ဆိုက္(NO2)ဆာလ္ဖာဒိုင္ေအာက္ဆိုက္ (SO2) ႏွင့္ကာဗြန္မိုေနာ့ဆိုက္ (CO)ထုတ္လႊတ္မႈအေပၚအေျခခံၿပီး တိုင္းတာသတ္မွတ္ျခင္းျဖစ္ေၾကာင္းသိရသည္။ ေလထုအရည္အေသြးၫႊန္းကိန္း (AQI) အဆင့္သတ္မွတ္ရာအဆင့္ ၆ ဆင့္ရွိၿပီး ရလဒ္ ဝ မွ ၅ဝ အထိ ေကာင္းမြန္တဲ့အေျခအေန (အစိမ္းေရာင္)၊၅၁ မွ ၁ဝဝ အထိ အလယ္အလတ္အဆင့္(အဝါေရာင္)၊ ၁ဝ၁ မွ ၁၅ဝ အထိ ထိလြယ္ရွလြယ္ေသာ ပုဂၢိဳလ္မ်ားက်န္းမာေရးသတိထားရမည့္အေျခအေန(လိေမၼာ္ေရာင္)၊ ၁၅၁ မွ ၂ဝဝ အထိ ကိုက်န္းမာေရးႏွင့္ မညီၫြတ္ေသာ အေျခအေန (အနီေရာင္)၊ ၂ဝ၁ မွ ၃ဝဝ အထိ အလြန္ဆိုး ႐ြားေသာအဆင့္(ခရမ္းေရာင္)၊ ၃ဝ၁ မွ ၅ဝဝ အထိ အႏၲရာယ္မ်ားတဲ့အဆင့္(အနီရင့္ေရာင္)ဆိုၿပီး အဆင့္ေျခာက္ဆင့္သတ္မွတ္ထားေၾကာင္းသိရသည္။
တာခ်ီလိတ္ၿမိဳ႕၏ ေလထုအရည္ေသြးရလဒ္ပိုင္းသည္ အလြန္ဆိုး႐ြားေသာအဆင့္(ခရမ္းေရာင္)အဆင့္မ်ိဳးျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ ရန္ကုန္ၿမိဳ႕ေလထုအရည္ေသြးရလဒ္သည္ ၁၅၈ တြင္ရွိေနရာ က်န္း မာေရးႏွင့္ မညီၫြတ္ေသာ အေျခအေန အနီေရာင္ အဆင့္အျဖစ္ သတ္မွတ္ေဖာ္ျပျခင္းခံထားရေၾကာင္းသိရသည္။
တာခ်ီလိတ္ၿမိဳ႕ႏွင့္နယ္စပ္ခ်င္းထိစပ္ေနေသာ ထိုင္းႏိုင္ငံနယ္စပ္ၿမိဳ႕မ်ားတြင္ ေတာမီးေလာင္ကြၽမ္းမႈမ်ားေၾကာင့္ မီးခိုးမ်ား ပ်ံ႕ႏွံ႔အုပ္ဆိုင္းေနရာ တာခ်ီလိတ္ၿမိဳ႕ကို သက္ေရာက္မႈမ်ားရွိလာေစခဲ့ေၾကာင္းသိရသည္။ ထိုင္းႏိုင္ငံတြင္ ေတာမီးေလာင္ကြၽမ္းမႈေၾကာင့္ ၿမိဳ႕မ်ားႏွင့္နယ္စပ္ၿမိဳ႕မ်ားတြင္ ေလထုညစ္ညမ္းမႈမ်ား ပိုမိုျဖစ္ပြားလ်က္ရွိေနေၾကာင္းသိရသည္။