ဧရာဝတီတိုင်းတွင် မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဟု ဝန်ကြီးချုပ်ပြော

565

ရဲပြည့် (NP News) - မတ် ၁၂
ဧရာဝတီတိုင်းဒေသကြီးတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၏ ပြောကြားချက်များအရ သိရသည်။
၂ဝ၂၃ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိင်းအစည်းအဝေးအား မတ်လ ၁ဝ ရက်က ကျင်းပခဲ့ရာတွင် ဝန်ကြီးချုပ်က အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
"မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ပြည်သူတွေ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် ကမ်းနားလမ်းတလျှောက် ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်မှာဖြစ်ပါတယ်။ ပြည်သူများအန္တရာယ်ကင်းစွာ ရေကစားနိုင်ရေး ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးနဲ့ လုံခြုံရေးကိစ္စရပ်တွေကိုလည်း အလေးထား ဆောင်ရွက်ရမှာဖြစ်ပါတယ်"ဟု ဝန်ကြီးချုပ်က ပြောသည်။
ထို့ပြင် ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးအဖွဲ့များ ပါဝင်ယှဉ်ပြိုင် ဖျော်ဖြေသွားမည်ဖြစ်ပြီး ပြည်သူများအေးချမ်း ပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် ရေစုဆောင်းမှု၊ သိုလှောင်မှု၊ သုံးစွဲမှုများအား အစီအမံများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

zawgyi version
ဧရာဝတီတိုင္းတြင္ မဟာသၾကၤန္ပြဲေတာ္အား စည္ကားသိုက္ၿမိဳက္စြာ က်င္းပမည္ဟု ဝန္ႀကီးခ်ဳပ္ေျပာ
ရဲျပည့္ (NP News) - မတ္ ၁၂
ဧရာဝတီတိုင္းေဒသႀကီးတြင္ ျမန္မာ့႐ိုးရာယဥ္ေက်းမႈ မဟာသၾကၤန္ပြဲေတာ္အား စည္ကားသိုက္ၿမိဳက္စြာ က်င္းပမည္ျဖစ္ေၾကာင္း ဧရာဝတီတိုင္းဝန္ႀကီးခ်ဳပ္ ဦးတင္ေမာင္ဝင္း၏ ေျပာၾကားခ်က္မ်ားအရ သိရသည္။
၂ဝ၂၃ ခုႏွစ္တြင္ ဧရာဝတီတိုင္းေဒသႀကီးအတြင္း ျမန္မာ့႐ိုးရာယဥ္ေက်းမႈ မဟာသၾကၤန္ပြဲေတာ္အား စည္ကားသိုက္ၿမိဳက္စြာ က်င္းပႏိုင္ေရးအတြက္ လုပ္ငန္းညႇိႏွိင္းအစည္းအေဝးအား မတ္လ ၁ဝ ရက္က က်င္းပခဲ့ရာတြင္ ဝန္ႀကီးခ်ဳပ္က အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
"ျမန္မာ့႐ိုးရာယဥ္ေက်းမႈ မဟာသၾကၤန္ပြဲေတာ္ကို ျပည္သူေတြ ပါဝင္ဆင္ႏႊဲႏိုင္ေရးအတြက္ ကမ္းနားလမ္းတေလွ်ာက္ က်င္းပႏိုင္ေရး ျပင္ဆင္ေဆာင္႐ြက္မွာျဖစ္ပါတယ္။ ျပည္သူမ်ားအႏၲရာယ္ကင္းစြာ ေရကစားႏိုင္ေရး ယာဥ္လမ္းအႏၲရာယ္ကင္းရွင္းေရးနဲ႔ လုံၿခဳံေရးကိစၥရပ္ေတြကိုလည္း အေလးထား ေဆာင္႐ြက္ရမွာျဖစ္ပါတယ္"ဟု ဝန္ႀကီးခ်ဳပ္က ေျပာသည္။
ထို႔ျပင္ ယိမ္းအဖြဲ႕မ်ား၊ ေဖ်ာ္ေျဖေရးအဖြဲ႕မ်ား ပါဝင္ယွဥ္ၿပိဳင္ ေဖ်ာ္ေျဖသြားမည္ျဖစ္ၿပီး ျပည္သူမ်ားေအးခ်မ္း ေပ်ာ္႐ႊင္စြာ ေရကစားႏိုင္ေရးအတြက္ ေရစုေဆာင္းမႈ၊ သိုေလွာင္မႈ၊ သုံးစြဲမႈမ်ားအား အစီအမံမ်ား ခ်မွတ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။