ဖားကန့်မြို့နယ် ဝန်ထမ်းအိမ်ယာရှိ လက်ထောက်မြို့နယ်မှူးအား အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ဝင်ရောက်ပစ်သတ်

 1174

NP News - မတ် ၁၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝန်ထမ်းအိမ်ယာရှိ လက်ထောက်မြို့နယ်မှူးအား အကြမ်းဖက်အမျိုးသားနှစ်ဦး က သေနတ်ဖြင့် ဝင်ရောက်ပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(မတ် ၁၂ ရက်) နေ့လည် ၁ နာရီအချိန်ခန့်တွင် ဖားကန့်မြို့နယ်၊ ဝန်ထမ်းအိမ်ယာဝင်းအတွင်း အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာရှိ သတင်းအရင်းအမြစ်က NP News ကို ပြောသည်။

အိမ်ယာဝန်းအတွင်းရှိ အခန်းတစ်ခန်း၌ လဝက လက်ထောက်မြို့နယ်မှူးဦးလွင်မြင့်သည် ၎င်း၏ ဇနီးဖြစ်သူ နှင့် အတူ ရှိနေစဉ်အချိန်တွင် အမျိုးသား(၂)ဦးမှ ဝင်ရောက်လာကာ သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

“နေ့ခင်း ၁ နာရီမှာ လဝကဝန်ထမ်းအိမ်ရာထဲကို ဝင်ပြီးတော့ အကြမ်းဖက်အဖွဲ့က လက်ထောက်မြို့နယ်မှူး ဦးလွင်မြင့်ကို ဝင်ပစ်သွားတာ။ လင်မယားနှစ်ယောက်ရှိနေတဲ့အချိန်မှာ ဦးခေါင်းတည့်တည့်ကို နှစ်ချက် ပစ်သွား တာပေါ့။ ဝန်ထမ်း အိမ်ရာက လမ်းနဲ့ ၁ဝ ပေလောက်ပဲ ကွာတယ်။ ဦးလွင်မြင့်ကတော့ နေရာမှာပဲ ဆုံးသွားတယ်” ဟု အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် လက်ထောက်မြို့နယ်မှူးဖြစ်သူ ဦးလွင်မြင့်သည် ဦးခေါင်း၌ သေနတ်ဒဏ်ရာ နှစ်ချက် ရရှိခဲ့ကာ နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

Zawgyi Version;
ဖားကန႔္ၿမိဳ႕နယ္ ဝန္ထမ္းအိမ္ယာရွိ လက္ေထာက္ၿမိဳ႕နယ္မႉးအား အမ်ိဳးသားႏွစ္ဦးက ေသနတ္ျဖင့္ ဝင္ေရာက္ပစ္သတ္
NP News - မတ္ ၁၂

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ ဝန္ထမ္းအိမ္ယာရွိ လက္ေထာက္ၿမိဳ႕နယ္မႉးအား အၾကမ္းဖက္အမ်ိဳးသားႏွစ္ဦး က ေသနတ္ျဖင့္ ဝင္ေရာက္ပစ္သတ္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(မတ္ ၁၂ ရက္) ေန႔လည္ ၁ နာရီအခ်ိန္ခန႔္တြင္ ဖားကန႔္ၿမိဳ႕နယ္၊ ဝန္ထမ္းအိမ္ယာဝင္းအတြင္း အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း အခင္းျဖစ္ပြားရာေနရာရွိ သတင္းအရင္းအျမစ္က NP News ကို ေျပာသည္။

အိမ္ယာဝန္းအတြင္းရွိ အခန္းတစ္ခန္း၌ လဝက လက္ေထာက္ၿမိဳ႕နယ္မႉးဦးလြင္ျမင့္သည္ ၎၏ ဇနီးျဖစ္သူ ႏွင့္ အတူ ရွိေနစဥ္အခ်ိန္တြင္ အမ်ိဳးသား(၂)ဦးမွ ဝင္ေရာက္လာကာ ေသနတ္ျဖင့္ ပစ္ခတ္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

“ေန႔ခင္း ၁ နာရီမွာ လဝကဝန္ထမ္းအိမ္ရာထဲကို ဝင္ၿပီးေတာ့ အၾကမ္းဖက္အဖြဲ႕က လက္ေထာက္ၿမိဳ႕နယ္မႉး ဦးလြင္ျမင့္ကို ဝင္ပစ္သြားတာ။ လင္မယားႏွစ္ေယာက္ရွိေနတဲ့အခ်ိန္မွာ ဦးေခါင္းတည့္တည့္ကို ႏွစ္ခ်က္ ပစ္သြား တာေပါ့။ ဝန္ထမ္း အိမ္ရာက လမ္းနဲ႔ ၁ဝ ေပေလာက္ပဲ ကြာတယ္။ ဦးလြင္ျမင့္ကေတာ့ ေနရာမွာပဲ ဆုံးသြားတယ္” ဟု အထက္ပါသတင္းအရင္းအျမစ္က ေျပာသည္။

ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ လက္ေထာက္ၿမိဳ႕နယ္မႉးျဖစ္သူ ဦးလြင္ျမင့္သည္ ဦးေခါင္း၌ ေသနတ္ဒဏ္ရာ ႏွစ္ခ်က္ ရရွိခဲ့ကာ ေနရာတြင္ပင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

Picture

Taw Ka

12/03/2023 20:21

အိမ်ယာထဲမှာ သတင်းပေးရှိတာဖြစ်နိုင်တယ်

Related news

© 2021. All rights reserved.