ဖန်ယောင်နှင့် ထိုးသတ်မည့် ပွဲတွင် အတွေ့အကြုံက အဆုံးအဖြတ်ပေးမည်ဟု အောင်လအန်ဆန် ပြော

 1050

Pika (NP News) - မတ် ၁၂

တရုတ်နိုင်ငံသား ဖန်ယောင်နှင့် မေလ(၅)ရက်တွင် ထိုးသတ်မည့်ပွဲမှာ ၎င်း၏အတွေ့အကြုံများက ပွဲကို အဆုံး အဖြတ်ပေးသွားနိုင်မည်ဟု ယုံကြည်ကြောင်း အောင်လအန်ဆန်က ပြောဆိုခဲ့သည်။

ONE Fight Night 10 ပွဲစဥ်တွင် မြန်မာစပါးအုံးမြွေဟု တင်စားခံထားရသော အောင်လအန်ဆန်သည် King Kong Warrior ဟု တင်စားခံထားရသော တရုတ်တိုက်ခိုက်ရေးသမား ဖန်ယောင်နှင့် ယှဥ်ပြိုင်ထိုးသတ်မည် ဖြစ်ကြောင်း လည်း သိရသည်။ အဆိုပါပွဲစဥ်ကို အမေရိကန်နိုင်ငံ ကိုလိုရာဒိုမြို့ရှိ 1stBank Center တွင် ကျင်းပမည်ဖြစ် ကြောင်းလည်း သိရသည်။

(၁၄)ပွဲတိတိ အနိုင်ရရှိထားသော ဖန်ယောင်သည် Vitaly Bigdash နှင့်ထိုးသတ်ခဲ့သည့်ပွဲတွင် တတိယအချီတွင် ရှုံးနိမ့်ခဲ့ပြီးနောက် အောင်လအန်ဆန်နှင့် ထိုးသတ်မည့်ပွဲတွင် အနိုင်ရရှိရန် မျှော်လင့်နေကြောင်းလည်း သိရသည်။

အောင်လအန်ဆန် က "လေးစားစွာနဲ့ပဲ ဖန်ယောင်မှာ အတွေ့အကြုံ အများကြီးရှိတယ်လို့ မထင်ပါဘူး။ ဒီအားကစားမှာ ကျွန်‌တော်က ဝါရင့်ဖိုက်တာ တစ်ယောက်ဖြစ်တယ်ဆိုတာ လူတိုင်း သိပါတယ်။ ကောင်းမွန်တဲ့ တိုက်ခိုက်ရေးအရည်အချင်းတွေနဲ့ ဖန်ယောင်ကို အကောင်းဆုံး ယှဥ်ပြိုင်ထိုးသတ်နိုင်မယ်လို့ ကျွန်‌တော် ထင်ပါတယ်။ ဒါပေမယ့် ဖန်ယောင်ကို လျှော့တွက်လို့တော့ မရပါဘူး။ ဒီအားကစားမှာ ဘယ်သူ့ကိုမှ လျှော့တွက်လို့ မရပါဘူး" ဟု ပြောဆိုခဲ့သည်။

အသက်(၂၉)နှစ်အရွယ် ဖန်ယောင်သည် ထိုးသတ်ခဲ့သည့်ပွဲ (၁၇)ပွဲတွင် (၁၄)ပွဲအနိုင်ရရှိထားပြီး (၃)ပွဲသာ ရှုံးနိမ့် ထားကြောင်းလည်း သိရသည်။ အသက်(၃၇)နှစ်အရွယ် အောင်လအန်ဆန်သည် ပွဲပေါင်း(၄ဝ)ကျော် ထိုးသတ်ထား ဖူးသူဖြစ်ပြီး အတွေ့အကြုံနှင့် ကျွမ်းကျင်မှုပိုင်းတွင် ဖန်ယောင်ထက်သာသည်ဟု ယုံကြည်ကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။

အောင်လအန်ဆန်သည် နောက်ဆုံးယှဥ်ပြိုင်ခဲ့သော ONE Championship ပွဲစဥ်နှစ်ပွဲတွင် ပြိုင်ဖက်များကို ပထမ အချီတွင် အလဲထိုးအနိုင်ယူနိုင်ခဲ့ပြီး ဖန်ယောင်နှင့်ပွဲတွင်လည်း အလဲထိုးအနိုင်ယူရန် မျှော်လင်ထားကြောင်း သိရသည်၊၊

Zawgyi Version;
ဖန္ေယာင္ႏွင့္ ထိုးသတ္မည့္ ပြဲတြင္ အေတြ႕အႀကဳံက အဆုံးအျဖတ္ေပးမည္ဟု ေအာင္လအန္ဆန္ ေျပာ
Pika (NP News) - မတ္ ၁၂

တ႐ုတ္ႏိုင္ငံသား ဖန္ေယာင္ႏွင့္ ေမလ(၅)ရက္တြင္ ထိုးသတ္မည့္ပြဲမွာ ၎၏အေတြ႕အႀကဳံမ်ားက ပြဲကို အဆုံး အျဖတ္ေပးသြားႏိုင္မည္ဟု ယုံၾကည္ေၾကာင္း ေအာင္လအန္ဆန္က ေျပာဆိုခဲ့သည္။

ONE Fight Night 10 ပြဲစဥ္တြင္ ျမန္မာစပါးအုံးေႁမြဟု တင္စားခံထားရေသာ ေအာင္လအန္ဆန္သည္ King Kong Warrior ဟု တင္စားခံထားရေသာ တ႐ုတ္တိုက္ခိုက္ေရးသမား ဖန္ေယာင္ႏွင့္ ယွဥ္ၿပိဳင္ထိုးသတ္မည္ ျဖစ္ေၾကာင္း လည္း သိရသည္။ အဆိုပါပြဲစဥ္ကို အေမရိကန္ႏိုင္ငံ ကိုလိုရာဒိုၿမိဳ႕ရွိ 1stBank Center တြင္ က်င္းပမည္ျဖစ္ ေၾကာင္းလည္း သိရသည္။

(၁၄)ပြဲတိတိ အႏိုင္ရရွိထားေသာ ဖန္ေယာင္သည္ Vitaly Bigdash ႏွင့္ထိုးသတ္ခဲ့သည့္ပြဲတြင္ တတိယအခ်ီတြင္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ေအာင္လအန္ဆန္ႏွင့္ ထိုးသတ္မည့္ပြဲတြင္ အႏိုင္ရရွိရန္ ေမွ်ာ္လင့္ေနေၾကာင္းလည္း သိရသည္။

ေအာင္လအန္ဆန္ က "ေလးစားစြာနဲ႔ပဲ ဖန္ေယာင္မွာ အေတြ႕အႀကဳံ အမ်ားႀကီးရွိတယ္လို႔ မထင္ပါဘူး။ ဒီအားကစားမွာ ကြၽန္‌ေတာ္က ဝါရင့္ဖိုက္တာ တစ္ေယာက္ျဖစ္တယ္ဆိုတာ လူတိုင္း သိပါတယ္။ ေကာင္းမြန္တဲ့ တိုက္ခိုက္ေရးအရည္အခ်င္းေတြနဲ႔ ဖန္ေယာင္ကို အေကာင္းဆုံး ယွဥ္ၿပိဳင္ထိုးသတ္ႏိုင္မယ္လို႔ ကြၽန္‌ေတာ္ ထင္ပါတယ္။ ဒါေပမယ့္ ဖန္ေယာင္ကို ေလွ်ာ့တြက္လို႔ေတာ့ မရပါဘူး။ ဒီအားကစားမွာ ဘယ္သူ႔ကိုမွ ေလွ်ာ့တြက္လို႔ မရပါဘူး" ဟု ေျပာဆိုခဲ့သည္။

အသက္(၂၉)ႏွစ္အ႐ြယ္ ဖန္ေယာင္သည္ ထိုးသတ္ခဲ့သည့္ပြဲ (၁၇)ပြဲတြင္ (၁၄)ပြဲအႏိုင္ရရွိထားၿပီး (၃)ပြဲသာ ရႈံးနိမ့္ ထားေၾကာင္းလည္း သိရသည္။ အသက္(၃၇)ႏွစ္အ႐ြယ္ ေအာင္လအန္ဆန္သည္ ပြဲေပါင္း(၄ဝ)ေက်ာ္ ထိုးသတ္ထား ဖူးသူျဖစ္ၿပီး အေတြ႕အႀကဳံႏွင့္ ကြၽမ္းက်င္မႈပိုင္းတြင္ ဖန္ေယာင္ထက္သာသည္ဟု ယုံၾကည္ေၾကာင္းလည္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ေအာင္လအန္ဆန္သည္ ေနာက္ဆုံးယွဥ္ၿပိဳင္ခဲ့ေသာ ONE Championship ပြဲစဥ္ႏွစ္ပြဲတြင္ ၿပိဳင္ဖက္မ်ားကို ပထမ အခ်ီတြင္ အလဲထိုးအႏိုင္ယူႏိုင္ခဲ့ၿပီး ဖန္ေယာင္ႏွင့္ပြဲတြင္လည္း အလဲထိုးအႏိုင္ယူရန္ ေမွ်ာ္လင္ထားေၾကာင္း သိရသည္၊၊

Related news

© 2021. All rights reserved.