မြန်မာနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ ကူညီလှူဒါန်းပေးနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း ဖိလစ်ပိုင်လွှတ်တော်အမတ် ထုတ်ဖော်ပြောဆို

 871

ဂျန်ဇက် (NP News) - မတ် ၁၃

ဖိလစ်ပိုင်အစိုးရသည် သက်တမ်းကုန်ဆုံးခါနီးနေသော ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများကို မြန်မာနိုင်ငံသို့ ပေးပို့လှူဒါန်းရန် စီစဉ်ခဲ့သော်လည်း ပေးပို့ကူညီနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း ဖိလစ်ပိုင်လွှတ်တော် Blue Ribbon ကော်မတီဥက္ကဋ္ဌဖြစ်သော အမတ် Francis Tolentino က ထုတ်ဖော်ပြောဆိုလိုက်သည်။

ဖိလစ်ပိုင်နိုင်ငံသည် သက်တမ်းကုန်ဆုံးခါနီးနေသော ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါများကို ကူညီလှူဒါန်းရန် စီစဉ်ခဲ့သော်လည်း မြန်မာ အပါအဝင် နိုင်ငံအချို့က လက်ခံခြင်းမရှိခဲ့ကြောင်း ၎င်းက ပြောသည်။

ဖိလစ်ပိုင်နိုင်ငံတွင် ရှိနေသော ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ အနက် ၆ ဒသမ ၇၄ သန်း doses သည် ယခုလအတွင်း သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအလုံးရေ ၅ဝ ဒသမ ၇၄ သန်းခန့် အသုံးမပြုရဘဲ ဆေးအလေ့အလွင်များ ဖြစ်ရဖွယ်ရှိနေကြောင်း သိရသည်။

၎င်းက နိုင်ငံခြားရေးဝန်ကြီးဌာန(DFA) နှင့် ပူပေါင်းပြီး ပြီးခဲ့သောနှစ် သြဂုတ်လတွင် ကာကွယ်ဆေးများကူညီလှူဒါန်းရန် စီစဉ်ခဲ့ကြောင်း၊ သို့သော်လည်း နိုင်ငံအချို့ကို ကူညီပေးနိုင်ခြင်းမရှိခဲ့ကြောင်း ပြောသည်။

ဖိလစ်ပိုင်လွှတ်တော်အမတ် က "ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ် ဆေးများကို ကူညီလှူဒါန်းဖို့ကြိုးပမ်းခဲ့ပြီး၊ နိုင်ငံအချို့နဲ့ ဆွေးနွေးခဲ့တယ်။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံကို ကူညီလှူဒါန်းဖို့ ဆွေးနွေးခဲ့တယ်။ မြန်မာတာဝန်ရှိသူများနဲ့ တစ်လကျော်ကြာ ဆွေးနွေးခဲ့ပြီးနောက် မြန်မာအစိုးရတာဝန်ရှိသူများဟာ ကူညီလှူဒါန်းမှုများကို လက်မခံဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါ့အပြင် အခြားနိုင်ငံ ၄ နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေကိုလက်မခံဖို့ ဆုံးဖြတ်ခဲ့တယ်" ဟု ပြောသည်။

Zawgyi Version;
ျမန္မာႏိုင္ငံကို ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား ကူညီလႉဒါန္းေပးႏိုင္ခဲ့ျခင္းမရွိခဲ့ေၾကာင္း ဖိလစ္ပိုင္လႊတ္ေတာ္အမတ္ ထုတ္ေဖာ္ေျပာဆို
ဂ်န္ဇက္ (NP News) - မတ္ ၁၃

ဖိလစ္ပိုင္အစိုးရသည္ သက္တမ္းကုန္ဆုံးခါနီးေနေသာ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးမ်ားကို ျမန္မာႏိုင္ငံသို႔ ေပးပို႔လႉဒါန္းရန္ စီစဥ္ခဲ့ေသာ္လည္း ေပးပို႔ကူညီႏိုင္ခဲ့ျခင္းမရွိခဲ့ေၾကာင္း ဖိလစ္ပိုင္လႊတ္ေတာ္ Blue Ribbon ေကာ္မတီဥကၠ႒ျဖစ္ေသာ အမတ္ Francis Tolentino က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

ဖိလစ္ပိုင္ႏိုင္ငံသည္ သက္တမ္းကုန္ဆုံးခါနီးေနေသာ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါမ်ားကို ကူညီလႉဒါန္းရန္ စီစဥ္ခဲ့ေသာ္လည္း ျမန္မာ အပါအဝင္ ႏိုင္ငံအခ်ိဳ႕က လက္ခံျခင္းမရွိခဲ့ေၾကာင္း ၎က ေျပာသည္။

ဖိလစ္ပိုင္ႏိုင္ငံတြင္ ရွိေနေသာ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား အနက္ ၆ ဒသမ ၇၄ သန္း doses သည္ ယခုလအတြင္း သက္တမ္းကုန္ဆုံးမည္ျဖစ္ရာ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးအလုံးေရ ၅ဝ ဒသမ ၇၄ သန္းခန႔္ အသုံးမျပဳရဘဲ ေဆးအေလ့အလြင္မ်ား ျဖစ္ရဖြယ္ရွိေနေၾကာင္း သိရသည္။

၎က ႏိုင္ငံျခားေရးဝန္ႀကီးဌာန(DFA) ႏွင့္ ပူေပါင္းၿပီး ၿပီးခဲ့ေသာႏွစ္ ၾသဂုတ္လတြင္ ကာကြယ္ေဆးမ်ားကူညီလႉဒါန္းရန္ စီစဥ္ခဲ့ေၾကာင္း၊ သို႔ေသာ္လည္း ႏိုင္ငံအခ်ိဳ႕ကို ကူညီေပးႏိုင္ျခင္းမရွိခဲ့ေၾကာင္း ေျပာသည္။

ဖိလစ္ပိုင္လႊတ္ေတာ္အမတ္ က "ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီးဌာနဟာ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ ေဆးမ်ားကို ကူညီလႉဒါန္းဖို႔ႀကိဳးပမ္းခဲ့ၿပီး၊ ႏိုင္ငံအခ်ိဳ႕နဲ႔ ေဆြးေႏြးခဲ့တယ္။ ပထမဆုံးအေနနဲ႔ ကြၽန္ေတာ္တို႔ဟာ ျမန္မာႏိုင္ငံကို ကူညီလႉဒါန္းဖို႔ ေဆြးေႏြးခဲ့တယ္။ ျမန္မာတာဝန္ရွိသူမ်ားနဲ႔ တစ္လေက်ာ္ၾကာ ေဆြးေႏြးခဲ့ၿပီးေနာက္ ျမန္မာအစိုးရတာဝန္ရွိသူမ်ားဟာ ကူညီလႉဒါန္းမႈမ်ားကို လက္မခံဖို႔ ဆုံးျဖတ္ခဲ့တယ္။ ဒါ့အျပင္ အျခားႏိုင္ငံ ၄ ႏိုင္ငံဟာ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးေတြကိုလက္မခံဖို႔ ဆုံးျဖတ္ခဲ့တယ္" ဟု ေျပာသည္။

Picture

Htun Aung Kyaw

13/03/2023 23:10

Expired ဖြစ်တော့မယ့် ဆေးတွေလာပေးရတယ်လို့ 😏

Related news

© 2021. All rights reserved.