ခရီးသည်တင်ကားပေါ်မှ AK-47 သေနတ်အပါအဝင် စုစုပေါင်းသေနတ် (၁၉)လက်နှင့် ကျည်ဆံအများအပြား ဖမ်းဆီးရမိ

 4380

NP News - မတ် ၁၃

ကရင်ပြည်နယ်၊ ဘားအံမြို့၌ ခရီးသည်တင်ကားတစ်စီးပေါ်မှ သေနတ်(၁၉)လက် နှင့် ကျည်ဆံအများအပြားကို ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်များက ပြောသည်။

ဘားအံမြို့ရှိ ခရီးသည်တင်ကားကွင်း၌ မတ်လ ၁၂ ရက်တွင် လက်နက်ခဲယမ်းများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကြိုတင်သတင်းရရှိမှုအရ လုံခြုံရေးအဖွဲ့ဝင်များအနေဖြင့် အဆိုပါကားကွင်း၌ ခရီးသည်တင်ကားတစ်စီးအား စောင့်ဆိုင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း အထက်ပါသတင်းအရင်းအမြစ်များက ဆိုထားသည်။

ထိုသို့စစ်ဆေးရာတွင် ကားပေါ်၌ ပါလာသည့် sound box (၉)လုံးနှင့် ဘေထုပ်အဝတ်အထည်များ ပါရှိသည့် အထုပ်(၅) ထုပ်အား ဖွင့်ဖောက်စစ်ဆေးခဲ့ရာတွင် AK-47 သေနတ် (၃)လက်၊ M-22 သေနတ် (၁)လက်၊ တရုတ်နိုင်ငံထုတ်စက်လက်နက် (၁)လက်၊ M-16 သေနတ် (၄)လက်၊ အမေရိကန်နိုင်ငံထုတ် AR-15 သေနတ် (၁)လက်အပါအဝင် စုစုပေါင်းသေနတ် (၁၉)လက်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျည်အိမ်မျိုးစုံ (၃၉)ခု၊ ကျည်ဆံမျိုးစုံ (၆၇၂ဝ)တောင့်၊ ၄ဝ မမဗုံးသီး (၁ဝ)လုံး၊ တရုတ်လက်ပစ်ဗုံး (၃)လုံးနှင့် မှန်ပြောင်း (၃)ခုတို့ကိုလည်း ဆက်လက်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိခဲ့သော လက်နက်ခဲယမ်းများနှင့်ပတ်သက်၍ ခရီးသည်တင်ကား ယာဉ်မောင်းအပါအဝင် ပတ်သက်ဆက်နွယ်သူများကို လုံခြုံရေးအဖွဲ့က စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

zawgyi version
ခရီးသည္တင္ကားေပၚမွ AK-47 ေသနတ္အပါအဝင္ စုစုေပါင္းေသနတ္ (၁၉)လက္ႏွင့္ က်ည္ဆံအမ်ားအျပား ဖမ္းဆီးရမိ

NP News - မတ္ ၁၃

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕၌ ခရီးသည္တင္ကားတစ္စီးေပၚမွ ေသနတ္(၁၉)လက္ ႏွင့္ က်ည္ဆံအမ်ားအျပားကို ဖမ္းဆီးရမိခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္နီးစပ္သည့္ သတင္းအရင္းအျမစ္မ်ားက ေျပာသည္။

ဘားအံၿမိဳ႕ရွိ ခရီးသည္တင္ကားကြင္း၌ မတ္လ ၁၂ ရက္တြင္ လက္နက္ခဲယမ္းမ်ားကို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ႀကိဳတင္သတင္းရရွိမႈအရ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားအေနျဖင့္ အဆိုပါကားကြင္း၌ ခရီးသည္တင္ကားတစ္စီးအား ေစာင့္ဆိုင္းစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္မ်ားက ဆိုထားသည္။

ထိုသို႔စစ္ေဆးရာတြင္ ကားေပၚ၌ ပါလာသည့္ sound box (၉)လုံးႏွင့္ ေဘထုပ္အဝတ္အထည္မ်ား ပါရွိသည့္ အထုပ္(၅) ထုပ္အား ဖြင့္ေဖာက္စစ္ေဆးခဲ့ရာတြင္ AK-47 ေသနတ္ (၃)လက္၊ M-22 ေသနတ္ (၁)လက္၊ တ႐ုတ္ႏိုင္ငံထုတ္စက္လက္နက္ (၁)လက္၊ M-16 ေသနတ္ (၄)လက္၊ အေမရိကန္ႏိုင္ငံထုတ္ AR-15 ေသနတ္ (၁)လက္အပါအဝင္ စုစုေပါင္းေသနတ္ (၁၉)လက္ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ က်ည္အိမ္မ်ိဳးစုံ (၃၉)ခု၊ က်ည္ဆံမ်ိဳးစုံ (၆၇၂ဝ)ေတာင့္၊ ၄ဝ မမဗုံးသီး (၁ဝ)လုံး၊ တ႐ုတ္လက္ပစ္ဗုံး (၃)လုံးႏွင့္ မွန္ေျပာင္း (၃)ခုတို႔ကိုလည္း ဆက္လက္သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ဖမ္းဆီးရမိခဲ့ေသာ လက္နက္ခဲယမ္းမ်ားႏွင့္ပတ္သက္၍ ခရီးသည္တင္ကား ယာဥ္ေမာင္းအပါအဝင္ ပတ္သက္ဆက္ႏြယ္သူမ်ားကို လုံၿခဳံေရးအဖြဲ႕က စစ္ေဆးေမးျမန္းမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

Picture

Htun Aung Kyaw

13/03/2023 23:01

Good job 🤘

Related news

© 2021. All rights reserved.