အခင်းဖော့ပြားများအတွင်း သိုဝှက်သယ်လာသည့် ငွေကျပ် (၁)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို မြို့နယ်(၂)ခုတွင် ဖမ်းဆီးရမိ

 793

Pearl (NP News) - မတ် ၁၄

နောင်ချိုမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် ငွေကျပ် (၁)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၁) သိန်းအား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် မတ်လ (၈)ရက်၊ ညနေ (၄)နာရီအချိန်ခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် သတင်းအရ အဆိုပါတိုးဂိတ်အနီး မန္တလေး-လားရှိုးကားလမ်းတွင် ကွတ်ခိုင်ဘက်မှ မန္တလေးဘက်သို့ ကိုခိုင်ထူးမောင်းနှင်သော WISH မော်တော်ယာဉ်နှင့် ကိုကောင်းစံမောင်းနှင်သော Crown မော် တော်ယာဉ်တို့အား ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

ထိုသို့ရှာဖွေခဲ့ရာ ယာဉ် (၂)စီး၏ ခေါင်မိုးပေါ်ရှိ အခင်းဖော့ပြားများအတွင်း သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား (၆)သိန်းအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် သတင်းကွင်းဆက်အရ အဆိုပါနေ့ ညနေ (၄) နာရီခွဲအချိန်တွင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင်စစ်ဆေးရေးဂိတ်တွင် ကိုစိုးနိုင်မောင်းနှင်သည့် IPSUM မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာ ယာဉ်၏ ခေါင်မိုးပေါ်ရှိ အခင်းဖော့ပြားများအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၅) သိန်းအား ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား (၁၁)သိန်း ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါနေ့ညနေ (၅) နာရီအချိန်ခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာ၌ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ကိုကျော်ဇင်ဝိုင်းနှင့် ညနေ (၆) နာရီခွဲအချိန် ကွတ်ခိုင်မြို့၊ နမ့်ခမ်း-မန်းကားဂိတ်မှူး မောင်စီချိုတို့အား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

လက်ရှိတွင် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
အခင္းေဖာ့ျပားမ်ားအတြင္း သိုဝွက္သယ္လာသည့္ ေငြက်ပ္ (၁)ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားကို ၿမိဳ႕နယ္(၂)ခုတြင္ ဖမ္းဆီးရမိ
Pearl (NP News) - မတ္ ၁၄

ေနာင္ခ်ိဳၿမိဳ႕နယ္ႏွင့္ ပုသိမ္ႀကီးၿမိဳ႕နယ္တို႔တြင္ ေငြက်ပ္ (၁)ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၁) သိန္းအား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕သည္ ၿပီးခဲ့သည့္ မတ္လ (၈)ရက္၊ ညေန (၄)နာရီအခ်ိန္ခန႔္တြင္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေနာင္ခ်ိဳၿမိဳ႕၊ ပါဟတ္ရပ္ကြက္၊ အိုရီယမ္တယ္တိုးဂိတ္အနီးတြင္ စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ သတင္းအရ အဆိုပါတိုးဂိတ္အနီး မႏၲေလး-လားရႈိးကားလမ္းတြင္ ကြတ္ခိုင္ဘက္မွ မႏၲေလးဘက္သို႔ ကိုခိုင္ထူးေမာင္းႏွင္ေသာ WISH ေမာ္ေတာ္ယာဥ္ႏွင့္ ကိုေကာင္းစံေမာင္းႏွင္ေသာ Crown ေမာ္ ေတာ္ယာဥ္တို႔အား ရွာေဖြမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

ထိုသို႔ရွာေဖြခဲ့ရာ ယာဥ္ (၂)စီး၏ ေခါင္မိုးေပၚရွိ အခင္းေဖာ့ျပားမ်ားအတြင္း သိုဝွက္သယ္ေဆာင္လာသည့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၆)သိန္းအား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ သတင္းကြင္းဆက္အရ အဆိုပါေန႔ ညေန (၄) နာရီခြဲအခ်ိန္တြင္ မႏၲေလးတိုင္း၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ (၁၆)မိုင္စစ္ေဆးေရးဂိတ္တြင္ ကိုစိုးႏိုင္ေမာင္းႏွင္သည့္ IPSUM ေမာ္ေတာ္ယာဥ္ကို စစ္ေဆးရွာေဖြခဲ့ေၾကာင္း သိရသည္။

ထိုသို႔စစ္ေဆးရာ ယာဥ္၏ ေခါင္မိုးေပၚရွိ အခင္းေဖာ့ျပားမ်ားအတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၅) သိန္းအား ထပ္မံဖမ္းဆီးရမိခဲ့သျဖင့္ စုစုေပါင္းစိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၁)သိန္း ဖမ္းဆီးမိခဲ့ေၾကာင္း သိရသည္။

စစ္ေဆးေဖာ္ထုတ္ခ်က္အရ အဆိုပါေန႔ညေန (၅) နာရီအခ်ိန္ခန႔္တြင္ ပုသိမ္ႀကီးၿမိဳ႕နယ္၊ လက္ေကာင္းေက်း႐ြာ၌ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား သယ္ေဆာင္ရာတြင္ ပူးေပါင္းပါဝင္သူ ကိုေက်ာ္ဇင္ဝိုင္းႏွင့္ ညေန (၆) နာရီခြဲအခ်ိန္ ကြတ္ခိုင္ၿမိဳ႕၊ နမ့္ခမ္း-မန္းကားဂိတ္မႉး ေမာင္စီခ်ိဳတို႔အား ဖမ္းဆီးရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွသိရသည္။

လက္ရွိတြင္ ၎တို႔အား ဥပေဒအရအေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.