မုံရွာမြို့နယ်ရှိ PDF အဖွဲ့၏ ယာယီအခြေပြုစခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ဟု နစကထုတ်ပြန်

 1135

NP News - မတ် ၁၄

မြေအောက်အချုပ်ခန်းပါရှိနေသည့် PDF များ ယာယီနေထိုင်နေသည့် နေရာကို မုံရွာမြို့တွင် သိမ်းဆည်းရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

နစကမှ မတ်လ ၁၃ ရက်ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

သတင်းရရှိမှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မတ်လ(၁၃)ရက်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အောင်သာကျေးရွာအနီး၌ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာ ညနေ(၄)နာရီခွဲအချိန်ခန့်တွင် အဆိုပါကျေးရွာအနီးတွင် PDF များ ယာယီအခြေ ပြု၍ ခိုအောင်းနေထိုင်လျက်ရှိသည့် အခြေပြုနေရာတစ်ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း နစကမှ ဆိုထား သည်။

၎င်းအခြေပြုနေရာတွင် လူနေတဲကိုးလုံးနှင့်အတူ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် အသုံးပြုသည့် မြေအောက် အချုပ်ခန်းတစ်ခုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနယ်မြေအတွင်းရှိ ဒေသခံပြည်သူများ၏ လုံခြုံရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
မုံ႐ြာၿမိဳ႕နယ္ရွိ PDF အဖြဲ႕၏ ယာယီအေျချပဳစခန္းတစ္ခုကို သိမ္းပိုက္ႏိုင္ခဲ့ဟု နစကထုတ္ျပန္

NP News - မတ္ ၁၄

ေျမေအာက္အခ်ဳပ္ခန္းပါရွိေနသည့္ PDF မ်ား ယာယီေနထိုင္ေနသည့္ ေနရာကို မုံ႐ြာၿမိဳ႕တြင္ သိမ္းဆည္းရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

နစကမွ မတ္လ ၁၃ ရက္ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

သတင္းရရွိမႈအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ မတ္လ(၁၃)ရက္တြင္ စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕နယ္၊ ေအာင္သာေက်း႐ြာအနီး၌ လုံၿခဳံေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ေဆာင္႐ြက္ခဲ့ရာ ညေန(၄)နာရီခြဲအခ်ိန္ခန႔္တြင္ အဆိုပါေက်း႐ြာအနီးတြင္ PDF မ်ား ယာယီအေျခ ျပဳ၍ ခိုေအာင္းေနထိုင္လ်က္ရွိသည့္ အေျချပဳေနရာတစ္ခုကို သိမ္းပိုက္ရရွိခဲ့ေၾကာင္း နစကမွ ဆိုထား သည္။

၎အေျချပဳေနရာတြင္ လူေနတဲကိုးလုံးႏွင့္အတူ အၾကမ္းဖက္လုပ္ရပ္မ်ား လုပ္ေဆာင္ရန္ အသုံးျပဳသည့္ ေျမေအာက္ အခ်ဳပ္ခန္းတစ္ခုတို႔ကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ လက္ရွိတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက အဆိုပါနယ္ေျမအတြင္းရွိ ေဒသခံျပည္သူမ်ား၏ လုံၿခဳံေရးအတြက္ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.