ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် (၃)ဦးအား သေနတ်ဖြင့်ပစ်သတ်၍ မော်တော်ယာဉ်နှင့် ဖုန်းများ လုယက်ယူဆောင်မှု ကန့်ဘလူမြို့တွင်ဖြစ်ပွား

 1389

Pearl (NP News) - မတ် ၁၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် (၃)ဦးအား သေနတ်ဖြင့် ပစ်သတ်၍ မော်တော်ယာဉ်နှင့် ဖုန်းများ လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ (၁၁)ရက်၊ နံနက် (၁ဝ)နာရီခွဲအချိန်ခန့်တွင် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့၊ နဂါးပေါ်ရပ်ကွက်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါရပ်ကွက်တွင် နေထိုင်သော ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဇော်အောင်၊ ဦးအုန်းကြိုင် နှင့် ဦးထွန်းညွန့်တို့သည် ၎င်းတို့၏ နေအိမ်များ၌ ရှိနေစဉ် PDF (၂ဝ) ဦးခန့်က ကျေးရွာအတွင်းသို့ ဝင်ရောက် လာခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းတို့အား သေနတ်ဖြင့်ပစ်သတ်၍ ၎င်းတို့၏နေအိမ်များရှိ VAN အဖြူရောင် မော်တော်ယာဉ် (၁) စီး နှင့် လက်ကိုင်ဖုန်း (၃)လုံးတို့အား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ထိုသို့အကြမ်းဖက်သူများ၏ ပစ်ခတ်မှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဇော်အောင်ပါ (၃) ဦးတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများအား ဖော်ထုတ်ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အ‌ရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version

zawgyi version
ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး အပါအဝင္ (၃)ဦးအား ေသနတ္ျဖင့္ပစ္သတ္၍ ေမာ္ေတာ္ယာဥ္ႏွင့္ ဖုန္းမ်ား လုယက္ယူေဆာင္မႈ ကန႔္ဘလူၿမိဳ႕တြင္ျဖစ္ပြား

Pearl (NP News) - မတ္ ၁၄

စစ္ကိုင္းတိုင္း၊ ကန႔္ဘလူၿမိဳ႕နယ္တြင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးအပါအဝင္ (၃)ဦးအား ေသနတ္ျဖင့္ ပစ္သတ္၍ ေမာ္ေတာ္ယာဥ္ႏွင့္ ဖုန္းမ်ား လုယက္ယူေဆာင္သြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ မတ္လ (၁၁)ရက္၊ နံနက္ (၁ဝ)နာရီခြဲအခ်ိန္ခန႔္တြင္ ကန႔္ဘလူၿမိဳ႕နယ္၊ ဇီးကုန္းၿမိဳ႕၊ နဂါးေပၚရပ္ကြက္၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါရပ္ကြက္တြင္ ေနထိုင္ေသာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးေဇာ္ေအာင္၊ ဦးအုန္းႀကိဳင္ ႏွင့္ ဦးထြန္းၫြန႔္တို႔သည္ ၎တို႔၏ ေနအိမ္မ်ား၌ ရွိေနစဥ္ PDF (၂ဝ) ဦးခန႔္က ေက်း႐ြာအတြင္းသို႔ ဝင္ေရာက္ လာခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ၎တို႔အား ေသနတ္ျဖင့္ပစ္သတ္၍ ၎တို႔၏ေနအိမ္မ်ားရွိ VAN အျဖဴေရာင္ ေမာ္ေတာ္ယာဥ္ (၁) စီး ႏွင့္ လက္ကိုင္ဖုန္း (၃)လုံးတို႔အား လုယက္ယူေဆာင္သြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔အၾကမ္းဖက္သူမ်ား၏ ပစ္ခတ္မႈေၾကာင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးေဇာ္ေအာင္ပါ (၃) ဦးတို႔တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အထက္ပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ၿပီး ဥပေဒႏွင့္အညီ ထိေရာက္စြာ အ‌ေရးယူႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.