မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ပဲမျိုးစုံ အများဆုံးထုတ်လုပ်တင်ပို့သည့် နိုင်ငံတစ်ခုအဖြစ် ရပ်တည်လျက်ရှိ

 1316

မျိုးကြီး (NP News) - မတ် ၁၅

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ပဲမျိုးစုံ အများဆုံးထုတ်လုပ်တင်ပို့သည့် နိုင်ငံတစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် ပဲမျိုးစုံစိုက်ဧက ဟက်တာ (၃ ဒသမ ၉၅)သန်းခန့်ရှိပြီး ပြည်ပတင်ပို့သည့် စိုက်ပျိုးရေးထုတ်ကုန်များအနက် အဓိကတင်ပို့နေသည့် သီးနှံများလည်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်တွင် ပြည်ပတင်ပို့ကုန် ရရှိငွေစုစုပေါင်း၏ (၃၈)ရာခိုင်နှုန်းခန့်ရှိသော အမေရိကန်ဒေါ်လာ (၁ ဒသမ ၅၇)ဘီလျံခန့်သည် ပဲမျိုးစုံတင်ပို့မှုရရှိခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန၏ အချက်အ လက်များက ဆိုသည်။

မြန်မာ့ပဲမျိုးစုံ တန်ဖိုးကွင်းဆက်မြှင့်တင်ရေးလမ်းပြမြေပုံဖြစ်ပေါ်လာရေးအတွက် နိုင်ငံတကာစားရေ ရိက္ခာမူဝါဒသုတေသနအဖွဲ့(IFPRI)နှင့် အရှေ့တောင်အာရှ ဒေသဆိုင်ရာစိုက်ပျိုးရေးပညာနှင့်သုတေသနဌာန(SEARCA)တို့က နည်းပညာများ ပံ့ပိုးကူညီထားကြောင်း သိရသည်။

ပဲမျိုးစုံတန်ဖိုးကွင်းဆက်ကို အားကောင်းစေမည့် လမ်းပြမြေပုံရေးဆွဲခြင်းဖြင့် ကျေးလက်နေလုပ်ကွက်ငယ် ပဲစိုက်တောင်သူများ၏ လူနေမှုဘဝနှင့် လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေမည်ဟုလည်း စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းနောင်က သုံးသပ်ပြောဆိုထားသည်။

ယခု ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံတန်ချိန်ပေါင်း ၁၆၆၂၃၅၃ တန် တင်ပို့ထားပြီး ၎င်းတင်ပို့မှုသည် အမေရိကန်ဒေါ်လာသန်း ၁၂ဝဝ ကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲ နှင့် အခြားပဲမျိုးစုံကို စိုက်ပျိုးထုတ်လုပ်ကာ ပြည်ပသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

zawgyi version
ျမန္မာႏိုင္ငံသည္ ကမာၻေပၚ၌ ပဲမ်ိဳးစုံ အမ်ားဆုံးထုတ္လုပ္တင္ပို႔သည့္ ႏိုင္ငံတစ္ခုအျဖစ္ ရပ္တည္လ်က္ရွိ

မ်ိဳးႀကီး (NP News) - မတ္ ၁၅

ျမန္မာႏိုင္ငံသည္ ကမာၻေပၚ၌ ပဲမ်ိဳးစုံ အမ်ားဆုံးထုတ္လုပ္တင္ပို႔သည့္ ႏိုင္ငံတစ္ခုအျဖစ္ ရပ္တည္လ်က္ရွိေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

ျမန္မာႏိုင္ငံတြင္ ပဲမ်ိဳးစုံစိုက္ဧက ဟက္တာ (၃ ဒသမ ၉၅)သန္းခန႔္ရွိၿပီး ျပည္ပတင္ပို႔သည့္ စိုက္ပ်ိဳးေရးထုတ္ကုန္မ်ားအနက္ အဓိကတင္ပို႔ေနသည့္ သီးႏွံမ်ားလည္းျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့ေသာ ၂ဝ၂ဝ-၂ဝ၂၁ ခုႏွစ္တြင္ ျပည္ပတင္ပို႔ကုန္ ရရွိေငြစုစုေပါင္း၏ (၃၈)ရာခိုင္ႏႈန္းခန႔္ရွိေသာ အေမရိကန္ေဒၚလာ (၁ ဒသမ ၅၇)ဘီလ်ံခန႔္သည္ ပဲမ်ိဳးစုံတင္ပို႔မႈရရွိခဲ့ျခင္းျဖစ္ေၾကာင္း ဝန္ႀကီးဌာန၏ အခ်က္အ လက္မ်ားက ဆိုသည္။

ျမန္မာ့ပဲမ်ိဳးစုံ တန္ဖိုးကြင္းဆက္ျမႇင့္တင္ေရးလမ္းျပေျမပုံျဖစ္ေပၚလာေရးအတြက္ ႏိုင္ငံတကာစားေရ ရိကၡာမူဝါဒသုေတသနအဖြဲ႕(IFPRI)ႏွင့္ အေရွ႕ေတာင္အာရွ ေဒသဆိုင္ရာစိုက္ပ်ိဳးေရးပညာႏွင့္သုေတသနဌာန(SEARCA)တို႔က နည္းပညာမ်ား ပံ့ပိုးကူညီထားေၾကာင္း သိရသည္။

ပဲမ်ိဳးစုံတန္ဖိုးကြင္းဆက္ကို အားေကာင္းေစမည့္ လမ္းျပေျမပုံေရးဆြဲျခင္းျဖင့္ ေက်းလက္ေနလုပ္ကြက္ငယ္ ပဲစိုက္ေတာင္သူမ်ား၏ လူေနမႈဘဝႏွင့္ လူမႈစီးပြားေရးဖြံ႕ၿဖိဳးတိုးတက္လာေစမည္ဟုလည္း စိုက္ပ်ိဳး ေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဦးမင္းေနာင္က သုံးသပ္ေျပာဆိုထားသည္။

ယခု ၂ဝ၂၂-၂ဝ၂၃ ဘ႑ာႏွစ္တြင္ ျပည္ပႏိုင္ငံမ်ားသို႔ ပဲမ်ိဳးစုံတန္ခ်ိန္ေပါင္း ၁၆၆၂၃၅၃ တန္ တင္ပို႔ထားၿပီး ၎တင္ပို႔မႈသည္ အေမရိကန္ေဒၚလာသန္း ၁၂ဝဝ ေက်ာ္ရရွိထားေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္း ဝယ္ေရးဝန္ႀကီးဌာနက ဆိုသည္။

လက္ရွိ ျမန္မာႏိုင္ငံတြင္ မတ္ပဲ၊ ပဲတီစိမ္း၊ ပဲစဥ္းငုံ၊ ပဲလြန္း၊ ေျမေထာက္ပဲ၊ ေထာပတ္ပဲ၊ ပဲယင္း၊ ကုလားပဲ၊ ပဲပုပ္၊ စားေတာ္ပဲ ႏွင့္ အျခားပဲမ်ိဳးစုံကို စိုက္ပ်ိဳးထုတ္လုပ္ကာ ျပည္ပသို႔ တင္ပို႔လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.