“၃၆ နာရီအတွင်း ဆီလီကွန်တောင်ကြားဘဏ် ဘာကြောင့်ပြိုကျခဲ့သလဲ” (ဆောင်းပါး)

 1252

မောင်သံလွင် (NP News) - မတ် ၁၇

လွန်ခဲ့တဲ့နှစ်ပေါင်း ၄ဝ (၁၉၈၃ ခုနှစ်) က တည်ထောင်ခဲ့တဲ့၊ အမေရိကန်ရဲ့ ၁၆ ခုမြောက်အကြီးဆုံးဖြစ်တဲ့ ဆီလီကွန်တောင်ကြားဘဏ် Silicon Valley Bank ဟာ တစ်ရက်ခွဲအချိန်အတွင်းမှာ ပြိုကျသွားခဲ့ပါပြီ။ ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ သမိုင်းမှာ ဒုတိယမြောက် အကြီးဆုံး ဘဏ်ပြိုလဲမှုဖြစ်ပါတယ်။

တကယ်တန်းမှာ အမေရိကန်ရဲ့ venture capital backed technology နဲ့ life sciences ကုမ္ပဏီတွေ၊ စွန့်ဦးတီထွင် စတင်တည်ထောင်စ ကုမ္ပဏီတွေဟာ ဆီလီကွန်တောင်ကြားဘဏ် SVB ကို မှီခိုအားထားနေကြရတာပါ။

Roku ၊ ROBLOX စတဲ့ ကုမ္ပဏီတွေဟာ ဘဏ်မှာ သန်းပေါင်းများစွာထည့်ဝင်မြှုပ်နှံထားကြတဲ့အတွက် အမေရိကန် ရဲ့အကြီးဆုံးဘဏ်တွေထဲက တစ်ခုအဖြစ်ရပ်တည်လာခဲ့ပါတယ်။ ဘဏ်ရဲ့ဒီဖေါက်သည်တွေထဲက တချို့ကတော့ အန္တရာယ်ရှိတယ်လို့ ယူဆရတဲ့ကုမ္ပဏီတွေဖြစ်ပါတယ်။ ဒီလိုကုမ္ပဏီတွေဟာ အခြေအနေမကောင်းရင် သူတို့ငွေ ကို အလျင်အမြန်ထုတ်ယူ ပြောင်းရွှေ့လေ့ရှိပါတယ်။

သမတအိုဘားမားလက်ထက်တုံးက Dodd Frank Act ဆိုတာကို ပြဋ္ဌာန်းပြီးတော့ ဘဏ်တွေကို စည်းကမ်း တင်းကြပ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက် ၈ နှစ်လောက်ကြာတဲ့ သမတဒေါ်နယ်ထရမ့်တက်လာတဲ့အချိန်မှာ ပိုင်ဆိုင်မှု ၂၅ဝ ဘီလျံထက်နည်းတဲ့ ဘဏ်အငယ်လေးတွေအပေါ်မှာထားတဲ့ အဲဒီတင်းကြပ်တဲ့စည်းမျဉ်းတွေကို ဖြေလျှော့ပေး ခဲ့ပါတယ်။ ဒါကြောင့် ဘဏ်ကြီးတွေဖြစ်ကြတဲ့ Bank of America တို့ Chase တို့လို ဘဏ်တွေက တင်းကြပ်တဲ့ စည်းမျဉ်းတွေကို လိုက်နာရပေမယ့် SVB လို ဘဏ်တွေကတော့ လိုက်နာစရာမလိုတော့ပါဘူး။

နောက်နှစ်နှစ်လောက်အကြာမှာတော့ ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလမှာ ဘဏ်အပ်ငွေတွေက များပြားလာ ပါတယ်။ ၂ နှစ်အတွင်းမှာ ၃ ဆလောက်ဖြစ်လာပြီး အမေရိကန်ဒေါ်လာ ၁၈၉ ဘီလျံရှိလာပါတယ်။ ၂ဝ၂၁ ခုနှစ် ဟာလည်း SVB ဘဏ်အတွက် အမြတ်အများဆုံးရတဲ့ နှစ်တစ်နှစ်ဖြစ်လာပါတယ်။

ဒီလိုများပြားလာတဲ့ အပ်ငွေတွေကို ဒီအတိုင်းထားရင် အပ်ငွေအပေါ်ပေးရမယ့် အတိုးငွေ လုံလောက်အောင် ရရှိမှာ မဟုတ်ပါ။ ဒါကြောင့် အမြတ်အစွန်းသေခြာတဲ့ အမေရိကန်အစိုးရရဲ့ငွေချေးစာချုပ်တွေနဲ့ အစိုးရအာမခံတဲ့ အဆောက်အဦးအပေါင်ထား ငွေချေးစာချုပ်တွေကို ဒေါ်လာဘီလျံပေါင်းများစွာ ဝယ်ယူထားခဲ့ပါတယ်။

SVB က အဲဒီလို ငွေချေးစာချုပ်တွေဝယ်ယူတာဟာ တစ်နှစ်မပြည့်ခင်မှာ ဒေါ်လာဘီလျံ တစ်ရာလောက်ရှိ လာပါ တယ်။ အဲဒီအချိန်မှာ အစိုးရက ငွေကြေးဖောင်းပွမှုကိုကာကွယ်ဖို့ အတိုးနှုန်းတွေကို မြှင့်တင်လိုက်ပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်နေတဲ့အခါမှာ ဘဏ်တိုးနှုန်းတွေကို မြှင့်တင်လိုက်ခြင်းအားဖြင့် လူတွေအသုံး အဖြုန်းလျော့နည်းသွားပြီး ငွေပိုစုလာစေတယ်၊ လူတွေ ကုန်ပစ္စည်းဝယ်ယူမှုနဲ့ ဝန်ဆောင်မှုတွေကို လျှော့ချလိုက် ခြင်းက ငွေဖောင်းပွမှုကို ထိန်းချုပ်ပြီးသားဖြစ်စေတာကြောင့် ဗဟိုဘဏ်က အတိုးနှုန်းတွေကို မြှင့်တင်လိုက်တာပါ။

အဲဒီအခါ ထုံးစံအတိုင်းဘဲ အတိုးနှုန်းတက်ရင် ငွေချေးစာချုပ်စျေးတွေ ကျပါတော့တယ်။

အဲဒီလိုအတိုးနှုန်းတွေကို မြှင့်တင်လိုက်တဲ့အခါမှာ ဘဏ်က ယခင်ဝယ်ယူထားတဲ့ အစိုးရငွေချေး စာချုပ်အဟောင်း တွေက အသစ်ထုတ်ဝေလိုက်တဲ့ စာချုပ်အသစ်တွေရဲ့အတိုးနှုန်းကို မယှဉ်နိုင်ပါဘူး။ ဒါကြောင့် ငွေလိုတဲ့ သူတွေ အနေနဲ့ ငွေချေးစာချုပ်အဟောင်းတွေကို စျေးလျှော့ရောင်းရပါတော့တယ်။ ဒီလိုဘွန်းတွေ စျေးကျလာတဲ့အတွက် SVB အနေနဲ့ သူရင်းနှီးမြှုပ်နှံထားတဲ့ ဘွန်းတွေကို ရောင်းမယ်ဆိုရင် ရမယ့်တန်ဖိုးတွေက စာရွက်ပေါ်မှာ တကယ်ရှိ တဲ့ တန်ဖိုးထက် ဒေါ်လာ ၁၇ ဘီလျံလောက်လျော့နည်းနေပါတယ်။ အခြေအနေကို ပိုဆိုးသွားစေတာက အတိုးနှုန်း တွေက ထပ်တက်ပြန်သလို ဘဏ်ကိုအပ်နှံတဲ့ ငွေက လျော့နည်းသွားပါတယ်။

ဘဏ်ကိုငွေအပ်နှံသူတွေထဲက ဒေါ်လာ ၂၅ဝဝဝဝ အထက်အပ်နှံတဲ့ ငွေစာရင်းပေါင်းက ၃၇ဝဝဝ သာရှိပါတယ်။ ဒေါ်လာ ၂၅ဝဝဝဝ ဆိုတဲ့ ဘဏ်အပ်ငွေပမာဏက အာမခံကင်းလွတ်တဲ့ သတ်မှတ်ချက်ပါ။

မတ်လ ၈ ရက်မှာတော့ SVB ဘဏ်က ဘဏ်အပ်ငွေလျော့နည်းနေတဲ့အတွက် ထုတ်ယူငွေတွေ ကာမိအောင် ငွေချေးစာချုပ်တွေကိုလျှော့စျေးနဲ့ ရောင်းထုတ်ရာမှာ စုစုပေါင်း ဒေါ်လာသန်း ၁၈ဝဝ အရှုံးခံရောင်း ချခဲ့ရတယ်လို့ ကြော်ငြာပါတယ်။ ဒါကြောင့် ဘဏ်ရဲ့ဖောက်သည်တွေအကြားမှာ စိုးရိမ်မှုတွေမြင့်တက်လာခဲ့ပါတယ်။ ဘဏ်ရဲ့ စတော့ရှယ်ယာစျေးနှုန်းတွေလည်း အများကြီးထိုးကျသွားပါတယ်။ ဒါက ကောင်းတဲ့လက္ခဏာ မဟုတ်ပါ။

ခရစ်ပ်တိုငွေကြေးအပေါ် ပင်တိုင်ပြုတဲ့ Silvergate ဘဏ်က သူတို့ရဲ့အပ်ငွေအားလုံးကိုထုတ်ယူတော့မယ်လို့ ကြော်ငြာပါတယ်။ စွန့်ဦးတီထွင်လုပ်ငန်းတည်ထောင်ကြတဲ့ စီအီးအိုများကိုလည်း သူတို့ဆီမှာ ရင်းနှီးမြှုပ်နှံကြသူ တွေက ငွေတွေထုတ်ယူရွှေ့ပြောင်းကြဘို့ တိုက်တွန်းတဲ့ ဖုံးခေါ်သံတွေ ဆူညံနေပါတော့တယ်။ အဲဒီလို အပ်နှံထား ငွေ တွေထုတ်ယူတော့မယ်ဆိုတဲ့သတင်းက ဒီရေလှိုင်းလို အရှိန်နဲ့ပျံ့နှံ့သွားတာကြောင့် စွန့်ဦးတီထွင်လုပ်ငန်းတွေ က သူတို့ငွေတွေကို အလျင်အမြန်ထုတ်ယူကြပါတော့တယ်။ ဒါဟာ ဆီလီကွန်တောင်ကြားဘဏ် SVB ပြိုကွဲမှုရဲ့ အစပါဘဲ။

နောက်တစ်နေ့မှာတော့ ဘဏ်ရဲ့အစုရှယ်ယာတန်ဘိုးက တရဟောထိုးဆင်းသွားပြီး၊ ထုတ်ယူသွားတဲ့ ဘဏ်အပ်ငွေ က စုစုပေါင်း ၄၂ ဘီလျံဒေါ်လာရှိပါတယ်။ ဘဏ်မှာ လက်ကျန်ငွေသား ကုန်ခမ်းသွားပါပြီ။

အမှန်တော့ SVB ဘဏ်ဟာ အေးအေးချမ်းချမ်းနဲ့ ပုံမှန်သွားနေမယ်ဆိုရင် ဘဏ်ကပေးရန်ရှိတဲ့ငွေနဲ့ ဘဏ်ကရဖို့ ရှိတဲ့ငွေတွေက ကာမိပါတယ်။ ဒါပေမဲ့ အခုလို အလုအယက် တပြိုင်နက် ထုတ်ယူကြရင်တော့ ဘယ်လိုမှ မတတ် နိုင်ပါဘူး။ အဲဒီနေ့မှာပဲ တရားဥပဒေအရ ဘဏ်ကိုကြီးကြပ်ရသူတွေက SVB ကိုဝင်ရောက်ထိန်းချုပ်လိုက်ကြပါ တော့တယ်။

အဲဒီနောက်မှာတော့ FDIC (Federal Deposit Insurance Corporation) က ဘဏ်မှာ အာမခံချက်နဲ့ အပ်နှံ ထားသူတွေအနေနဲ့ ၃ ရက်အတွင်း ၎င်းတို့ရဲ့ငွေများကို ပြန်လည်ထုတ်ယူနှိုင်ကြောင်း ကြော်ငြာချက်ထုတ်ပြန် ပါတယ်။ ဒါပေမဲ့ ဘဏ်မှာ ၂ဝ၂၂ ခုနှစ်ကုန်ပိုင်းစာရင်းတွေအရ အာမခံမရှိတဲ့ အပ်နှံငွေ ၁၅၁ ဘီလျံဒေါ်လာရှိတယ် လို့ ဆိုပါတယ်။

SVB ဘဏ်ပြိုလဲပြီးနောက်နှစ်ရက်အကြာမှာဘဲ ဒုတိယဘဏ်တခုဖြစ်တဲ့ Signature ဘဏ်ဟာ မတူခြားနားတဲ့ ပြဿနာတစုံနဲ့ ရင်ဆိုင်ရပြီးပြိုလဲပြန်ပါတယ်။ အမေရိကန်သမိုင်းမှာတော့ တတိယအကြီးဆုံးဘဏ်ပြိုလဲမှုဖြစ်ပါ တယ်။ အခုအချိန်မှာတော့ လူတွေက နောက်ထပ်ဘယ်ဘဏ်တွေ ထပ်ပြိုဦးမှာလဲလို့ စိုးရိမ်ပူပန်နေကြပါတယ်။

မတ်လ ၁၂ ရက်၊ တနင်္ဂနွေနေ့မှာတော့ ဘဏ်ကြီးကြပ်သူများက ဘဏ်နှစ်ခုလုံးမှာ အာမခံမှုမရှိတဲ့ ဒေါ်လာ ၂၅ဝဝဝဝ အထက်ငွေအပ်နှံထားသူများကိုပါ ငွေပြန်ထုတ်နှိုင်တယ်လို့ ကြေငြာပါတယ်။ တနင်္လာနေ့ မတ်လ ၁၄ ရက်မှာတော့ ဘဏ်အပ်နှံငွေအားလုံး မဆုံးရှုံးပါဘူး လို့ Signature ဘဏ်က ကြော်ငြာပါတယ်။

ဘဏ်တွေ ဒီလိုပြိုကွဲသွားတာနဲ့ပတ်သက်ရင် Dodd Frank Act လို ဥပဒေကို လျှော့ပေါ့ပေးလိုက်တာကို အပြစ်တင်ကြပါတယ်။ သမတ ဂျိုးဘိုင်ဒင်က ဒီလိုမျိုးဘဏ်တွေပြိုကွဲမှုထပ်မဖြစ်အောင် ဥပဒေကို တင်းကြပ်ဖို့ ကွန်ဂရက်လွှတ်တော်နဲ့ ဘဏ်ကြီးကြပ်သူတွေကို တောင်းဆိုမယ်လို့ ပြောပါတယ်။

SVB ဘဏ်ကို စုံစမ်းစစ်ဆေးချက်တွေအရ ဘဏ်မှာ ငွေအပ်ထားတဲ့ ဖေါက်သည်တွေကတော့ ငွေပြန်ရနိုင်ချေရှိပြီး၊ ဘဏ်လုပ်ငန်းမှာ ရှယ်ယာထည့်ဝင်ထားသူတွေကတော့ ကံကောင်းမှာမဟုတ်ဘူးလို့ဆိုပါတယ်။

SVB ဘဏ်ကို Bail out လုပ်ပြီးကယ်တင်ဖို့ လုပ်နှိုင်ချေရှိမရှိမေးတဲ့အခါမှာတော့၊ ဘဏ္ဍာရေးဝန်ကြီး က ကျနော်တို့ အဲဒါမျိုးကို ထပ်လုပ်မှာမဟုတ်ဘူး။ ဒါပေမဲ့ ငွေအပ်နှံသူတွေကို မနစ်နာအောင်ဘဲ အဓိက အာရုံစိုက် လုပ်သွား မယ်လို့ ဖြေပါတယ်။

ကိုးကား - Wall Street Journal ရဲ့ How Silicon Valley Bank Collapsed in 36 Hours | What Went Wrong | WSJ

Zawgyi Version;
“၃၆ နာရီအတြင္း ဆီလီကြန္ေတာင္ၾကားဘဏ္ ဘာေၾကာင့္ၿပိဳက်ခဲ့သလဲ” (ေဆာင္းပါး)
ေမာင္သံလြင္ (NP News) - မတ္ ၁၇

လြန္ခဲ့တဲ့ႏွစ္ေပါင္း ၄ဝ (၁၉၈၃ ခုႏွစ္) က တည္ေထာင္ခဲ့တဲ့၊ အေမရိကန္ရဲ႕ ၁၆ ခုေျမာက္အႀကီးဆုံးျဖစ္တဲ့ ဆီလီကြန္ေတာင္ၾကားဘဏ္ Silicon Valley Bank ဟာ တစ္ရက္ခြဲအခ်ိန္အတြင္းမွာ ၿပိဳက်သြားခဲ့ပါၿပီ။ ဒါဟာ အေမရိကန္ျပည္ေထာင္စုရဲ႕ သမိုင္းမွာ ဒုတိယေျမာက္ အႀကီးဆုံး ဘဏ္ၿပိဳလဲမႈျဖစ္ပါတယ္။

တကယ္တန္းမွာ အေမရိကန္ရဲ႕ venture capital backed technology နဲ႔ life sciences ကုမၸဏီေတြ၊ စြန႔္ဦးတီထြင္ စတင္တည္ေထာင္စ ကုမၸဏီေတြဟာ ဆီလီကြန္ေတာင္ၾကားဘဏ္ SVB ကို မွီခိုအားထားေနၾကရတာပါ။

Roku ၊ ROBLOX စတဲ့ ကုမၸဏီေတြဟာ ဘဏ္မွာ သန္းေပါင္းမ်ားစြာထည့္ဝင္ျမႇဳပ္ႏွံထားၾကတဲ့အတြက္ အေမရိကန္ ရဲ႕အႀကီးဆုံးဘဏ္ေတြထဲက တစ္ခုအျဖစ္ရပ္တည္လာခဲ့ပါတယ္။ ဘဏ္ရဲ႕ဒီေဖါက္သည္ေတြထဲက တခ်ိဳ႕ကေတာ့ အႏၲရာယ္ရွိတယ္လို႔ ယူဆရတဲ့ကုမၸဏီေတြျဖစ္ပါတယ္။ ဒီလိုကုမၸဏီေတြဟာ အေျခအေနမေကာင္းရင္ သူတို႔ေငြ ကို အလ်င္အျမန္ထုတ္ယူ ေျပာင္းေ႐ႊ႕ေလ့ရွိပါတယ္။

သမတအိုဘားမားလက္ထက္တုံးက Dodd Frank Act ဆိုတာကို ျပ႒ာန္းၿပီးေတာ့ ဘဏ္ေတြကို စည္းကမ္း တင္းၾကပ္ခဲ့ပါတယ္။ ဒါေပမဲ့ ေနာက္ ၈ ႏွစ္ေလာက္ၾကာတဲ့ သမတေဒၚနယ္ထရမ့္တက္လာတဲ့အခ်ိန္မွာ ပိုင္ဆိုင္မႈ ၂၅ဝ ဘီလ်ံထက္နည္းတဲ့ ဘဏ္အငယ္ေလးေတြအေပၚမွာထားတဲ့ အဲဒီတင္းၾကပ္တဲ့စည္းမ်ဥ္းေတြကို ေျဖေလွ်ာ့ေပး ခဲ့ပါတယ္။ ဒါေၾကာင့္ ဘဏ္ႀကီးေတြျဖစ္ၾကတဲ့ Bank of America တို႔ Chase တို႔လို ဘဏ္ေတြက တင္းၾကပ္တဲ့ စည္းမ်ဥ္းေတြကို လိုက္နာရေပမယ့္ SVB လို ဘဏ္ေတြကေတာ့ လိုက္နာစရာမလိုေတာ့ပါဘူး။

ေနာက္ႏွစ္ႏွစ္ေလာက္အၾကာမွာေတာ့ ကိုဗစ္ကပ္ေရာဂါျဖစ္ပြားေနတဲ့ကာလမွာ ဘဏ္အပ္ေငြေတြက မ်ားျပားလာ ပါတယ္။ ၂ ႏွစ္အတြင္းမွာ ၃ ဆေလာက္ျဖစ္လာၿပီး အေမရိကန္ေဒၚလာ ၁၈၉ ဘီလ်ံရွိလာပါတယ္။ ၂ဝ၂၁ ခုႏွစ္ ဟာလည္း SVB ဘဏ္အတြက္ အျမတ္အမ်ားဆုံးရတဲ့ ႏွစ္တစ္ႏွစ္ျဖစ္လာပါတယ္။

ဒီလိုမ်ားျပားလာတဲ့ အပ္ေငြေတြကို ဒီအတိုင္းထားရင္ အပ္ေငြအေပၚေပးရမယ့္ အတိုးေငြ လုံေလာက္ေအာင္ ရရွိမွာ မဟုတ္ပါ။ ဒါေၾကာင့္ အျမတ္အစြန္းေသျခာတဲ့ အေမရိကန္အစိုးရရဲ႕ေငြေခ်းစာခ်ဳပ္ေတြနဲ႔ အစိုးရအာမခံတဲ့ အေဆာက္အဦးအေပါင္ထား ေငြေခ်းစာခ်ဳပ္ေတြကို ေဒၚလာဘီလ်ံေပါင္းမ်ားစြာ ဝယ္ယူထားခဲ့ပါတယ္။

SVB က အဲဒီလို ေငြေခ်းစာခ်ဳပ္ေတြဝယ္ယူတာဟာ တစ္ႏွစ္မျပည့္ခင္မွာ ေဒၚလာဘီလ်ံ တစ္ရာေလာက္ရွိ လာပါ တယ္။ အဲဒီအခ်ိန္မွာ အစိုးရက ေငြေၾကးေဖာင္းပြမႈကိုကာကြယ္ဖို႔ အတိုးႏႈန္းေတြကို ျမႇင့္တင္လိုက္ပါတယ္။ ေငြေၾကးေဖာင္းပြမႈႏႈန္းျမင့္တက္ေနတဲ့အခါမွာ ဘဏ္တိုးႏႈန္းေတြကို ျမႇင့္တင္လိုက္ျခင္းအားျဖင့္ လူေတြအသုံး အျဖဳန္းေလ်ာ့နည္းသြားၿပီး ေငြပိုစုလာေစတယ္၊ လူေတြ ကုန္ပစၥည္းဝယ္ယူမႈနဲ႔ ဝန္ေဆာင္မႈေတြကို ေလွ်ာ့ခ်လိုက္ ျခင္းက ေငြေဖာင္းပြမႈကို ထိန္းခ်ဳပ္ၿပီးသားျဖစ္ေစတာေၾကာင့္ ဗဟိုဘဏ္က အတိုးႏႈန္းေတြကို ျမႇင့္တင္လိုက္တာပါ။

အဲဒီအခါ ထုံးစံအတိုင္းဘဲ အတိုးႏႈန္းတက္ရင္ ေငြေခ်းစာခ်ဳပ္ေစ်းေတြ က်ပါေတာ့တယ္။

အဲဒီလိုအတိုးႏႈန္းေတြကို ျမႇင့္တင္လိုက္တဲ့အခါမွာ ဘဏ္က ယခင္ဝယ္ယူထားတဲ့ အစိုးရေငြေခ်း စာခ်ဳပ္အေဟာင္း ေတြက အသစ္ထုတ္ေဝလိုက္တဲ့ စာခ်ဳပ္အသစ္ေတြရဲ႕အတိုးႏႈန္းကို မယွဥ္ႏိုင္ပါဘူး။ ဒါေၾကာင့္ ေငြလိုတဲ့ သူေတြ အေနနဲ႔ ေငြေခ်းစာခ်ဳပ္အေဟာင္းေတြကို ေစ်းေလွ်ာ့ေရာင္းရပါေတာ့တယ္။ ဒီလိုဘြန္းေတြ ေစ်းက်လာတဲ့အတြက္ SVB အေနနဲ႔ သူရင္းႏွီးျမႇဳပ္ႏွံထားတဲ့ ဘြန္းေတြကို ေရာင္းမယ္ဆိုရင္ ရမယ့္တန္ဖိုးေတြက စာ႐ြက္ေပၚမွာ တကယ္ရွိ တဲ့ တန္ဖိုးထက္ ေဒၚလာ ၁၇ ဘီလ်ံေလာက္ေလ်ာ့နည္းေနပါတယ္။ အေျခအေနကို ပိုဆိုးသြားေစတာက အတိုးႏႈန္း ေတြက ထပ္တက္ျပန္သလို ဘဏ္ကိုအပ္ႏွံတဲ့ ေငြက ေလ်ာ့နည္းသြားပါတယ္။

ဘဏ္ကိုေငြအပ္ႏွံသူေတြထဲက ေဒၚလာ ၂၅ဝဝဝဝ အထက္အပ္ႏွံတဲ့ ေငြစာရင္းေပါင္းက ၃၇ဝဝဝ သာရွိပါတယ္။ ေဒၚလာ ၂၅ဝဝဝဝ ဆိုတဲ့ ဘဏ္အပ္ေငြပမာဏက အာမခံကင္းလြတ္တဲ့ သတ္မွတ္ခ်က္ပါ။

မတ္လ ၈ ရက္မွာေတာ့ SVB ဘဏ္က ဘဏ္အပ္ေငြေလ်ာ့နည္းေနတဲ့အတြက္ ထုတ္ယူေငြေတြ ကာမိေအာင္ ေငြေခ်းစာခ်ဳပ္ေတြကိုေလွ်ာ့ေစ်းနဲ႔ ေရာင္းထုတ္ရာမွာ စုစုေပါင္း ေဒၚလာသန္း ၁၈ဝဝ အရႈံးခံေရာင္း ခ်ခဲ့ရတယ္လို႔ ေၾကာ္ျငာပါတယ္။ ဒါေၾကာင့္ ဘဏ္ရဲ႕ေဖာက္သည္ေတြအၾကားမွာ စိုးရိမ္မႈေတြျမင့္တက္လာခဲ့ပါတယ္။ ဘဏ္ရဲ႕ စေတာ့ရွယ္ယာေစ်းႏႈန္းေတြလည္း အမ်ားႀကီးထိုးက်သြားပါတယ္။ ဒါက ေကာင္းတဲ့လကၡဏာ မဟုတ္ပါ။

ခရစ္ပ္တိုေငြေၾကးအေပၚ ပင္တိုင္ျပဳတဲ့ Silvergate ဘဏ္က သူတို႔ရဲ႕အပ္ေငြအားလုံးကိုထုတ္ယူေတာ့မယ္လို႔ ေၾကာ္ျငာပါတယ္။ စြန႔္ဦးတီထြင္လုပ္ငန္းတည္ေထာင္ၾကတဲ့ စီအီးအိုမ်ားကိုလည္း သူတို႔ဆီမွာ ရင္းႏွီးျမႇဳပ္ႏွံၾကသူ ေတြက ေငြေတြထုတ္ယူေ႐ႊ႕ေျပာင္းၾကဘို႔ တိုက္တြန္းတဲ့ ဖုံးေခၚသံေတြ ဆူညံေနပါေတာ့တယ္။ အဲဒီလို အပ္ႏွံထား ေငြ ေတြထုတ္ယူေတာ့မယ္ဆိုတဲ့သတင္းက ဒီေရလႈိင္းလို အရွိန္နဲ႔ပ်ံ႕ႏွံ႔သြားတာေၾကာင့္ စြန႔္ဦးတီထြင္လုပ္ငန္းေတြ က သူတို႔ေငြေတြကို အလ်င္အျမန္ထုတ္ယူၾကပါေတာ့တယ္။ ဒါဟာ ဆီလီကြန္ေတာင္ၾကားဘဏ္ SVB ၿပိဳကြဲမႈရဲ႕ အစပါဘဲ။

ေနာက္တစ္ေန႔မွာေတာ့ ဘဏ္ရဲ႕အစုရွယ္ယာတန္ဘိုးက တရေဟာထိုးဆင္းသြားၿပီး၊ ထုတ္ယူသြားတဲ့ ဘဏ္အပ္ေငြ က စုစုေပါင္း ၄၂ ဘီလ်ံေဒၚလာရွိပါတယ္။ ဘဏ္မွာ လက္က်န္ေငြသား ကုန္ခမ္းသြားပါၿပီ။

အမွန္ေတာ့ SVB ဘဏ္ဟာ ေအးေအးခ်မ္းခ်မ္းနဲ႔ ပုံမွန္သြားေနမယ္ဆိုရင္ ဘဏ္ကေပးရန္ရွိတဲ့ေငြနဲ႔ ဘဏ္ကရဖို႔ ရွိတဲ့ေငြေတြက ကာမိပါတယ္။ ဒါေပမဲ့ အခုလို အလုအယက္ တၿပိဳင္နက္ ထုတ္ယူၾကရင္ေတာ့ ဘယ္လိုမွ မတတ္ ႏိုင္ပါဘူး။ အဲဒီေန႔မွာပဲ တရားဥပေဒအရ ဘဏ္ကိုႀကီးၾကပ္ရသူေတြက SVB ကိုဝင္ေရာက္ထိန္းခ်ဳပ္လိုက္ၾကပါ ေတာ့တယ္။

အဲဒီေနာက္မွာေတာ့ FDIC (Federal Deposit Insurance Corporation) က ဘဏ္မွာ အာမခံခ်က္နဲ႔ အပ္ႏွံ ထားသူေတြအေနနဲ႔ ၃ ရက္အတြင္း ၎တို႔ရဲ႕ေငြမ်ားကို ျပန္လည္ထုတ္ယူႏႈိင္ေၾကာင္း ေၾကာ္ျငာခ်က္ထုတ္ျပန္ ပါတယ္။ ဒါေပမဲ့ ဘဏ္မွာ ၂ဝ၂၂ ခုႏွစ္ကုန္ပိုင္းစာရင္းေတြအရ အာမခံမရွိတဲ့ အပ္ႏွံေငြ ၁၅၁ ဘီလ်ံေဒၚလာရွိတယ္ လို႔ ဆိုပါတယ္။

SVB ဘဏ္ၿပိဳလဲၿပီးေနာက္ႏွစ္ရက္အၾကာမွာဘဲ ဒုတိယဘဏ္တခုျဖစ္တဲ့ Signature ဘဏ္ဟာ မတူျခားနားတဲ့ ျပႆနာတစုံနဲ႔ ရင္ဆိုင္ရၿပီးၿပိဳလဲျပန္ပါတယ္။ အေမရိကန္သမိုင္းမွာေတာ့ တတိယအႀကီးဆုံးဘဏ္ၿပိဳလဲမႈျဖစ္ပါ တယ္။ အခုအခ်ိန္မွာေတာ့ လူေတြက ေနာက္ထပ္ဘယ္ဘဏ္ေတြ ထပ္ၿပိဳဦးမွာလဲလို႔ စိုးရိမ္ပူပန္ေနၾကပါတယ္။

မတ္လ ၁၂ ရက္၊ တနဂၤေႏြေန႔မွာေတာ့ ဘဏ္ႀကီးၾကပ္သူမ်ားက ဘဏ္ႏွစ္ခုလုံးမွာ အာမခံမႈမရွိတဲ့ ေဒၚလာ ၂၅ဝဝဝဝ အထက္ေငြအပ္ႏွံထားသူမ်ားကိုပါ ေငြျပန္ထုတ္ႏႈိင္တယ္လို႔ ေၾကျငာပါတယ္။ တနလၤာေန႔ မတ္လ ၁၄ ရက္မွာေတာ့ ဘဏ္အပ္ႏွံေငြအားလုံး မဆုံးရႈံးပါဘူး လို႔ Signature ဘဏ္က ေၾကာ္ျငာပါတယ္။

ဘဏ္ေတြ ဒီလိုၿပိဳကြဲသြားတာနဲ႔ပတ္သက္ရင္ Dodd Frank Act လို ဥပေဒကို ေလွ်ာ့ေပါ့ေပးလိုက္တာကို အျပစ္တင္ၾကပါတယ္။ သမတ ဂ်ိဳးဘိုင္ဒင္က ဒီလိုမ်ိဳးဘဏ္ေတြၿပိဳကြဲမႈထပ္မျဖစ္ေအာင္ ဥပေဒကို တင္းၾကပ္ဖို႔ ကြန္ဂရက္လႊတ္ေတာ္နဲ႔ ဘဏ္ႀကီးၾကပ္သူေတြကို ေတာင္းဆိုမယ္လို႔ ေျပာပါတယ္။

SVB ဘဏ္ကို စုံစမ္းစစ္ေဆးခ်က္ေတြအရ ဘဏ္မွာ ေငြအပ္ထားတဲ့ ေဖါက္သည္ေတြကေတာ့ ေငြျပန္ရႏိုင္ေခ်ရွိၿပီး၊ ဘဏ္လုပ္ငန္းမွာ ရွယ္ယာထည့္ဝင္ထားသူေတြကေတာ့ ကံေကာင္းမွာမဟုတ္ဘူးလို႔ဆိုပါတယ္။

SVB ဘဏ္ကို Bail out လုပ္ၿပီးကယ္တင္ဖို႔ လုပ္ႏႈိင္ေခ်ရွိမရွိေမးတဲ့အခါမွာေတာ့၊ ဘ႑ာေရးဝန္ႀကီး က က်ေနာ္တို႔ အဲဒါမ်ိဳးကို ထပ္လုပ္မွာမဟုတ္ဘူး။ ဒါေပမဲ့ ေငြအပ္ႏွံသူေတြကို မနစ္နာေအာင္ဘဲ အဓိက အာ႐ုံစိုက္ လုပ္သြားမယ္လို႔ ေျဖပါတယ္။

ကိုးကား - Wall Street Journal ရဲ့ How Silicon Valley Bank Collapsed in 36 Hours | What Went Wrong | WSJ

Related news

© 2021. All rights reserved.