Naypyitaw State Academy မှ ကျောင်းသား(၁ဝဝ)ကျော်ကို ပေါက်ဖော်ပညာသင်ဆု အစီအစဉ်အရ တစ်နှစ်စာပညာသင်ဆုထောက်ပံ့
795
ယွန်း (NP News) - မတ် ၁၈
Naypyitaw State Academy မှ ကျောင်းသား(၁ဝဝ)ကျော်ကို ပေါက်ဖော်ပညာသင်ဆု အစီအစဉ်အရ တစ်နှစ်စာပညာသင်ဆု ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ပညာသင်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို မတ်လ(၁၇)ရက်တွင် Naypyitaw State Academy ၏ Functional Hall တွင် ကျင်းပခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဖောင်ဒေးရှင်း မြန်မာနိုင်ငံဆိုင်ရာရုံး(CFPT Myanmar Office) သည် ၂ဝ၁၅ ခုနှစ်မှစတင်ကာ ပညာရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာဦးစီးဌာနများနှင့်ပူးပေါင်းကာ အဆိုပါ ပေါက်ဖော်ပညာသင်ဆု(Paukphaw Scholarship Project) ကို အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။
ရည်ရွယ်ချက်သည် မြန်မာနိုင်ငံ၏ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖြစ်ပြီး အကောင်အထည် ဖော်ဆောင်ရွက်လာသည်မှာ (၇)နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။
(၇)နှစ်တာကာလအတွင်း တက္ကသိုလ်(၁၄)ခုမှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၃၄၈)ဦးကို ပညာ သင်ဆု ထောက်ပံ့လှူဒါန်းပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ Paukphaw Scholarship Project အစီအစဉ်အရ ယခု (၂ဝ၂၂- ၂ဝ၂၃) ပညာသင်နှစ်တွင် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ဒဂုံတက္က သိုလ်နှင့် Naypyitaw State Academy တို့မှ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၈ဝဝ)ဦးတို့ကို တစ်ဦးလျှင်ငွေကျပ်(၅)သိန်းနှုန်းဖြင့် ပညာသင် ဆုတစ်နှစ်စာ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
Naypyitaw State Academy မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၁၁)ဦးကို ပညာသင်နှစ်တစ်နှစ်စာ ပညာသင်ဆုများကို ထောက်ပံ့ရန် Paukphaw Scholarship Project အစီအစဉ်ကို Alibaba Philanthropy က ငွေကြေးထည့်ဝင်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
zawgyi version
Naypyitaw State Academy မွ ေက်ာင္းသား(၁ဝဝ)ေက်ာ္ကို ေပါက္ေဖာ္ပညာသင္ဆု အစီအစဥ္အရ တစ္ႏွစ္စာပညာသင္ဆု ေထာက္ပံ့
ယြန္း (NP News) - မတ္ ၁၈
Naypyitaw State Academy မွ ေက်ာင္းသား(၁ဝဝ)ေက်ာ္ကို ေပါက္ေဖာ္ပညာသင္ဆု အစီအစဥ္အရ တစ္ႏွစ္စာပညာသင္ဆု ေထာက္ပံ့ေပးခဲ့ေၾကာင္း သိရသည္။
ပညာသင္ဆု ခ်ီးျမႇင့္ပြဲ အခမ္းအနားကို မတ္လ(၁၇)ရက္တြင္ Naypyitaw State Academy ၏ Functional Hall တြင္ က်င္းပခဲ့ေၾကာင္း သိရသည္။
တ႐ုတ္ႏိုင္ငံဆိုင္ရာ ဆင္းရဲႏြမ္းပါးမႈေလွ်ာ့ခ်ေရးေဖာင္ေဒးရွင္း ျမန္မာႏိုင္ငံဆိုင္ရာ႐ုံး(CFPT Myanmar Office) သည္ ၂ဝ၁၅ ခုႏွစ္မွစတင္ကာ ပညာေရးဝန္ႀကီးဌာနမွ သက္ဆိုင္ရာဦးစီးဌာနမ်ားႏွင့္ပူးေပါင္းကာ အဆိုပါ ေပါက္ေဖာ္ပညာသင္ဆု(Paukphaw Scholarship Project) ကို အေကာင္အထည္ေဖာ္ေဆာင္ ႐ြက္ခဲ့ျခင္းျဖစ္သည္။
ရည္႐ြယ္ခ်က္သည္ ျမန္မာႏိုင္ငံ၏ပညာေရးက႑ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ျဖစ္ၿပီး အေကာင္အထည္ ေဖာ္ေဆာင္႐ြက္လာသည္မွာ (၇)ႏွစ္ခန႔္ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။
(၇)ႏွစ္တာကာလအတြင္း တကၠသိုလ္(၁၄)ခုမွ ေက်ာင္းသား၊ ေက်ာင္းသူစုစုေပါင္း (၁၃၄၈)ဦးကို ပညာ သင္ဆု ေထာက္ပံ့လႉဒါန္းေပးႏိုင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ Paukphaw Scholarship Project အစီအစဥ္အရ ယခု (၂ဝ၂၂- ၂ဝ၂၃) ပညာသင္ႏွစ္တြင္ ရန္ကုန္အေရွ႕ပိုင္း တကၠသိုလ္၊ ရန္ကုန္ပညာေရးတကၠသိုလ္၊ ရန္ကုန္ႏိုင္ငံျခားဘာသာတကၠသိုလ္၊ ဒဂုံတကၠ သိုလ္ႏွင့္ Naypyitaw State Academy တို႔မွ တကၠသိုလ္ေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္း (၈ဝဝ)ဦးတို႔ကို တစ္ဦးလွ်င္ေငြက်ပ္(၅)သိန္းႏႈန္းျဖင့္ ပညာသင္ ဆုတစ္ႏွစ္စာ ေထာက္ပံ့သြားမည္ျဖစ္ေၾကာင္း သိရသည္။
Naypyitaw State Academy မွ ေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္း(၁၁၁)ဦးကို ပညာသင္ႏွစ္တစ္ႏွစ္စာ ပညာသင္ဆုမ်ားကို ေထာက္ပံ့ရန္ Paukphaw Scholarship Project အစီအစဥ္ကို Alibaba Philanthropy က ေငြေၾကးထည့္ဝင္လႉဒါန္းျခင္းျဖစ္ေၾကာင္း သိရသည္။