ဖေဖော်ဝါရီလအတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက်ဆက်နွယ်သူ (၇ဝဝ)နီးပါးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း မူးယစ်ရဲတပ်ဖွဲ့ပြော

552

NP News - မတ် ၁၉
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်နွယ်သူ (၇ဝဝ)နီး ပါးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့၏ သတင်းအချက် အလက်များအရ သိရသည်။
မြန်မာနိုင်ငံမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ မူး ယစ်ဆေးဝါးများ ဖမ်းဆီးရမိရေးကိုဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီလအတွင်း စုစုပေါင်းတန်ဖိုးငွေကျပ်သန်းပေါင်း (၁၈၃၄၁၃ ဒသမ ၇၂၇၇) ရှိသော မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အလားတူ မူးယစ်ဆေးဝါးများနှင့်ပတ်သက်ဆက်နွယ်သူ (၆၈၄)ဦးကိုလည်း မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း အချက်အလက်များတွင် ဖော်ပြထားသည်။
အဆိုပါ ဖမ်းဆီးရမိသူများတွင် အမျိုးသား(၅၇၄)ဦးနှင့် အမျိုးသမီး(၁၁ဝ)ဦးတို့ပါဝင်ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ သတင်းအချက်အလက်များအရ သိရသည်။
ဖေဖော်ဝါရီလ(၁)ရက်မှ (၂၈)ရက်အတွင်း မြန်မာတစ်နိုင်ငံလုံး၌ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများတွင် ဘိန်း(၂၁ ဒသမ ၂၄၅) ကီလို၊ ဘိန်းဖြူ (၁၂၅ ဒသမ ၆၂၃)ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား (၃၈၉၄၁၄၁ဝ)ပြား၊ ဆေးခြောက်(၅၆ ဒသမ ၈၅၂)ကီလိုပါဝင်ကြောင်း သိရသည်။

zawgyi version
ေဖေဖာ္ဝါရီလအတြင္း မူးယစ္ေဆးဝါးႏွင့္ပတ္သက္ဆက္ႏြယ္သူ (၇ဝဝ)နီးပါးကို ဖမ္းဆီးထိန္းသိမ္းႏိုင္ခဲ့ေၾကာင္း မူးယစ္ရဲတပ္ဖြဲ႕ေျပာ
NP News - မတ္ ၁၉
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလအတြင္း မူးယစ္ေဆးဝါးႏွင့္ ပတ္သက္ဆက္ႏြယ္သူ (၇ဝဝ)နီးပါးကို ရဲတပ္ဖြဲ႕မွ ဖမ္းဆီးထိန္းသိမ္းႏိုင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးတပ္ဖြဲ႕၏ သတင္းအခ်က္ အလက္မ်ားအရ သိရသည္။
ျမန္မာႏိုင္ငံမူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားပူးေပါင္း၍ မူး ယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိေရးကိုေဆာင္႐ြက္ခဲ့ရာ ေဖေဖာ္ဝါရီလအတြင္း စုစုေပါင္းတန္ဖိုးေငြက်ပ္သန္းေပါင္း (၁၈၃၄၁၃ ဒသမ ၇၂၇၇) ရွိေသာ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
အလားတူ မူးယစ္ေဆးဝါးမ်ားႏွင့္ပတ္သက္ဆက္ႏြယ္သူ (၆၈၄)ဦးကိုလည္း မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း အခ်က္အလက္မ်ားတြင္ ေဖာ္ျပထားသည္။
အဆိုပါ ဖမ္းဆီးရမိသူမ်ားတြင္ အမ်ိဳးသား(၅၇၄)ဦးႏွင့္ အမ်ိဳးသမီး(၁၁ဝ)ဦးတို႔ပါဝင္ေၾကာင္း ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။
ေဖေဖာ္ဝါရီလ(၁)ရက္မွ (၂၈)ရက္အတြင္း ျမန္မာတစ္ႏိုင္ငံလုံး၌ ဖမ္းဆီးရမိခဲ့သည့္ မူးယစ္ေဆးဝါးမ်ားတြင္ ဘိန္း(၂၁ ဒသမ ၂၄၅) ကီလို၊ ဘိန္းျဖဴ (၁၂၅ ဒသမ ၆၂၃)ကီလို၊ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၃၈၉၄၁၄၁ဝ)ျပား၊ ေဆးေျခာက္(၅၆ ဒသမ ၈၅၂)ကီလိုပါဝင္ေၾကာင္း သိရသည္။