အလုပ်သမားသက်သေခံကတ်(OWIC)များကို ယနေ့မှစ၍ နေ့ချင်းပြီး ဆောင်ရွက်ပေးနေ

 827

ယွန်း (NP News) - မတ် ၂ဝ

အလုပ်သမားသက်သေခံကတ်(OWIC)များကို ယနေ့မှစ၍ နေ့ချင်းပြီးဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

မိမိအစီအစဥ်ဖြင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်မည့် အလုပ်သမားများနှင့် ပြည်ပမှခွင့်ဖြင့်ပြန်လာသည့် အလုပ်သမားများအတွက် OWIC ကတ်ကို နေ့ချင်းပြီးထုတ်ပေးနေခြင်း‌ဖြစ်သည်။

ပွဲစားများ၏ ဆောင်ရွက်မှုကို တားဆီးနိုင်ရန်နှင့် အလုပ်သမားများ အချိန်ကုန်၊ ငွေကုန်မှုများသက်သာလျော့‌နည်းစေရန်အတွက် OWIC ထုတ်ပေးရေးတာဝန်ခံအရာရှိမှစိစစ်ပြီး ထိုသို့ ထုတ်ပေးနိုင်ရေးအတွက် တိုင်းဒေသကြီးတာဝန်ခံအရာရှိထံသို့ တင်ပြခဲ့ကြောင်း သိရသည်။

ထိုသို့ တင်ပြခဲ့ရာ တိုင်းဒေသကြီးတာဝန်ခံအရာရှိ၏ ခွင့်ပြုမိန့်ဖြင့် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ (၈) မိုင်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (တိုင်းဒေသကြီးရုံး)တွင် ယနေ့( မတ်လ ၂ဝ ရက်)မှစတင်ကာ OWIC ကတ် ခွင့်ပြုထုတ်ပေးမှုကို နေ့ချင်းပြီး ဆောင်ရွက်ပေးနေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် ခွင့်ပြန်အလုပ်သမားများအပါအဝင် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်မည့် ကျွမ်း ကျင်အလုပ်သမားများ၊ အမြဲတမ်းနေထိုင်ခွင့်ပါမစ်ဖြင့် နေထိုင်လုပ်ကိုင်သူများအနေဖြင့် (၈)မိုင်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတွင် ကိုယ်တိုင်လာရောက်၍ OWIC လျှောက်ထားထုတ်ယူနိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ဆိုထားသည်။

၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်မှ ၂ဝ၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၈)ရက်အထိ အေဂျင် စီအစီအစဥ် အပါအဝင် မိမိအစီအစဥ်ဖြင့် ပြည်ပနိုင်ငံ(၈၂)နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား (၂၁၆ဝဝဝ)ကျော်ကို OWIC ကတ်ထုတ်ပေးခဲ့ကြောင်းသိရသည်။

zawgyi version
အလုပ္သမားသက္ေသခံကတ္(OWIC)မ်ားကို ယေန႔မွစ၍ ေန႔ခ်င္းၿပီး ေဆာင္႐ြက္ေပးေန

ယြန္း (NP News) - မတ္ ၂ဝ

အလုပ္သမားသက္ေသခံကတ္(OWIC)မ်ားကို ယေန႔မွစ၍ ေန႔ခ်င္းၿပီးေဆာင္႐ြက္ေပးေနၿပီျဖစ္ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနမွ သိရသည္။

မိမိအစီအစဥ္ျဖင့္ ျပည္ပသို႔ သြားေရာက္အလုပ္လုပ္မည့္ အလုပ္သမားမ်ားႏွင့္ ျပည္ပမွခြင့္ျဖင့္ျပန္လာသည့္ အလုပ္သမားမ်ားအတြက္ OWIC ကတ္ကို ေန႔ခ်င္းၿပီးထုတ္ေပးေနျခင္း‌ျဖစ္သည္။

ပြဲစားမ်ား၏ ေဆာင္႐ြက္မႈကို တားဆီးႏိုင္ရန္ႏွင့္ အလုပ္သမားမ်ား အခ်ိန္ကုန္၊ ေငြကုန္မႈမ်ားသက္သာေလ်ာ့‌နည္းေစရန္အတြက္ OWIC ထုတ္ေပးေရးတာဝန္ခံအရာရွိမွစိစစ္ၿပီး ထိုသို႔ ထုတ္ေပးႏိုင္ေရးအတြက္ တိုင္းေဒသႀကီးတာဝန္ခံအရာရွိထံသို႔ တင္ျပခဲ့ေၾကာင္း သိရသည္။

ထိုသို႔ တင္ျပခဲ့ရာ တိုင္းေဒသႀကီးတာဝန္ခံအရာရွိ၏ ခြင့္ျပဳမိန႔္ျဖင့္ ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္၊ (၈) မိုင္ရွိ အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာန (တိုင္းေဒသႀကီး႐ုံး)တြင္ ယေန႔( မတ္လ ၂ဝ ရက္)မွစတင္ကာ OWIC ကတ္ ခြင့္ျပဳထုတ္ေပးမႈကို ေန႔ခ်င္းၿပီး ေဆာင္႐ြက္ေပးေနေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ေၾကာင့္ ခြင့္ျပန္အလုပ္သမားမ်ားအပါအဝင္ ျပည္ပႏိုင္ငံမ်ားသို႔ သြားေရာက္အလုပ္လုပ္မည့္ ကြၽမ္း က်င္အလုပ္သမားမ်ား၊ အၿမဲတမ္းေနထိုင္ခြင့္ပါမစ္ျဖင့္ ေနထိုင္လုပ္ကိုင္သူမ်ားအေနျဖင့္ (၈)မိုင္ရွိ အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာနတြင္ ကိုယ္တိုင္လာေရာက္၍ OWIC ေလွ်ာက္ထားထုတ္ယူႏိုင္ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနမွ ဆိုထားသည္။

၂ဝ၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ(၁)ရက္မွ ၂ဝ၂၃ ခုႏွစ္၊ ေဖေဖာ္ဝါရီလ(၂၈)ရက္အထိ ေအဂ်င္စီအစီအစဥ္ အပါ အဝင္ မိမိအစီအစဥ္ျဖင့္ ျပည္ပႏိုင္ငံ(၈၂)ႏိုင္ငံတြင္ သြားေရာက္အလုပ္လုပ္ကိုင္ေနသည့္ အလုပ္သမား (၂၁၆ဝဝဝ)ေက်ာ္ကို OWIC ကတ္ထုတ္ေပးခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.