ဆေးတက္ကသိုလ် ကျောင်းသားတစ်ဦးအား ဒလန်ဟုစွပ်စွဲကာ သေနတ်ဖြင့် အနီးကပ်လုပ်ကြံသတ်ဖြတ်မှု ရန်ကုန်မြို့၌ဖြစ်ပွား

 3426

NP News - မတ် ၂၁

ဆေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသားတစ်ဦးအား ဒလန်ဟုစွပ်စွဲကာ သေနတ်ဖြင့် အနီးကပ်လုပ်ကြံသတ်ဖြတ်မှု ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့(မတ်လ ၂ဝ ရက်)၊ ညနေ ၅ နာရီကျော်အချိန်ခန့်တွင် စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ စီဆုံလမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာရှိသတင်းအရင်းအမြစ်က NP News ကိုပြောဆိုထားသည်။

ဆေးတက္ကသိုလ်ဒုတိယနှစ် ကျောင်းသားဖြစ်သူ ကိုဝင့်မိုးအောင်သည် ၎င်း၏ နေအိမ်သို့ ပြန်လာစဉ်အချိန် အိမ်ရှေ့အရောက်၌ သေနတ်သမားတစ်စုက အနီးကပ်ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း အထက်ပါသ တင်းအရင်းအမြစ်က ဆိုသည်။

အဆိုပါပစ်ခတ်မှုဖြစ်စဉ်အတွင်း ဆေးကျောင်းသား ကိုဝင့်မိုးအောင်အား နေအိမ်ရှေ့၌ ထွက်ကြိုနေသော ၎င်း၏ အသက် (၆ဝ)ကျော်အရွယ်ရှိ အဒေါ်ဖြစ်သူမှာလည်း သေနတ်ဖြင့် ပစ်ခတ်ခြင်းခံခဲ့ရသည့်အပြင် လမ်းသွားလမ်းလာအမျိုးသမီးတစ်ဦးမှာလည်း ပစ်ခတ်ခြင်းခံခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဆေးကျောင်းသား ကိုဝင့်မိုးအောင်သည် ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှုခံယူစဉ်အချိန်တွင် သေဆုံးခဲ့ကြောင်းသိရပြီး ၎င်း၏အဒေါ်ဖြစ်သူသည် စိုးရိမ်ရသောအခြေအနေဖြင့် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပစ်ခတ်မှုဖြစ်စဉ်အတွင်း ကျည်ဆံထိမှန်ဒဏ်ရာရရှိခဲ့သည့် လမ်းသွားလမ်းလာအမျိုးသမီးတစ်ဦးမှာလည်း မစိုးရိမ်ရအခြေအနေဖြင့် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ “စမ်းချောင်းပင်မသပိတ်စစ်ကြောင်း” အမည်ရှိ Facebook စာမျက်နှာတစ်ခုမှ ဆေးကျောင်းသား ကိုဝင့်မိုးအောင်အား ဒလန်ဟုစွပ်စွဲရေးသားကာ ပစ်ခတ်ရှင်းလင်းခံရမှုကြောင့်သေဆုံးသွားပြီဖြစ်သည်ဟု ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။

ဆေးကျောင်းသား ကိုဝင့်မိုးအောင်သည် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရစဉ်အချိန်တွင် အသက်(၂ဝ) အရွယ်သာရှိသေးသည်။

၂ဝ၂၁ ခုနှစ် နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံအတွင်း၌ အကြမ်းဖက်အဖွဲ့များမှ အရပ်သားများအား ဒလန်ဟုစွပ်စွဲကာ သတ်ဖြတ်နေသည့်ဖြစ်စဉ်များမှာ အများအပြားဖြစ်ပွားလျက်ရှိနေသည်။

zawgyi version
ေဆးတကၠသိုလ္ ေက်ာင္းသားတစ္ဦးအား ဒလန္ဟုစြပ္စြဲကာ ေသနတ္ျဖင့္ အနီးကပ္လုပ္ႀကံသတ္ျဖတ္မႈ ရန္ကုန္ၿမိဳ႕၌ျဖစ္ပြား

NP News - မတ္ ၂၁

ေဆးတကၠသိုလ္ ဒုတိယႏွစ္ေက်ာင္းသားတစ္ဦးအား ဒလန္ဟုစြပ္စြဲကာ ေသနတ္ျဖင့္ အနီးကပ္လုပ္ႀကံသတ္ျဖတ္မႈ ရန္ကုန္တိုင္း၊ စမ္းေခ်ာင္းၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(မတ္လ ၂ဝ ရက္)၊ ညေန ၅ နာရီေက်ာ္အခ်ိန္ခန႔္တြင္ စမ္းေခ်ာင္းၿမိဳ႕နယ္၊ လင္းလြန္းေတာင္ရပ္ကြက္၊ စီဆုံလမ္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း အခင္းျဖစ္ပြားရာေနရာရွိသတင္းအရင္းအျမစ္က NP News ကိုေျပာဆိုထားသည္။

ေဆးတကၠသိုလ္ဒုတိယႏွစ္ ေက်ာင္းသားျဖစ္သူ ကိုဝင့္မိုးေအာင္သည္ ၎၏ ေနအိမ္သို႔ ျပန္လာစဥ္အခ်ိန္ အိမ္ေရွ႕အေရာက္၌ ေသနတ္သမားတစ္စုက အနီးကပ္ပစ္ခတ္သြားခဲ့ျခင္းျဖစ္ေၾကာင္း အထက္ပါသ တင္းအရင္းအျမစ္က ဆိုသည္။

အဆိုပါပစ္ခတ္မႈျဖစ္စဥ္အတြင္း ေဆးေက်ာင္းသား ကိုဝင့္မိုးေအာင္အား ေနအိမ္ေရွ႕၌ ထြက္ႀကိဳေနေသာ ၎၏ အသက္ (၆ဝ)ေက်ာ္အ႐ြယ္ရွိ အေဒၚျဖစ္သူမွာလည္း ေသနတ္ျဖင့္ ပစ္ခတ္ျခင္းခံခဲ့ရသည့္အျပင္ လမ္းသြားလမ္းလာအမ်ိဳးသမီးတစ္ဦးမွာလည္း ပစ္ခတ္ျခင္းခံခဲ့ရေၾကာင္း ၎က ဆက္လက္ေျပာသည္။

ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ေဆးေက်ာင္းသား ကိုဝင့္မိုးေအာင္သည္ ရန္ကုန္ေဆး႐ုံႀကီး၌ ေဆးကုသမႈခံယူစဥ္အခ်ိန္တြင္ ေသဆုံးခဲ့ေၾကာင္းသိရၿပီး ၎၏အေဒၚျဖစ္သူသည္ စိုးရိမ္ရေသာအေျခအေနျဖင့္ ေဆးကုသမႈခံယူလ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ပစ္ခတ္မႈျဖစ္စဥ္အတြင္း က်ည္ဆံထိမွန္ဒဏ္ရာရရွိခဲ့သည့္ လမ္းသြားလမ္းလာအမ်ိဳးသမီးတစ္ဦးမွာလည္း မစိုးရိမ္ရအေျခအေနျဖင့္ ေဆးကုသမႈခံယူလ်က္ရွိေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ “စမ္းေခ်ာင္းပင္မသပိတ္စစ္ေၾကာင္း” အမည္ရွိ Facebook စာမ်က္ႏွာတစ္ခုမွ ေဆးေက်ာင္းသား ကိုဝင့္မိုးေအာင္အား ဒလန္ဟုစြပ္စြဲေရးသားကာ ပစ္ခတ္ရွင္းလင္းခံရမႈေၾကာင့္ေသဆုံးသြားၿပီျဖစ္သည္ဟု ေရးသားေဖာ္ျပထားသည္ကို ေတြ႕ရွိရသည္။

ေဆးေက်ာင္းသား ကိုဝင့္မိုးေအာင္သည္ ေသနတ္ျဖင့္ လုပ္ႀကံသတ္ျဖတ္ခံရစဥ္အခ်ိန္တြင္ အသက္(၂ဝ) အ႐ြယ္သာရွိေသးသည္။

၂ဝ၂၁ ခုႏွစ္ ေနာက္ပိုင္းမွစ၍ ျမန္မာႏိုင္ငံအတြင္း၌ အၾကမ္းဖက္အဖြဲ႕မ်ားမွ အရပ္သားမ်ားအား ဒလန္ဟုစြပ္စြဲကာ သတ္ျဖတ္ေနသည့္ျဖစ္စဥ္မ်ားမွာ အမ်ားအျပားျဖစ္ပြားလ်က္ရွိေနသည္။

Picture

007 Din

21/03/2023 12:56

စမ်းချောင်းတောင်ရပ်ကွက်ပါ

Picture

Htun Aung Kyaw

21/03/2023 13:13

အဲ့အကြမ်းဖက်တွေကို ကိုင်တွယ်ရမယ့်လူတွေက ထိုင်ကြည့်နေတော့မှာလား စိတ်ပျက်စရာကောင်းတယ်

Picture

Bo htun tauk

22/03/2023 08:56

ဒီလိုပဲဒလန်လို့စွပ်စွဲခံရပြီး အသတ်ခံနေရတော့မှာလား ဘယ်သူကတရားစီရင်နေတာလဲ။ ဘယ်သူကသတ်မိန့်ပေးတာလဲ။ NUG ကပေးတယ်ဆိုထားပါတော့ ။ ကိုယ့်ဖာသာ သတ်ချင်တိုင်းသတ်‌‌နေတာကတော့လူ့ယဉ်ကျေးတွေအလုပ်မဟုတ်တော့ဘူး။ ကြီးနိုင်ငယ်ညှင်း ကေ ကျောက်ခေတ်လူသားတွေဖြစ်နေပြီ ျ

Related news

© 2021. All rights reserved.