အမျိုးသားတစ်ဦး မန္တလေးကျုံးအတွင်းသို့ ခုန်ချသတ်သေမှုဖြစ်ပွား

 1113

Pearl (NP News) - မတ် ၂၁

မန္တလေးတိုင်း၊ ချမ်းအေးသာဇံမြို့နယ်ရှိ ကျုံးရေပြင်အတွင်းသို့ အမျိုးသားတစ်ဦး ခုန်ချမှုဖြစ်ပွားခဲ့ကြောင်း စေတနာမေတ္တာကရုဏာ လူမှုကူညီရေးအသင်းထံမှ သတင်းရရှိသည်။

ဖြစ်စဥ်မှာ ယနေ့(မတ်လ ၂၁ ရက်)၊ နံနက် (၄)နာရီအချိန်ခန့်တွင် ချမ်းအေးသာဇံမြို့နယ်၊ (၂၆x၇၇) လမ်းထောင့်ရှိ ကျုံးရေပြင်အတွင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား ယနေ့၊ နံနက် (၆)နာရီအချိန်ခန့်တွင် မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် ၊ ရှာဖွေကယ် ဆယ်ရေးယာဉ် ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းသားများဖြင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်ရာ မိနစ်(၃ဝ)ခန့်အကြာတွင် ၎င်း၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါ ရုပ်အလောင်းအား စေတနာမေတ္တာဂရုဏာအသင်းမှ လူနာတင်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

"သူ့အိမ်က လူတွေပြောတာတော့ အဲဒီအမျိုးသားက အိမ်ကနေ မနေ့ကည (၂)နာရီလောက်က တစ်ခါထွက်သေးတယ်၊ သူ့ဦးလေးတွေ လိုက်ဆွဲထားလို့ အိမ်ထဲ ပြန်ဝင်လာတာတဲ့၊ ပြီးတော့ မနက် (၄)နာရီလောက်က တစ်ခါထပ်ပြီး ထွက်တဲ့အချိန်မှာ ဖြစ်သွားတာပေါ့၊ သူ့အဘလည်း နောက်ကလိုက်ဆွဲတာ မမှီတော့ဘူးလို့ ပြောတယ်၊ ဘာလို့ခုန်ချလဲဆိုတာတော့ မသိပါဘူး" ဟု စေတနာ မေတ္တာ ကရုဏာလူမှုကူညီ ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

သေဆုံးသူသည် ဦးဇော်မျိုးထက်(၂၈)နှစ်ဖြစ်ပြီး ချမ်းအေးသာဇံမြို့နယ်၊ ဟေမာဇလရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

zawgyi version
အမ်ိဳးသားတစ္ဦး မႏၲေလးက်ဳံးအတြင္းသို႔ ခုန္ခ်သတ္ေသမႈျဖစ္ပြား

Pearl (NP News) - မတ္ ၂၁

မႏၲေလးတိုင္း၊ ခ်မ္းေအးသာဇံၿမိဳ႕နယ္ရွိ က်ဳံးေရျပင္အတြင္းသို႔ အမ်ိဳးသားတစ္ဦး ခုန္ခ်မႈျဖစ္ပြားခဲ့ေၾကာင္း ေစတနာေမတၱာက႐ုဏာ လူမႈကူညီေရးအသင္းထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(မတ္လ ၂၁ ရက္)၊ နံနက္ (၄)နာရီအခ်ိန္ခန႔္တြင္ ခ်မ္းေအးသာဇံၿမိဳ႕နယ္၊ (၂၆x၇၇) လမ္းေထာင့္ရွိ က်ဳံးေရျပင္အတြင္း ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္အား ယေန႔၊ နံနက္ (၆)နာရီအခ်ိန္ခန႔္တြင္ မီးသတ္စခန္းမွ အုပ္ခ်ဳပ္မႈယာဥ္ ၊ ရွာေဖြကယ္ ဆယ္ေရးယာဥ္ ၊ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ လူမႈကူညီေရးအသင္းသားမ်ားျဖင့္ပူးေပါင္း၍ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္းသိရသည္။

ထိုသို႔ ရွာေဖြကယ္ဆယ္ေရးမ်ား ေဆာင္႐ြက္ရာ မိနစ္(၃ဝ)ခန႔္အၾကာတြင္ ၎၏ ႐ုပ္အေလာင္းအား ရွာေဖြေတြ႕ရွိခဲ့ၿပီး အဆိုပါ ႐ုပ္အေလာင္းအား ေစတနာေမတၱာဂ႐ုဏာအသင္းမွ လူနာတင္ယာဥ္ျဖင့္ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

"သူ႔အိမ္က လူေတြေျပာတာေတာ့ အဲဒီအမ်ိဳးသားက အိမ္ကေန မေန႔ကည (၂)နာရီေလာက္က တစ္ခါထြက္ေသးတယ္၊ သူ႔ဦးေလးေတြ လိုက္ဆြဲထားလို႔ အိမ္ထဲ ျပန္ဝင္လာတာတဲ့၊ ၿပီးေတာ့ မနက္ (၄)နာရီေလာက္က တစ္ခါထပ္ၿပီး ထြက္တဲ့အခ်ိန္မွာ ျဖစ္သြားတာေပါ့၊ သူ႔အဘလည္း ေနာက္ကလိုက္ဆြဲတာ မမွီေတာ့ဘူးလို႔ ေျပာတယ္၊ ဘာလို႔ခုန္ခ်လဲဆိုတာေတာ့ မသိပါဘူး" ဟု ေစတနာ ေမတၱာ က႐ုဏာလူမႈကူညီ ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ေသဆုံးသူသည္ ဦးေဇာ္မ်ိဳးထက္(၂၈)ႏွစ္ျဖစ္ၿပီး ခ်မ္းေအးသာဇံၿမိဳ႕နယ္၊ ေဟမာဇလရပ္ကြက္တြင္ ေနထိုင္သူျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.