သန်လျင်မြို့တွင် သင်္ဘောသား(၃)ဦးရေဆင်းကူးရာ (၂)ဦး‌ရေနစ်သေဆုံး

 2303

Pearl (NP News) - မတ် ၂၁

ရန်ကုန်တိုင်း ၊ သန်လျင်မြို့တွင် သင်္ဘောသား(၃)ဦး ရေဆင်းကူးရာမှ (၂)ဦးရေနစ်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ(မတ်လ ၂ဝ ရက်)၊ ညနေ (၄)နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ပဲခူးစုရပ်ကွက်ရှိ စက်ကန် (၂) တွင်ဖြစ်ပွားခဲ့ကြောင်း ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်းထံမှ သတင်းရရှိသည်။

သင်္ဘောသားများဖြစ်သည့် အင်းစိန်မြို့နယ်တွင်နေထိုင်သူ ဦးသူရိန် နှင့် ဒလမြို့နယ်နေထိုင်သူ ဦးပြည့်စုံ တို့သည် သန်လျင်မြို့နယ်၊ ရွှေဝါလမ်းသွယ်၊ အမှုထမ်းရပ်ကွက်၊ အမှတ်(၁၇)တွင်နေထိုင်သော ဦးကိုကိုမြတ်ထံသို့ အလည်လာစဉ်ရေဆင်းကူးရာမှ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ ရေဆင်းကူးရာ ဦးသူရိန်မှရေနှစ်နေ၍ ဦးပြည့်စုံမှသွားရောက်ကယ်ဆယ်ရာ နှစ်ဦးလုံးပြန်မပေါ်လာတော့ကြောင်း ကျန်ရှိသူ ဦးကိုကိုမြတ်ထံမှသိရှိရကြောင်း ၎င်းအသင်းက ဆိုထားသည်။

"သင်္ဘောကနေပြန်လာပြီး သူငယ်ချင်းအိမ်လာလည်တယ်၊ ပြီးတော့ စက်ကန် ၂ မှာ ရေဆင်းကူးတယ်၊ ရေဆင်းကူးလိုက် အရက်သောက်လိုက် ပြန်ဆင်းကူးလိုက် လုပ်နေရင်း ဖြစ်သွားတာ၊ သန်လျင်မှာနေတဲ့တစ်ယောက်ကတော့ ရေမကူးတတ်တော့ ကမ်းစပ်မှာပဲနေတော့ လွတ်သွားတာပါ" ဟု ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်း၏တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ ဖြစ်စဥ်အား ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်း အပါအဝင် အခြားလူမှုကူညီရေးအသင်းများမှ ကယ်ဆယ်ရေးများပူးပေါင်းဆောင်ရွက်ခဲ့ရာ ဦးပြည့်စုံ၏ အလောင်းအား မတ်လ(၂ဝ)ရက်၊ညနေ(၅) နာရီခွဲအချိန်ခန့်တွင် ပြန်လည်တွေ့ရှိခဲ့ပြီး သန်လျင်ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကျန်နေသော ဦးသူရိန်၏ ရုပ်အလောင်းအား ရှာဖွေကယ်ဆယ်‌ရေးများ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်းမှဆိုသည်။

zawgyi version
သန္လ်င္ၿမိဳ႕တြင္ သေဘၤာသား(၃)ဦးေရဆင္းကူးရာ (၂)ဦး‌ေရနစ္ေသဆုံး

Pearl (NP News) - မတ္ ၂၁

ရန္ကုန္တိုင္း ၊ သန္လ်င္ၿမိဳ႕တြင္ သေဘၤာသား(၃)ဦး ေရဆင္းကူးရာမွ (၂)ဦးေရနစ္ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ(မတ္လ ၂ဝ ရက္)၊ ညေန (၄)နာရီအခ်ိန္ခန႔္တြင္ ရန္ကုန္တိုင္း၊ သန္လ်င္ၿမိဳ႕နယ္၊ ပဲခူးစုရပ္ကြက္ရွိ စက္ကန္ (၂) တြင္ျဖစ္ပြားခဲ့ေၾကာင္း ေ႐ႊေရာင္တြဲလက္လူမႈကူညီေရးအသင္းထံမွ သတင္းရရွိသည္။

သေဘၤာသားမ်ားျဖစ္သည့္ အင္းစိန္ၿမိဳ႕နယ္တြင္ေနထိုင္သူ ဦးသူရိန္ ႏွင့္ ဒလၿမိဳ႕နယ္ေနထိုင္သူ ဦးျပည့္စုံ တို႔သည္ သန္လ်င္ၿမိဳ႕နယ္၊ ေ႐ႊဝါလမ္းသြယ္၊ အမႈထမ္းရပ္ကြက္၊ အမွတ္(၁၇)တြင္ေနထိုင္ေသာ ဦးကိုကိုျမတ္ထံသို႔ အလည္လာစဥ္ေရဆင္းကူးရာမွ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ေရဆင္းကူးရာ ဦးသူရိန္မွေရႏွစ္ေန၍ ဦးျပည့္စုံမွသြားေရာက္ကယ္ဆယ္ရာ ႏွစ္ဦးလုံးျပန္မေပၚလာေတာ့ေၾကာင္း က်န္ရွိသူ ဦးကိုကိုျမတ္ထံမွသိရွိရေၾကာင္း ၎အသင္းက ဆိုထားသည္။

"သေဘၤာကေနျပန္လာၿပီး သူငယ္ခ်င္းအိမ္လာလည္တယ္၊ ၿပီးေတာ့ စက္ကန္ ၂ မွာ ေရဆင္းကူးတယ္၊ ေရဆင္းကူးလိုက္ အရက္ေသာက္လိုက္ ျပန္ဆင္းကူးလိုက္ လုပ္ေနရင္း ျဖစ္သြားတာ၊ သန္လ်င္မွာေနတဲ့တစ္ေယာက္ကေတာ့ ေရမကူးတတ္ေတာ့ ကမ္းစပ္မွာပဲေနေတာ့ လြတ္သြားတာပါ" ဟု ေ႐ႊေရာင္တြဲလက္လူမႈကူညီေရးအသင္း၏တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ ျဖစ္စဥ္အား ေ႐ႊေရာင္တြဲလက္လူမႈကူညီေရးအသင္း အပါအဝင္ အျခားလူမႈကူညီေရးအသင္းမ်ားမွ ကယ္ဆယ္ေရးမ်ားပူးေပါင္းေဆာင္႐ြက္ခဲ့ရာ ဦးျပည့္စုံ၏ အေလာင္းအား မတ္လ(၂ဝ)ရက္၊ညေန(၅) နာရီခြဲအခ်ိန္ခန႔္တြင္ ျပန္လည္ေတြ႕ရွိခဲ့ၿပီး သန္လ်င္ေဆး႐ုံ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ က်န္ေနေသာ ဦးသူရိန္၏ ႐ုပ္အေလာင္းအား ရွာေဖြကယ္ဆယ္‌ေရးမ်ား ဆက္လက္ေဆာင္ ႐ြက္လ်က္ရွိေၾကာင္း ေ႐ႊေရာင္တြဲလက္လူမႈကူညီေရးအသင္းမွဆိုသည္။

Related news

© 2021. All rights reserved.