နိုင်ငံ၏ကာကွယ်ရေးကို တည်ဆောက်နိုင်ပါက နိုင်ငံတကာ၌ အထိုက်အလျောက်သြဇာရှိနိုင်ဟု တပ်ချုပ်ပြော

 1455

မျိုးကြီး (NP News) - မတ် ၂၁

နိုင်ငံ၏ ကာကွယ်ရေးကိုတည်ဆောက်နိုင်ပါက နိုင်ငံတကာ၌ အထိုက်အလျောက်သြဇာရှိနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ်လ ၂ဝ ရက်တွင် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရုံး၌ သက် ဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အား နှင့် ကာကွယ်ရေးမောင်းနှင်အားတို့ဖြင့် ရပ်တည်ဆောင်ရွက်ရပြီး စည်းလုံးညီညွတ်မှုရှိသည့် နိုင်ငံသားများဖြင့် ရပ်တည်ဆောက်ရွက်မည်ဆိုပါက နိုင်ငံရေးအားကောင်းမည်ဟု နစကဥက္ကဋ္ဌက ဆိုသည်။

ထို့ပြင် စီးပွားရေးမောင်းနှင်အားကောင်းမွန်ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး နိုင်ငံ၏ကာကွယ်ရေးကိုတည်ဆောက်နိုင်ပါက နိုင်ငံတကာတွင် အထိုက်အလျောက်သြဇာရှိနိုင်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

အဆိုပါ မောင်းနှင်အားများအနက် စီးပွားရေးမောင်းနှင်အားသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအကျဆုံးဖြစ်ပြီး တည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုစေနိုင်ကြောင်းနှင့် စီးပွားရေးမောင်းနှင်အား ကောင်းမွန်မှသာ နိုင်ငံရေးနှင့်ကာကွယ်ရေးမောင်းနှင်အားတို့ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း တပ်ချုပ်က သုံးသပ်ထားသည်။

ထို့ကြောင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားတိုးတက်စေရေးနှင့်လူအများကြီးပွားချမ်းသာစေမည့်လမ်းကြောင်းကို မြှင့်တင်ဆောင်ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စီးပွားရေးကို အဓိကထားဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌက အကြံပြုပြောဆိုထားသည်။

zawgyi version
ႏိုင္ငံ၏ကာကြယ္ေရးကို တည္ေဆာက္ႏိုင္ပါက ႏိုင္ငံတကာ၌ အထိုက္အေလ်ာက္ၾသဇာရွိႏိုင္ဟု တပ္ခ်ဳပ္ေျပာ

မ်ိဳးႀကီး (NP News) - မတ္ ၂၁

ႏိုင္ငံ၏ ကာကြယ္ေရးကိုတည္ေဆာက္ႏိုင္ပါက ႏိုင္ငံတကာ၌ အထိုက္အေလ်ာက္ၾသဇာရွိႏိုင္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။

နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က မတ္လ ၂ဝ ရက္တြင္ စစ္ကိုင္းတိုင္းအစိုးရအဖြဲ႕႐ုံး၌ သက္ ဆိုင္ရာတာဝန္ရွိသူမ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံတစ္ႏိုင္ငံအေနျဖင့္ ႏိုင္ငံေရးေမာင္းႏွင္အား၊ စီးပြားေရးေမာင္းႏွင္အား ႏွင့္ ကာကြယ္ေရးေမာင္းႏွင္အားတို႔ျဖင့္ ရပ္တည္ေဆာင္႐ြက္ရၿပီး စည္းလုံးညီၫြတ္မႈရွိသည့္ ႏိုင္ငံသားမ်ားျဖင့္ ရပ္တည္ေဆာက္႐ြက္မည္ဆိုပါက ႏိုင္ငံေရးအားေကာင္းမည္ဟု နစကဥကၠ႒က ဆိုသည္။

ထို႔ျပင္ စီးပြားေရးေမာင္းႏွင္အားေကာင္းမြန္ပါက ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္မည္ျဖစ္ၿပီး ႏိုင္ငံ၏ကာကြယ္ေရးကိုတည္ေဆာက္ႏိုင္ပါက ႏိုင္ငံတကာတြင္ အထိုက္အေလ်ာက္ၾသဇာရွိႏိုင္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။

အဆိုပါ ေမာင္းႏွင္အားမ်ားအနက္ စီးပြားေရးေမာင္းႏွင္အားသည္ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အဓိကအက်ဆုံးျဖစ္ၿပီး တည္ၿငိမ္ေအးခ်မ္းမႈကို အေထာက္အကူျပဳေစႏိုင္ေၾကာင္းႏွင့္ စီးပြားေရးေမာင္းႏွင္အား ေကာင္းမြန္မွသာ ႏိုင္ငံေရးႏွင့္ကာကြယ္ေရးေမာင္းႏွင္အားတို႔ကို တည္ေဆာက္ႏိုင္မည္ျဖစ္ေၾကာင္း တပ္ခ်ဳပ္က သုံးသပ္ထားသည္။

ထို႔ေၾကာင့္ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားတို႔၏ အက်ိဳးစီးပြားတိုးတက္ေစေရးႏွင့္လူအမ်ားႀကီးပြားခ်မ္းသာေစမည့္လမ္းေၾကာင္းကို ျမႇင့္တင္ေဆာင္႐ြက္ရာတြင္ စိုက္ပ်ိဳးေမြးျမဴေရးကို အေျခခံသည့္စီးပြားေရးကို အဓိကထားေဆာင္႐ြက္ရမည္ဟု နစက ဥကၠ႒က အႀကံျပဳေျပာဆိုထားသည္။

Related news

© 2021. All rights reserved.