ယူကရိန်းကို အမြောက်ကျည်တစ်သန်း ပေးပို့ဖို့ EU သဘောတူ

 838

ရောင်နီ (NP News) - မတ် ၂၁

ဥရောပသမဂ္ဂ (EU) ဝန်ကြီးများဟာ ၄င်းတို့ရဲ့ကိုယ်ပိုင်လက်နက်များနဲ့ ယူကရိန်းအတွက် ခဲယမ်းမီးကျောက်များ ပူးတွဲဝယ်ယူရန် ယူရိုနှစ်ဘီလျံ (ဒေါ်လာ ၂ ဒသမ ၁၄ ဘီလျံ) အစီအစဉ်ကို သဘောတူညီခဲ့ကြပါတယ်။

လာမယ့် ၁၂ လအတွင်း ယူကရိန်းနိုင်ငံ ဘရပ်ဆဲလ်မှာ ပြုလုပ်မယ့် အစည်းအဝေးအတွင်း အမြောက်ကျည် တစ်သန်းနဲ့ အီးယူစတော့များ ပြန်လည်ဖြည့်တင်းဖို့ ရည်ရွယ်တဲ့ ပဏမခြေလှမ်းကို EU ကာကွယ်ရေးနဲ့ နိုင်ငံခြား ရေးဝန်ကြီးများက ထောက်ခံခဲ့ကြပါတယ်။ အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တဲ့ EU နိုင်ငံခြားရေး မူဝါဒအကြီးအကဲ ဂျိုးဆက်ဘော်ရယ်လ် က ယင်းကို နိုင်ငံ ၂၇ နိုင်ငံ အစုအဖွဲ့နဲ့ နော်ဝေးအတွက် သမိုင်းဝင် ဆုံးဖြတ်ချက်အဖြစ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

"ယူကရိန်းကို ကျွန်ုပ်တို့ရဲ့ကတိကဝတ်များအတိုင်း အမြှောက်ကျည်များ ပေးအပ်ဖို့ အဓိကခြေလှမ်းတစ်ရပ်ကို လုပ်ဆောင်နေပါတယ်" လို့ ၎င်းက ပြောကြားပြီး အဖွဲ့ဝင်နိုင်ငံများမှ ၎င်းတို့ရဲ့ စတော့မှတစ်ဆင့် အမြောက်ကျည် များအတွက် ယူရိုတစ်ဘီလျံ (ဒေါ်လာ ၁.၁ ဘီလျံ) အဆိုပြုချက် အတည်ပြုမှု ရရှိခဲ့ကြောင်း ဆိုပါတယ်။ နောက်ထပ် ယူရိုငွေ တစ်ဘီလျံကိုလည်း အမှာစာအသစ်များ အမြန်ခြေရာခံဖို့ နဲ့ EDA မှတစ်ဆင့် ယင်းဝယ်ယူမှုများမှာ အတူတကွ ပူးပေါင်းလုပ်ဆောင်ဖို့အတွက် အသုံးပြုမှာဖြစ်တယ်လို့ သိရပါတယ်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒိုင်ထရိုကူလာဘာ က ဘော်ရယ်လ် နဲ့ အဖွဲ့ကို ဆုံးဖြတ်ချက်အတွက် ကျေးဇူးတင်ကြောင်း တွစ်တာမှာ ရေးသား ဖော်ပြခဲ့ပါတယ်။

ရုရှားရဲ့ တစ်နှစ်တာလုံး ယူကရိန်းကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်လာမှုဟာ ကြိတ်ချေမှုန်းရေးစစ်ပွဲအဖြစ်သို့ ပြောင်းလဲသွားတာကြောင့် ၎င်းရဲ့တပ်ဖွဲ့များဟာ ရိက္ခာများ ထောက်ပံ့ပေးဖို့ လိုအပ်တယ်လို့ ကီယဗ် က ဆိုပါတယ်။ ရုရှားရဲ့ကျူးကျော်ဝင်ရောက်မှုကြောင့် ယူကရိန်းဟာ အမေရိကန်နဲ့ ဥရောပတို့မှ စစ်ရေးအကူအညီများ အများ အပြား ရယူခဲ့ရပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယူကရိန်းနိုင်ငံသို့ ဒေါ်လာသန်း ၃၅ဝ ဖြင့် လက်နက်နဲ့ ကိရိယာများ အပါအဝင် ခဲယမ်းမီးကျောက်အမျိုးအစား အမျိုးမျိုး၊ ဒုံးပျံများ နဲ့ လောင်စာဆီတင် သင်္ဘောများ၊ မြစ်ကြောင်း လှေများ အများအပြား ပေးပို့မယ်လို့ မတ်လ ၂ဝ ရက်၊ တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

Zawgyi Version;
ယူကရိန္းကို အေျမာက္က်ည္တစ္သန္း ေပးပို႔ဖို႔ EU သေဘာတူ
ေရာင္နီ (NP News) - မတ္ ၂၁

ဥေရာပသမဂၢ (EU) ဝန္ႀကီးမ်ားဟာ ၄င္းတို႔ရဲ႕ကိုယ္ပိုင္လက္နက္မ်ားနဲ႔ ယူကရိန္းအတြက္ ခဲယမ္းမီးေက်ာက္မ်ား ပူးတြဲဝယ္ယူရန္ ယူ႐ိုႏွစ္ဘီလ်ံ (ေဒၚလာ ၂ ဒသမ ၁၄ ဘီလ်ံ) အစီအစဥ္ကို သေဘာတူညီခဲ့ၾကပါတယ္။

လာမယ့္ ၁၂ လအတြင္း ယူကရိန္းႏိုင္ငံ ဘရပ္ဆဲလ္မွာ ျပဳလုပ္မယ့္ အစည္းအေဝးအတြင္း အေျမာက္က်ည္ တစ္သန္းနဲ႔ အီးယူစေတာ့မ်ား ျပန္လည္ျဖည့္တင္းဖို႔ ရည္႐ြယ္တဲ့ ပဏမေျခလွမ္းကို EU ကာကြယ္ေရးနဲ႔ ႏိုင္ငံျခား ေရးဝန္ႀကီးမ်ားက ေထာက္ခံခဲ့ၾကပါတယ္။ အစည္းအေဝး သဘာပတိအျဖစ္ ေဆာင္႐ြက္ခဲ့တဲ့ EU ႏိုင္ငံျခားေရး မူဝါဒအႀကီးအကဲ ဂ်ိဳးဆက္ေဘာ္ရယ္လ္ က ယင္းကို ႏိုင္ငံ ၂၇ ႏိုင္ငံ အစုအဖြဲ႕နဲ႔ ေနာ္ေဝးအတြက္ သမိုင္းဝင္ ဆုံးျဖတ္ခ်က္အျဖစ္ ခ်ီးက်ဴးဂုဏ္ျပဳခဲ့ပါတယ္။

"ယူကရိန္းကို ကြၽႏ္ုပ္တို႔ရဲ႕ကတိကဝတ္မ်ားအတိုင္း အေျမႇာက္က်ည္မ်ား ေပးအပ္ဖို႔ အဓိကေျခလွမ္းတစ္ရပ္ကို လုပ္ေဆာင္ေနပါတယ္" လို႔ ၎က ေျပာၾကားၿပီး အဖြဲ႕ဝင္ႏိုင္ငံမ်ားမွ ၎တို႔ရဲ႕ စေတာ့မွတစ္ဆင့္ အေျမာက္က်ည္ မ်ားအတြက္ ယူ႐ိုတစ္ဘီလ်ံ (ေဒၚလာ ၁.၁ ဘီလ်ံ) အဆိုျပဳခ်က္ အတည္ျပဳမႈ ရရွိခဲ့ေၾကာင္း ဆိုပါတယ္။ ေနာက္ထပ္ ယူ႐ိုေငြ တစ္ဘီလ်ံကိုလည္း အမွာစာအသစ္မ်ား အျမန္ေျခရာခံဖို႔ နဲ႔ EDA မွတစ္ဆင့္ ယင္းဝယ္ယူမႈမ်ားမွာ အတူတကြ ပူးေပါင္းလုပ္ေဆာင္ဖို႔အတြက္ အသုံးျပဳမွာျဖစ္တယ္လို႔ သိရပါတယ္။ ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီး ဒိုင္ထ႐ိုကူလာဘာ က ေဘာ္ရယ္လ္ နဲ႔ အဖြဲ႕ကို ဆုံးျဖတ္ခ်က္အတြက္ ေက်းဇူးတင္ေၾကာင္း တြစ္တာမွာ ေရးသား ေဖာ္ျပခဲ့ပါတယ္။

႐ုရွားရဲ႕ တစ္ႏွစ္တာလုံး ယူကရိန္းကို က်ဴးေက်ာ္ဝင္ေရာက္တိုက္ခိုက္လာမႈဟာ ႀကိတ္ေခ်မႈန္းေရးစစ္ပြဲအျဖစ္သို႔ ေျပာင္းလဲသြားတာေၾကာင့္ ၎ရဲ႕တပ္ဖြဲ႕မ်ားဟာ ရိကၡာမ်ား ေထာက္ပံ့ေပးဖို႔ လိုအပ္တယ္လို႔ ကီယဗ္ က ဆိုပါတယ္။ ႐ုရွားရဲ႕က်ဴးေက်ာ္ဝင္ေရာက္မႈေၾကာင့္ ယူကရိန္းဟာ အေမရိကန္နဲ႔ ဥေရာပတို႔မွ စစ္ေရးအကူအညီမ်ား အမ်ား အျပား ရယူခဲ့ရပါတယ္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ယူကရိန္းႏိုင္ငံသို႔ ေဒၚလာသန္း ၃၅ဝ ျဖင့္ လက္နက္နဲ႔ ကိရိယာမ်ား အပါအဝင္ ခဲယမ္းမီးေက်ာက္အမ်ိဳးအစား အမ်ိဳးမ်ိဳး၊ ဒုံးပ်ံမ်ား နဲ႔ ေလာင္စာဆီတင္ သေဘၤာမ်ား၊ ျမစ္ေၾကာင္း ေလွမ်ား အမ်ားအျပား ေပးပို႔မယ္လို႔ မတ္လ ၂ဝ ရက္၊ တနလၤာေန႔က ေၾကညာခဲ့ပါတယ္။

Related news

© 2021. All rights reserved.