မြိုင်မြို့နယ်တွင် Drop Bomb(၁ဝ)လုံးထက်မနည်း ကျရောက်ပေါက်ကွဲမှုကြောင့် လူနေအိမ်အချို့ပျက်စီး

 1109

စော (NP News) - မတ် ၂၁

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက်များက Drone ယာဥ်များဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရသိရသည်။

နစကမှ မတ်လ(၂ဝ)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ မတ်လ (၂ဝ)ရက်၊ နံနက်(၁ဝ)နာရီဝန်းကျင်အချိန်တွင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သရက်ကွကျေးရွာအတွင်းသို့ အကြမ်းဖက်များက ကျေးရွာ၏အနောက်တောင်ဘက်တစ်မိုင်အကွာမှ Drone ယာဉ် (၂)စီးဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် Drop Bomb(၁၅)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာအတွင်းရှိ ရွှေတောင်သာဘုရားစောင်းတန်းနှင့် လူနေအိမ်(၅)လုံးတို့ ဗုံးစထိမှန်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ ကျေးရွာအတွင်းသို့ Drone ဖြင့်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်များအား ဖမ်းဆီးအရေးယူနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း နစကမှထုတ်ပြန်ထားသည်။

zawgyi version
ၿမိဳင္ၿမိဳ႕နယ္တြင္ Drop Bomb(၁ဝ)လုံးထက္မနည္း က်ေရာက္ေပါက္ကြဲမႈေၾကာင့္ လူေနအိမ္အခ်ိဳ႕ပ်က္စီး

ေစာ (NP News) - မတ္ ၂၁

မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕နယ္ရွိ ေက်း႐ြာတစ္႐ြာကို အၾကမ္းဖက္မ်ားက Drone ယာဥ္မ်ားျဖင့္ Drop Bomb မ်ား ပစ္ခ်တိုက္ခိုက္ခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရသိရသည္။

နစကမွ မတ္လ(၂ဝ)ရက္၊ ညပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ျဖစ္စဥ္မွာ မတ္လ (၂ဝ)ရက္၊ နံနက္(၁ဝ)နာရီဝန္းက်င္အခ်ိန္တြင္ မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕နယ္၊ သရက္ကြေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

သရက္ကြေက်း႐ြာအတြင္းသို႔ အၾကမ္းဖက္မ်ားက ေက်း႐ြာ၏အေနာက္ေတာင္ဘက္တစ္မိုင္အကြာမွ Drone ယာဥ္ (၂)စီးျဖင့္ Drop Bomb မ်ား ပစ္ခ်တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ တိုက္ခိုက္မႈေၾကာင့္ Drop Bomb(၁၅)လုံး က်ေရာက္ေပါက္ကြဲခဲ့ၿပီး ေက်း႐ြာအတြင္းရွိ ေ႐ႊေတာင္သာဘုရားေစာင္းတန္းႏွင့္ လူေနအိမ္(၅)လုံးတို႔ ဗုံးစထိမွန္ပ်က္စီးဆုံးရႈံးခဲ့ရေၾကာင္း သိရသည္။

အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ေက်း႐ြာအတြင္းသို႔ Drone ျဖင့္တိုက္ခိုက္ခဲ့သည့္ အၾကမ္းဖက္မ်ားအား ဖမ္းဆီးအေရးယူႏိုင္ေရးအတြက္ ေဆာင္႐ြက္ေနေၾကာင္း နစကမွထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.