မြောက်ကိုရီးယား ၏ ဒုံးကျည်ပစ်လွှတ်မှုအတွက် အရေးယူရန် အမေရိကန် တိုက်တွန်းတောင်းဆို

 1049

Pika (NP News) - မတ် ၂၁

မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများအပေါ် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အမေရိကန် တိုက်တွန်းတောင်းဆို မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုများနှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုများ လုပ်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အမေရိကန်က ထပ်မံတိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုများကို လက်တုံ့ပြန်မှုအဖြစ် မြောက်ကိုရီးယားသည် မတ်လ(၁၉)ရက်က တာတိုပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်း ကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်းလည်း သိရသည်။

ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ်ဂရင်းဖီးလ် က "ဒီပစ်လွှတ်မှုတွေဟာ ခြိမ်းခြောက် မှုတွေဖြစ်စေသလို ဒေသတွင်းနဲ့ နိုင်ငံတကာငြိမ်းချမ်းရေးကို မတည်မငြိမ်ဖြစ်စေပါတယ်။ မြောက်ကိုရီးယားရဲ့ တာဝန်မဲ့လုပ်ရပ်တွေဟာ နိုင်ငံတကာလေကြောင်းနဲ့ ရေကြောင်းသွားလာမှုတွေကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်" ဟု ပြောဆိုခဲ့သည်။

ထို့အပြင် တရုတ်နှင့် ရုရှားတို့သည် မြောက်ကိုရီးယားကို ကာကွယ်ပေးနေကြကြောင်း လင်ဒါသောမတ်စ် ဂရင်းဖီးလ် က စွပ်စွဲပြောဆိုခဲ့သည်။ လင်ဒါသောမတ်စ်ဂရင်းဖီးလ် က "မြောက်ကိုရီးယားရဲ့လုပ်ရပ်တွေကို အရေးယူဆောင်ရွက်မှုမရှိဘဲ တိတ်ဆိတ်နေခြင်းဟာ လုံခြုံရေးကောင်စီရဲ့ယုံကြည်စိတ်ချရမှုကို ပိုမိုအားနည်းစေပါ တယ်" ဟု ပြောဆိုခဲ့သည်၊၊

ထို့အပြင် လင်ဒါသောမတ်စ်ဂရင်းဖီးလ် သည် မြောက်ကိုရီးယား၏ ဒုံးကျည်အစီအစဥ်များနှင့် နျူကလီးယား လက်နက်များကို စွန့်လွှတ်ရန် ထပ်မံတောင်းဆိုခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယားသည် ၂ဝ၂၃ ခုနှစ်တွင် ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု စုစုပေါင်း(၁၄)ကြိမ် လုပ်ဆောင်ခဲ့ကြောင်း ကုလသမဂ္ဂလက်ထောက် အထွေထွေအတွင်းရေးမှူးချုပ် Miroslav Jenca က ပြောဆိုခဲ့သည်။

ကုလသမဂ္ဂလက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် Miroslav Jenca က "၂ဝ၂၂ ခုနှစ်မှာ မြောက်ကိုရီးယား ဟာ ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုအကြိမ်(၇ဝ)ခန့် အပါအဝင် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေကို ပိုမိုတိုးမြင့် လုပ်ဆောင်ခဲ့ပါတယ်" ဟု ပြောဆိုခဲ့သည်။

ထို့အပြင် မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယားလက်နက်အစီအစဥ်ကို ဆက်လက်လုပ်ဆောင်နေပြီး ကိုရီးယားကျွန်းဆွယ်၏အခြေအနေသည် လမ်းကြောင်းမှားသို့ ဆက်လက်ဦးတည်နေကြောင်း Miroslav Jenca က ပြောဆိုခဲ့သည်။

Zawgyi Version;
ေျမာက္ကိုရီးယား ၏ ဒုံးက်ည္ပစ္လႊတ္မႈအတြက္ အေရးယူရန္ အေမရိကန္ တိုက္တြန္းေတာင္းဆို
Pika (NP News) - မတ္ ၂၁

ေျမာက္ကိုရီးယား၏ ပဲ့ထိန္းဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈမ်ားအေပၚ အေရးယူေဆာင္႐ြက္မႈမ်ား လုပ္ေဆာင္ေပးရန္ ကုလသမဂၢလုံၿခဳံေရးေကာင္စီကို အေမရိကန္ တိုက္တြန္းေတာင္းဆို ေျမာက္ကိုရီးယား၏ ပဲ့ထိန္းဒုံးက်ည္စမ္းသပ္ ပစ္လႊတ္မႈမ်ားႏွင့္ပတ္သက္ၿပီး အေရးယူေဆာင္႐ြက္မႈမ်ား လုပ္ေပးရန္ ကုလသမဂၢလုံၿခဳံေရးေကာင္စီကို အေမရိကန္က ထပ္မံတိုက္တြန္းေတာင္းဆိုခဲ့ေၾကာင္း သိရသည္။

အေမရိကန္ႏွင့္ ေတာင္ကိုရီးယားတို႔၏ စစ္ေရးေလ့က်င့္မႈမ်ားကို လက္တုံ႔ျပန္မႈအျဖစ္ ေျမာက္ကိုရီးယားသည္ မတ္လ(၁၉)ရက္က တာတိုပစ္ပဲ့ထိန္းဒုံးက်ည္တစ္စင္း ကို စမ္းသပ္ပစ္လႊတ္ခဲ့ေၾကာင္းလည္း သိရသည္။

ကုလသမဂၢဆိုင္ရာအေမရိကန္သံအမတ္ႀကီး လင္ဒါေသာမတ္စ္ဂရင္းဖီးလ္ က "ဒီပစ္လႊတ္မႈေတြဟာ ၿခိမ္းေျခာက္ မႈေတြျဖစ္ေစသလို ေဒသတြင္းနဲ႔ ႏိုင္ငံတကာၿငိမ္းခ်မ္းေရးကို မတည္မၿငိမ္ျဖစ္ေစပါတယ္။ ေျမာက္ကိုရီးယားရဲ႕ တာဝန္မဲ့လုပ္ရပ္ေတြဟာ ႏိုင္ငံတကာေလေၾကာင္းနဲ႔ ေရေၾကာင္းသြားလာမႈေတြကို အႏၲရာယ္ျဖစ္ေစႏိုင္ပါတယ္" ဟု ေျပာဆိုခဲ့သည္။

ထို႔အျပင္ တ႐ုတ္ႏွင့္ ႐ုရွားတို႔သည္ ေျမာက္ကိုရီးယားကို ကာကြယ္ေပးေနၾကေၾကာင္း လင္ဒါေသာမတ္စ္ ဂရင္းဖီးလ္ က စြပ္စြဲေျပာဆိုခဲ့သည္။ လင္ဒါေသာမတ္စ္ဂရင္းဖီးလ္ က "ေျမာက္ကိုရီးယားရဲ႕လုပ္ရပ္ေတြကို အေရးယူေဆာင္႐ြက္မႈမရွိဘဲ တိတ္ဆိတ္ေနျခင္းဟာ လုံၿခဳံေရးေကာင္စီရဲ႕ယုံၾကည္စိတ္ခ်ရမႈကို ပိုမိုအားနည္းေစပါ တယ္" ဟု ေျပာဆိုခဲ့သည္၊၊

ထို႔အျပင္ လင္ဒါေသာမတ္စ္ဂရင္းဖီးလ္ သည္ ေျမာက္ကိုရီးယား၏ ဒုံးက်ည္အစီအစဥ္မ်ားႏွင့္ န်ဴကလီးယား လက္နက္မ်ားကို စြန႔္လႊတ္ရန္ ထပ္မံေတာင္းဆိုခဲ့ေၾကာင္း သိရသည္။ ေျမာက္ကိုရီးယားသည္ ၂ဝ၂၃ ခုႏွစ္တြင္ ပဲ့ထိန္းဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈ စုစုေပါင္း(၁၄)ႀကိမ္ လုပ္ေဆာင္ခဲ့ေၾကာင္း ကုလသမဂၢလက္ေထာက္ အေထြေထြအတြင္းေရးမႉးခ်ဳပ္ Miroslav Jenca က ေျပာဆိုခဲ့သည္။

ကုလသမဂၢလက္ေထာက္အေထြေထြအတြင္းေရးမႉးခ်ဳပ္ Miroslav Jenca က "၂ဝ၂၂ ခုႏွစ္မွာ ေျမာက္ကိုရီးယား ဟာ ပဲ့ထိန္းဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈအႀကိမ္(၇ဝ)ခန႔္ အပါအဝင္ ဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈေတြကို ပိုမိုတိုးျမင့္ လုပ္ေဆာင္ခဲ့ပါတယ္" ဟု ေျပာဆိုခဲ့သည္။

ထို႔အျပင္ ေျမာက္ကိုရီးယားသည္ ၎၏ န်ဴကလီးယားလက္နက္အစီအစဥ္ကို ဆက္လက္လုပ္ေဆာင္ေနၿပီး ကိုရီးယားကြၽန္းဆြယ္၏အေျခအေနသည္ လမ္းေၾကာင္းမွားသို႔ ဆက္လက္ဦးတည္ေနေၾကာင္း Miroslav Jenca က ေျပာဆိုခဲ့သည္။

Picture

Ye Htun

21/03/2023 20:47

အမေရိကန်ဆိုသည်မှာလဲ..စောက်ပေါကြီးကိုဖြစ်နေပြီ😂😂🤣🤣

Related news

© 2021. All rights reserved.