သဘာဝအတိုင်းဖြစ်တည်နေတဲ့ ပလပ်စတစ်ကျောက်တုံးများကို သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ

 1236

ရောင်နီ (NP News) - မတ် ၂၁

ကမ္ဘာပေါ်မှာရှိတဲ့ လူသူအရောက်အပေါက်နည်းရာ သီးခြားနေရာလေးများမှ ထရင်ဒါဒဲကျွန်းလေးပေါ်မှာ ထူးဆန်း တဲ့ သဘာဝပလပ်စတစ် အစိမ်းရောင်ကျောက်တုံးလေးတွေကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

အဆိုပါကျွန်းဟာ ဘရာဇီး ကမ်းရိုးတန်းမှ သုံးရက်မှ လေးရက်ကြာ လှေစီး ခရီးထွက်၊ သွားရောက်ရသော ကျွန်း လေးဖြစ်ပါတယ်။ ဘူမိဗေဒပညာရှင် ဖာနန်ဒါအာဗီလာဆန်တိုစ်က အဆိုပါ ပလပ်စတစ်ကျောက်တုံးများကို သမုဒ္ဒရာထဲ မျောပါလာတဲ့ ပလတ်စတစ်ညစ်ညမ်းမှုမှ အနည်ထိုင်ဖြစ်ပေါ်လာတဲ့ ကျောက်တုံးများ ဖြစ်နိုင်ကြောင်း ယူဆထားပါတယ်။ ဒီကျောက်တုံးတွေကို ဆန်တိုစ်က မြေပြိုမှု၊ တိုက်စားမှုနဲ့ အခြား "ဘူမိဗေဒအန္တရာယ်များ" ခေါင်းစဉ်နဲ့ ပါရဂူဘွဲ့စာတမ်းကို သုတေသနပြုဖို့အတွက် ကျွန်းကိုရောက်ရှိလာစဉ်က ပထမဆုံး တွေ့ရှိခဲ့တာပါ။

အဲဒီနောက် ဆန်တိုစ်နဲ့ သူမရဲ့အဖွဲ့ဟာ စိမ်းပြာရောင်ကျောက်တုံးကြီးများကို သူမရဲ့ဓာတ်ခွဲခန်းမှာ ခွဲခြမ်းစိတ်ဖြာ ကြည့်တဲ့အခါ နှစ်ဘီလီယံပေါင်းများစွာကြာအောင် ကမ္ဘာမြေမှကျောက်တုံးများဖွဲ့စည်းရာမှာ ပါဝင်တဲ့ ပစ္စည်းများနဲ့ ပေါင်းစပ်ပါဝင်ပစ္စည်းအသစ် ပလပ်စတစ်အမှိုက်များကို တွေ့ရှိခဲ့ပါတယ်။

“လူသားတွေဟာ အခု ဘူမိဗေဒဆိုင်ရာ အေးဂျင့်တစ်ခုအနေနဲ့ လုပ်ဆောင်နေပြီး၊ အရင်က သဘာဝအတိုင်းဖြစ်တဲ့ ကျောက်သားဖွဲ့စည်းမှုလိုမျိုး ဖြစ်စဉ်တွေကို လွှမ်းမိုးနေပြီလို့ ကောက်ချက်ချခဲ့ပါတယ်” “ယနေ့ခေတ် သိပ္ပံပညာရှင် တွေ အများကြီးပြောနေကြတဲ့ Anthropocene အယူအဆနဲ့ ကိုက်ညီပါတယ်။ လူသားတွေရဲ့ ဘူမိဗေဒ ကမ္ဘာမြေရဲ့ သဘာဝဖြစ်စဉ်တွေကို လွှမ်းမိုးနေပါတယ်။ ဒီကျောက်တုံးနဲ့တူတဲ့ ပလပ်စတစ်အမျိုးအစားကို ဘူမိဗေဒမှတ်တမ်း မှာ ထိန်းသိမ်းထားပြီး အမှတ်အသားပြုထားပါတယ်" လို့ သူမက ပြောကြားခဲ့ပါတယ်။

သူမဟာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက ကျွန်းသို့ ပြန်လာခဲ့ပြီး နမူနာများ ထပ်မံစုဆောင်းကာဖြစ်စဉ်ကို ပိုမိုနက်ရှိုင်းစွာ လေ့လာခဲ့ပါတယ်။ သူမရဲ့သုတေသနကို ဆက်လက်လုပ်ဆောင်ရာမှာ ဟာဝိုင်အီ၊ ဗြိတိန်၊ အီတလီနဲ့ ဂျပန်နိုင်ငံတို့ မှာ လည်း အလားတူ ကျောက်တုံးသဏ္ဍာန် ပလပ်စတစ်ဖွဲ့စည်းမှုများကို ၂ဝ၁၄ ခုနှစ်လောက်က စဖြစ်ပေါ်နေတာ ကို တွေ့ရှိခဲ့ပါတယ်။

အဆိုပါကျောက်တုံးများ တိုက်စားလာတာနဲ့အမျှ ၎င်းတို့ဟာ ပတ်ဝန်းကျင်ထဲသို့ မိုက်ခရိုပလတ်စတစ်များ စိမ့်ဝင် ကာ ကျွန်းရဲ့အစားအစာကွင်းဆက်ကို ပိုမိုညစ်ညမ်းစေနိုင်တယ်လို့ သူမက ခန့်မှန်းထားပါတယ်။

စက်တင်ဘာလက ထုတ်ဝေခဲ့တဲ့ Marine Pollution Bulletin ဂျာနယ်မှာ သူမနဲ့ သူမအဖွဲ့ရဲ့လ့လာမှုအရ ပလပ် စတစ်ကျောက်များနဲ့ ဆင်တူတဲ့ "ပိုင်ရိုပလက်စတစ်" ကျောက်တွေဟာ ယခင်က အမည်မသိ အမျိုးအစားဖြစ်တဲ့ ချော်ရည်စီးဆင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မီးသင့်ကျောက်များနဲ့လည်း ဆင်တူနေတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ရလဒ်မသေချာသေးတာကြောင့် ဆန်တိုစ်နဲ့ သူ့ရဲ့အဖွဲ့ဟာ လေ့လာမှုတွေ ဆက်လက်လုပ်ဆောင်နေ တယ်လို့ သိရပါတယ်။

Zawgyi Version;
သဘာဝအတိုင္းျဖစ္တည္ေနတဲ့ ပလပ္စတစ္ေက်ာက္တုံးမ်ားကို သိပၸံပညာရွင္မ်ား ရွာေဖြေတြ႕ရွိ
ေရာင္နီ (NP News) - မတ္ ၂၁

ကမာၻေပၚမွာရွိတဲ့ လူသူအေရာက္အေပါက္နည္းရာ သီးျခားေနရာေလးမ်ားမွ ထရင္ဒါဒဲကြၽန္းေလးေပၚမွာ ထူးဆန္း တဲ့ သဘာဝပလပ္စတစ္ အစိမ္းေရာင္ေက်ာက္တုံးေလးေတြကို သိပၸံပညာရွင္ေတြက ေတြ႕ရွိခဲ့ပါတယ္။

အဆိုပါကြၽန္းဟာ ဘရာဇီး ကမ္း႐ိုးတန္းမွ သုံးရက္မွ ေလးရက္ၾကာ ေလွစီး ခရီးထြက္၊ သြားေရာက္ရေသာ ကြၽန္း ေလးျဖစ္ပါတယ္။ ဘူမိေဗဒပညာရွင္ ဖာနန္ဒါအာဗီလာဆန္တိုစ္က အဆိုပါ ပလပ္စတစ္ေက်ာက္တုံးမ်ားကို သမုဒၵရာထဲ ေမ်ာပါလာတဲ့ ပလတ္စတစ္ညစ္ညမ္းမႈမွ အနည္ထိုင္ျဖစ္ေပၚလာတဲ့ ေက်ာက္တုံးမ်ား ျဖစ္ႏိုင္ေၾကာင္း ယူဆထားပါတယ္။ ဒီေက်ာက္တုံးေတြကို ဆန္တိုစ္က ေျမၿပိဳမႈ၊ တိုက္စားမႈနဲ႔ အျခား "ဘူမိေဗဒအႏၲရာယ္မ်ား" ေခါင္းစဥ္နဲ႔ ပါရဂူဘြဲ႕စာတမ္းကို သုေတသနျပဳဖို႔အတြက္ ကြၽန္းကိုေရာက္ရွိလာစဥ္က ပထမဆုံး ေတြ႕ရွိခဲ့တာပါ။

အဲဒီေနာက္ ဆန္တိုစ္နဲ႔ သူမရဲ႕အဖြဲ႕ဟာ စိမ္းျပာေရာင္ေက်ာက္တုံးႀကီးမ်ားကို သူမရဲ႕ဓာတ္ခြဲခန္းမွာ ခြဲျခမ္းစိတ္ျဖာ ၾကည့္တဲ့အခါ ႏွစ္ဘီလီယံေပါင္းမ်ားစြာၾကာေအာင္ ကမာၻေျမမွေက်ာက္တုံးမ်ားဖြဲ႕စည္းရာမွာ ပါဝင္တဲ့ ပစၥည္းမ်ားနဲ႔ ေပါင္းစပ္ပါဝင္ပစၥည္းအသစ္ ပလပ္စတစ္အမႈိက္မ်ားကို ေတြ႕ရွိခဲ့ပါတယ္။

“လူသားေတြဟာ အခု ဘူမိေဗဒဆိုင္ရာ ေအးဂ်င့္တစ္ခုအေနနဲ႔ လုပ္ေဆာင္ေနၿပီး၊ အရင္က သဘာဝအတိုင္းျဖစ္တဲ့ ေက်ာက္သားဖြဲ႕စည္းမႈလိုမ်ိဳး ျဖစ္စဥ္ေတြကို လႊမ္းမိုးေနၿပီလို႔ ေကာက္ခ်က္ခ်ခဲ့ပါတယ္” “ယေန႔ေခတ္ သိပၸံပညာရွင္ ေတြ အမ်ားႀကီးေျပာေနၾကတဲ့ Anthropocene အယူအဆနဲ႔ ကိုက္ညီပါတယ္။ လူသားေတြရဲ႕ ဘူမိေဗဒ ကမာၻေျမရဲ႕ သဘာဝျဖစ္စဥ္ေတြကို လႊမ္းမိုးေနပါတယ္။ ဒီေက်ာက္တုံးနဲ႔တူတဲ့ ပလပ္စတစ္အမ်ိဳးအစားကို ဘူမိေဗဒမွတ္တမ္း မွာ ထိန္းသိမ္းထားၿပီး အမွတ္အသားျပဳထားပါတယ္" လို႔ သူမက ေျပာၾကားခဲ့ပါတယ္။

သူမဟာ ၿပီးခဲ့တဲ့ႏွစ္ေႏွာင္းပိုင္းက ကြၽန္းသို႔ ျပန္လာခဲ့ၿပီး နမူနာမ်ား ထပ္မံစုေဆာင္းကာျဖစ္စဥ္ကို ပိုမိုနက္ရႈိင္းစြာ ေလ့လာခဲ့ပါတယ္။ သူမရဲ႕သုေတသနကို ဆက္လက္လုပ္ေဆာင္ရာမွာ ဟာဝိုင္အီ၊ ၿဗိတိန္၊ အီတလီနဲ႔ ဂ်ပန္ႏိုင္ငံတို႔ မွာ လည္း အလားတူ ေက်ာက္တုံးသ႑ာန္ ပလပ္စတစ္ဖြဲ႕စည္းမႈမ်ားကို ၂ဝ၁၄ ခုႏွစ္ေလာက္က စျဖစ္ေပၚေနတာ ကို ေတြ႕ရွိခဲ့ပါတယ္။

အဆိုပါေက်ာက္တုံးမ်ား တိုက္စားလာတာနဲ႔အမွ် ၎တို႔ဟာ ပတ္ဝန္းက်င္ထဲသို႔ မိုက္ခ႐ိုပလတ္စတစ္မ်ား စိမ့္ဝင္ ကာ ကြၽန္းရဲ႕အစားအစာကြင္းဆက္ကို ပိုမိုညစ္ညမ္းေစႏိုင္တယ္လို႔ သူမက ခန္႔မွန္းထားပါတယ္။

စက္တင္ဘာလက ထုတ္ေဝခဲ့တဲ့ Marine Pollution Bulletin ဂ်ာနယ္မွာ သူမနဲ႔ သူမအဖြဲ႕ရဲ႕လ့လာမႈအရ ပလပ္ စတစ္ေက်ာက္မ်ားနဲ႔ ဆင္တူတဲ့ "ပိုင္႐ိုပလက္စတစ္" ေက်ာက္ေတြဟာ ယခင္က အမည္မသိ အမ်ိဳးအစားျဖစ္တဲ့ ေခ်ာ္ရည္စီးဆင္းမႈေၾကာင့္ ျဖစ္ေပၚလာတဲ့ မီးသင့္ေက်ာက္မ်ားနဲ႔လည္း ဆင္တူေနတယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါေပမယ့္ ရလဒ္မေသခ်ာေသးတာေၾကာင့္ ဆန္တိုစ္နဲ႔ သူ႔ရဲ႕အဖြဲ႕ဟာ ေလ့လာမႈေတြ ဆက္လက္လုပ္ေဆာင္ေန တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.