ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ရုရှားသမ္မတပူတင်ကို ဖိအားပေးရန် တရုတ်သမ္မတရှီကျင့်ဖျင်ကို အမေရိကန်အစိုးရ တိုက်တွန်း‌တောင်းဆို

 777

Pika (NP News) - မတ် ၂၁

ရုရှားနိုင်ငံသို့ တရုတ်သမ္မတရှီကျင့်ဖျင် သွားရောက်လည်ပတ်နေသည့်အချိန်အတွင်း ယူကရိန်း၏ အချုပ်အခြာ အာဏာကိုလေးစားရန် နှင့် စစ်ပွဲကိုအဆုံးသတ်ရန်အတွက် ရုရှားသမ္မတပူတင်ကို ဖိအားပေးရန် ရှီကျင့်ဖျင်ကို အမေရိကန်အစိုးရက တိုက်တွန်းတောင်းဆိုခဲ့သည်။

ရှီကျင့်ဖျင်သည် ရုရှားသို့ သွားရောက်လည်ပတ်နေစဥ်အချိန်အတွင်း ယူကရိန်းပိုင်နက်နယ်မြေများတွင် ရုရှားတပ်ဖွဲ့ ဝင်များ ဆက်ရှိစေမည့်အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် တောင်းဆိုမည်ကို အမေရိကန်က စိုးရိမ်မိကြောင်း အမေရိကန်အမျိုးသားလုံခြုံ‌ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘိုင်က ပြောကြားခဲ့သည်။

ထို့အပြင် ရှီကျင့်ဖျင်သည် ယူကရိန်းစစ်ပွဲ၏ အကျိုးသက်ရောက်မှုများကို ယူကရိန်းသမ္မတဇီလန်စကီး နှင့် တွေ့ဆုံ ဆွေးနွေးသင့်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘိုင်က ပြောကြားခဲ့သည်။

ဂျွန်ကာဘိုင် က "ယူကရိန်းရဲ့အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို လေးစားလိုက်နာဖို့ ရုရှားသမ္မတပူတင် ကို တိုက်ရိုက်ဖိအားပေးဖို့ တရုတ်သမ္မတရှီကျင့်ဖျင်ကို ကျွန်တော်တို့ တိုက်တွန်းထားပါတယ်။ ဒီကိစ္စကို ကမ္ဘာနဲ့ တရုတ်ရဲ့အိမ်နီးချင်းနိုင်ငံတွေက အနီးကပ်စောင့်ကြည့်နေမှာ သေချာပါတယ်" ဟု ပြောဆိုခဲ့သည်။

ထို့အပြင် တရုတ်သမ္မတရှီကျင့်ဖျင် နှင့် ရုရှားသမ္မတပူတင် တို့သည် ပုံမှန်ဆက်ဆံရေးများထက် ပိုမိုသာလွန်သော ဆက်ဆံရေးများရှိနိုင်ကြောင်း ဂျွန်ကာဘိုင်က ပြောကြားခဲ့သည်။ ဂျွန်ကာဘိုင် က "ရုရှားနဲ့ တရုတ်တို့ဟာ ကမ္ဘာတစ်ဝန်းက အမေရိကန်ရဲ့ခေါင်းဆောင်ပိုင်းကို ကာလအတန်ကြာ အနှောင့်အယှက်ပေးခဲ့တဲ့ နိုင်ငံ နှစ်နိုင်ငံဖြစ်ပါတယ်" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္ၿပီး ႐ုရွားသမၼတပူတင္ကို ဖိအားေပးရန္ တ႐ုတ္သမၼတရွီက်င့္ဖ်င္ကို အေမရိကန္အစိုးရ တိုက္တြန္း‌ေတာင္းဆို
Pika (NP News) - မတ္ ၂၁

႐ုရွားႏိုင္ငံသို႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္ သြားေရာက္လည္ပတ္ေနသည့္အခ်ိန္အတြင္း ယူကရိန္း၏ အခ်ဳပ္အျခာ အာဏာကိုေလးစားရန္ ႏွင့္ စစ္ပြဲကိုအဆုံးသတ္ရန္အတြက္ ႐ုရွားသမၼတပူတင္ကို ဖိအားေပးရန္ ရွီက်င့္ဖ်င္ကို အေမရိကန္အစိုးရက တိုက္တြန္းေတာင္းဆိုခဲ့သည္။

ရွီက်င့္ဖ်င္သည္ ႐ုရွားသို႔ သြားေရာက္လည္ပတ္ေနစဥ္အခ်ိန္အတြင္း ယူကရိန္းပိုင္နက္နယ္ေျမမ်ားတြင္ ႐ုရွားတပ္ဖြဲ႕ ဝင္မ်ား ဆက္ရွိေစမည့္အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ ေတာင္းဆိုမည္ကို အေမရိကန္က စိုးရိမ္မိေၾကာင္း အေမရိကန္အမ်ိဳးသားလုံၿခဳံ‌ေရးေကာင္စီ ေျပာေရးဆိုခြင့္ရွိသူ ဂြၽန္ကာဘိုင္က ေျပာၾကားခဲ့သည္။

ထို႔အျပင္ ရွီက်င့္ဖ်င္သည္ ယူကရိန္းစစ္ပြဲ၏ အက်ိဳးသက္ေရာက္မႈမ်ားကို ယူကရိန္းသမၼတဇီလန္စကီး ႏွင့္ ေတြ႕ဆုံ ေဆြးေႏြးသင့္ေၾကာင္း အေမရိကန္အမ်ိဳးသားလုံၿခဳံေရးေကာင္စီ ေျပာေရးဆိုခြင့္ရွိသူ ဂြၽန္ကာဘိုင္က ေျပာၾကားခဲ့သည္။

ဂြၽန္ကာဘိုင္ က "ယူကရိန္းရဲ႕အခ်ဳပ္အျခာအာဏာနဲ႔ နယ္ေျမပိုင္ဆိုင္မႈကို ေလးစားလိုက္နာဖို႔ ႐ုရွားသမၼတပူတင္ ကို တိုက္႐ိုက္ဖိအားေပးဖို႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္ကို ကြၽန္ေတာ္တို႔ တိုက္တြန္းထားပါတယ္။ ဒီကိစၥကို ကမာၻနဲ႔ တ႐ုတ္ရဲ႕အိမ္နီးခ်င္းႏိုင္ငံေတြက အနီးကပ္ေစာင့္ၾကည့္ေနမွာ ေသခ်ာပါတယ္" ဟု ေျပာဆိုခဲ့သည္။

ထို႔အျပင္ တ႐ုတ္သမၼတရွီက်င့္ဖ်င္ ႏွင့္ ႐ုရွားသမၼတပူတင္ တို႔သည္ ပုံမွန္ဆက္ဆံေရးမ်ားထက္ ပိုမိုသာလြန္ေသာ ဆက္ဆံေရးမ်ားရွိႏိုင္ေၾကာင္း ဂြၽန္ကာဘိုင္က ေျပာၾကားခဲ့သည္။ ဂြၽန္ကာဘိုင္ က "႐ုရွားနဲ႔ တ႐ုတ္တို႔ဟာ ကမာၻတစ္ဝန္းက အေမရိကန္ရဲ႕ေခါင္းေဆာင္ပိုင္းကို ကာလအတန္ၾကာ အေႏွာင့္အယွက္ေပးခဲ့တဲ့ ႏိုင္ငံ ႏွစ္ႏိုင္ငံျဖစ္ပါတယ္" ဟု ေျပာဆိုခဲ့သည္။

Picture

Htoo Myat Thu

21/03/2023 22:49

ဟေ့ကောင် ယောက်ဖလုပ်ဦး။ ယောက်ဖနဲ့တော့တည့်အောင်မပေါင်းပဲနဲ့ :D

Related news

© 2021. All rights reserved.