အာဖဂန်နစ္စတန်နိုင်ငံသားများကို သတ်ဖြတ်မှုဖြင့် ဩစတြေးလျစစ်သားဟောင်းတစ်ဦး စစ်ရာဇဝတ်မှုဖြင့် တရားစွဲဆိုခံရ

 568

Pika (NP News) - မတ် ၂၁

ဩစတြေးလျအစိုးရသည် အာဖဂန်နစ္စတန်နိုင်ငံတွင် အရပ်သားများကို သတ်ဖြတ်ခဲ့မှုဖြင့် ဩစတြေးလျ လေကြောင်းအထူးတပ်ဖွဲ့(SAS) ၏ တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးကို စစ်ရာဇဝတ်မှုဖြင့် တရားစွဲဆိုထားကြောင်း သိရသည်၊၊

ဩစတြေးလျစစ်တပ်သည် အာဖဂန်နစ္စတန်လူမျိုး(၃၉)ဦးကို သတ်ဖြတ်ခဲ့ကြောင်း တွေ့ရှိခဲ့ပြီးနောက် ၂ဝ၂ဝ ပြည့်နှစ်တွင် ထုတ်ပြန်ခဲ့သည့် စစ်ဘက်ဆိုင်ရာစုံစမ်းစစ်ဆေးမှုအပြီးတွင် ပထမဆုံးစွဲချက်တင်ခြင်းဖြစ်ကြောင်း သိရသည်။

ဩစတြေးလျလေကြောင်း အထူးတပ်ဖွဲ့(SAS) ၏ တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သော အသက်(၄၁)နှစ်အရွယ် Oliver Schulz ကို စစ်ရာဇဝတ်မှုဖြင့် မတ်လ(၂ဝ)ရက်တွင် New South Wales ပြည်နယ်မှာ ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ဩစတြေးလျဖက်ဒရယ်ရဲတပ်ဖွဲ့က "အာဖဂန်နစ္စတန်အမျိုးသားတစ်ဦးကို သတ်မှုနဲ့ ၎င်းက စွဲချက်တင် ခံရပါလိမ့် မယ်" ဟု ပြောဆိုခဲ့သည်။ ထုတ်လွှင့်သော ဗီဒီယိုဖိုင်တစ်ခုတွင် Oliver Schulz သည် ၂ဝ၁၂ ခုနှစ်တွင် Uruzgan ပြည်နယ်ရှိ ဂျုံခင်းတစ်ခုတွင် အာဖဂန်နစ္စတန်အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ပြသခဲ့သည့် ရုပ်သံဖိုင် တစ်ခုကို ABC ရုပ်မြင်သံကြားဌာနက ၂ဝ၂ဝ ပြည့်နှစ်တွင် ထုတ်လွှင့်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ ပြစ်မှုထင်ရှားပါက Oliver Schulz သည် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျနိုင်ကြောင်းလည်း သိရသည်။ ဩစတြေးလျတပ်ဖွဲ့များသည် ၂ဝဝ၁ ခုနှစ်တွင် စတင်ခဲ့သော အမေရိကန်ဦးဆောင်သော စစ်ပွဲအတွက် အာဖဂန်နစ္စတန်နိုင်ငံတွင် အနှစ်(၂ဝ) ကြာ တာဝန်ထမ်းဆောင်ခဲ့ကြောင်းလည်း သိရသည်။

ဩစတြေးလျစစ်တပ်သည် ဒါဇင်နှင့်ချီသော အာဖဂန်နစ္စတန် အကျဥ်းသားများနှင့် အရပ်သားများကို သတ်ဖြတ်ခဲ့ သည်ဟု အထောက်အထားများပေါ်ထွက်လာပြီးနောက် အစိုးရသည် အထူးစုံစမ်းစစ်ဆေးရေးရုံးကို ၂ဝ၂၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးရေးမှူးများသည် အာဖဂန်နစ္စတန်တွင် ၂ဝဝ၅ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အတွင်း တပ်စွဲထားသော SAS နှင့် ကွန်မန်ဒိုတပ်ဖွဲ့များအပေါ် စွဲချက်များတင်ရန်ကြိုးပမ်းခဲ့ကြောင်း သိရသည်။ လေးနှစ်ကြာ စုံစမ်းစစ်ဆေးပြီးနောက် ဩစတြေးလျကာကွယ်ရေးတပ်ဖွဲ့မှ စစ်ဆေးရေးမှူးချုပ် Paul Brereton က ထုတ်ပြန်သော ၂ဝ၂ဝ အစီရင်ခံစာတွင် တပ်မှူးအချို့သည် အငယ်တန်းစစ်သားများကို ပထမဆုံးလူသတ်ဖူးရန်အတွက် အကျဥ်းသားများကို ပစ်သတ်ခိုင်းခြင်းများ လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲထားကြောင်းလည်း သိရသည်။

Zawgyi Version;
အာဖဂန္နစၥတန္ႏိုင္ငံသားမ်ားကို သတ္ျဖတ္မႈျဖင့္ ဩစေၾတးလ်စစ္သားေဟာင္းတစ္ဦး စစ္ရာဇဝတ္မႈျဖင့္ တရားစြဲဆိုခံရ
Pika (NP News) - မတ္ ၂၁

ဩစေၾတးလ်အစိုးရသည္ အာဖဂန္နစၥတန္ႏိုင္ငံတြင္ အရပ္သားမ်ားကို သတ္ျဖတ္ခဲ့မႈျဖင့္ ဩစေၾတးလ် ေလေၾကာင္းအထူးတပ္ဖြဲ႕(SAS) ၏ တပ္ဖြဲ႕ဝင္ေဟာင္းတစ္ဦးကို စစ္ရာဇဝတ္မႈျဖင့္ တရားစြဲဆိုထားေၾကာင္း သိရသည္၊၊

ဩစေၾတးလ်စစ္တပ္သည္ အာဖဂန္နစၥတန္လူမ်ိဳး(၃၉)ဦးကို သတ္ျဖတ္ခဲ့ေၾကာင္း ေတြ႕ရွိခဲ့ၿပီးေနာက္ ၂ဝ၂ဝ ျပည့္ႏွစ္တြင္ ထုတ္ျပန္ခဲ့သည့္ စစ္ဘက္ဆိုင္ရာစုံစမ္းစစ္ေဆးမႈအၿပီးတြင္ ပထမဆုံးစြဲခ်က္တင္ျခင္းျဖစ္ေၾကာင္း သိရသည္။

ဩစေၾတးလ်ေလေၾကာင္း အထူးတပ္ဖြဲ႕(SAS) ၏ တပ္ဖြဲ႕ဝင္ေဟာင္းတစ္ဦးျဖစ္ေသာ အသက္(၄၁)ႏွစ္အ႐ြယ္ Oliver Schulz ကို စစ္ရာဇဝတ္မႈျဖင့္ မတ္လ(၂ဝ)ရက္တြင္ New South Wales ျပည္နယ္မွာ ဖမ္းဆီးခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

ဩစေၾတးလ်ဖက္ဒရယ္ရဲတပ္ဖြဲ႕က "အာဖဂန္နစၥတန္အမ်ိဳးသားတစ္ဦးကို သတ္မႈနဲ႔ ၎က စြဲခ်က္တင္ ခံရပါလိမ့္ မယ္" ဟု ေျပာဆိုခဲ့သည္။ ထုတ္လႊင့္ေသာ ဗီဒီယိုဖိုင္တစ္ခုတြင္ Oliver Schulz သည္ ၂ဝ၁၂ ခုႏွစ္တြင္ Uruzgan ျပည္နယ္ရွိ ဂ်ဳံခင္းတစ္ခုတြင္ အာဖဂန္နစၥတန္အမ်ိဳးသားတစ္ဦးကို ပစ္သတ္ခဲ့ေၾကာင္း ျပသခဲ့သည့္ ႐ုပ္သံဖိုင္ တစ္ခုကို ABC ႐ုပ္ျမင္သံၾကားဌာနက ၂ဝ၂ဝ ျပည့္ႏွစ္တြင္ ထုတ္လႊင့္ျပသခဲ့ေၾကာင္း သိရသည္။

အဆိုပါ ျပစ္မႈထင္ရွားပါက Oliver Schulz သည္ ေထာင္ဒဏ္တစ္သက္တစ္ကြၽန္း က်ႏိုင္ေၾကာင္းလည္း သိရသည္။ ဩစေၾတးလ်တပ္ဖြဲ႕မ်ားသည္ ၂ဝဝ၁ ခုႏွစ္တြင္ စတင္ခဲ့ေသာ အေမရိကန္ဦးေဆာင္ေသာ စစ္ပြဲအတြက္ အာဖဂန္နစၥတန္ႏိုင္ငံတြင္ အႏွစ္(၂ဝ) ၾကာ တာဝန္ထမ္းေဆာင္ခဲ့ေၾကာင္းလည္း သိရသည္။

ဩစေၾတးလ်စစ္တပ္သည္ ဒါဇင္ႏွင့္ခ်ီေသာ အာဖဂန္နစၥတန္ အက်ဥ္းသားမ်ားႏွင့္ အရပ္သားမ်ားကို သတ္ျဖတ္ခဲ့ သည္ဟု အေထာက္အထားမ်ားေပၚထြက္လာၿပီးေနာက္ အစိုးရသည္ အထူးစုံစမ္းစစ္ေဆးေရး႐ုံးကို ၂ဝ၂၁ ခုႏွစ္တြင္ စတင္ဖြဲ႕စည္းခဲ့ေၾကာင္း သိရသည္။

စုံစမ္းစစ္ေဆးေရးမႉးမ်ားသည္ အာဖဂန္နစၥတန္တြင္ ၂ဝဝ၅ ခုႏွစ္မွ ၂ဝ၁၆ ခုႏွစ္အတြင္း တပ္စြဲထားေသာ SAS ႏွင့္ ကြန္မန္ဒိုတပ္ဖြဲ႕မ်ားအေပၚ စြဲခ်က္မ်ားတင္ရန္ႀကိဳးပမ္းခဲ့ေၾကာင္း သိရသည္။ ေလးႏွစ္ၾကာ စုံစမ္းစစ္ေဆးၿပီးေနာက္ ဩစေၾတးလ်ကာကြယ္ေရးတပ္ဖြဲ႕မွ စစ္ေဆးေရးမႉးခ်ဳပ္ Paul Brereton က ထုတ္ျပန္ေသာ ၂ဝ၂ဝ အစီရင္ခံစာတြင္ တပ္မႉးအခ်ိဳ႕သည္ အငယ္တန္းစစ္သားမ်ားကို ပထမဆုံးလူသတ္ဖူးရန္အတြက္ အက်ဥ္းသားမ်ားကို ပစ္သတ္ခိုင္းျခင္းမ်ား လုပ္ေဆာင္ခဲ့သည္ဟု စြပ္စြဲထားေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.