ရုရှားသမ္မတပူတင်ကို ဖမ်းဝရမ်းထုတ်ခြင်းက နျူကလီးယားစစ်ပွဲ ဖြစ်ပွားလာစေနိုင်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဆို

 1321

Pika (NP News) - မတ် ၂၁

ရုရှားသမ္မတပူတင်ကို နိုင်ငံတကာတရားရုံး (ICC) က ဖမ်းဝရမ်းထုတ်လိုက်ခြင်းသည် နျူကလီးယားစစ်ပွဲကို ဖြစ်ပွား လာစေနိုင်သည့်အပြင် ကမ္ဘာတစ်ဝန်းလုံးတွင် အခြားဂယက်ရိုက်ခတ်မှုများကိုလည်း ဖြစ်ပေါ်လာစေနိုင်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က သတိပေးပြောဆိုခဲ့သည်။

အဆိုပါ ဖမ်းဝရမ်းသည် တစ်ကမ္ဘာလုံးတွင် ကွဲပြားမှုများကိုဖြစ်စေပြီး တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်သော ရုရှားနှင့် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန်အတွက် သံတမန်ရေးရာကြိုးပမ်းမှုများကို ထိခိုက်လာစေနိုင်သည်ဟု ယုံကြည် ကြောင်း ဟွန်ဆန်က ပြောဆိုခဲ့သည်။

ဟွန်ဆန် က "ပူတင်ကို ဖမ်းဆီးဖို့ (ICC) က ထုတ်ပြန်လိုက်တဲ့ ဖမ်းဝရမ်းဟာ ယူကရိန်းနဲ့ ရုရှားကြား ပဋိပက္ခ အဆုံးသတ်ဖို့အတွက် ကြိုးပမ်းမှုတွေကို ပိုမိုရှုပ်ထွေးစေပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင် ရုရှားကို သွားရောက် လည်ပတ်တဲ့အချိန်ကျရင်လည်း ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းပေးမယ်လို့ မျှော်လင့်ပါတယ်" ဟု ပြောဆိုခဲ့ သည်။

အဆိုပါ ဖမ်းဝရမ်းသည် ရာသီဥတုပြောင်းလဲမှုနှင့်ရောဂါများကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာပြဿနာများအတွက် နိုင်ငံတကာကြိုးပမ်းမှုများကိုလည်း ခြိမ်းခြောက်မှုများရှိလာနိုင်ကြောင်း ဟွန်ဆန်က ပြောကြားခဲ့သည်။ ထို့အပြင် (ICC) ၏ လုပ်ရပ်သည် ဥရောပတွင် နျူကလီးယားစစ်ပွဲ ဖြစ်နိုင်ချေများကို သိသိသာသာတိုးမြင့်လာစေကြောင်း ၎င်းက သတိပေးပြောဆိုခဲ့သည်။

ဟွန်ဆန် က "ထိပ်တိုက်ရင်ဆိုင်မှုမရှိဘဲ အဖမ်းခံဖို့ ပူတင်က သဘောတူမှာလား။ ICC က ပူတင်ကို ဖမ်းဆီးဖို့ ကြိုးစားရင်၊ ရုရှားအာဏာပိုင်တွေက ဒါကို လွယ်လွယ်နဲ့ ခွင့်ပြုဖို့ ဆန္ဒရှိမှာလား။ ICC မှာ လက်ရှိ အဖွဲ့ဝင် (၁၂၃) နိုင်ငံရှိပေမယ့်လည်း အမေရိကန်၊ ရုရှား၊ တရုတ် နဲ့ အိန္ဒိယတို့လိုမျိုး နိုင်ငံကြီးတွေက အသိအမှတ်ပြုထားတာမျိုး မရှိပါဘူး။ ဒါကြောင့် ICC ဟာ အခြားနိုင်ငံတွေရဲ့အစိုးရတွေ ပူးပေါင်းဆောင်ရွက်မှုမပါဘဲ ပူတင်ကို ဖမ်းဆီးဖို့ အခွင့် အာဏာမရှိပါဘူး" ဟု ပြောဆိုခဲ့သည်။

ရုရှားသမ္မတပူတင်နှင့်ပတ်သက်ပြီး ICC ၏ ဖမ်းဝရမ်းကို လက်မခံနိုင်ကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ် က ပြောကြားခဲ့သည်။ ထို့အပြင် နိုင်ငံတကာတရားရုံး ICC ၏ တရားစီရင်ပိုင်ခွင့်ကို ရုရှား တွင် အသိအမှတ်ပြုခြင်းမရှိကြောင်း ဒီမစ်ထရီပက်ကစကော့ဗ် က ထပ်မံပြောဆိုခဲ့သည်။

Zawgyi Version;
႐ုရွားသမၼတပူတင္ကို ဖမ္းဝရမ္းထုတ္ျခင္းက န်ဴကလီးယားစစ္ပြဲ ျဖစ္ပြားလာေစႏိုင္ေၾကာင္း ကေမာၻဒီးယားဝန္ႀကီး ခ်ဳပ္ ဆို
Pika (NP News) - မတ္ ၂၁

႐ုရွားသမၼတပူတင္ကို ႏိုင္ငံတကာတရား႐ုံး (ICC) က ဖမ္းဝရမ္းထုတ္လိုက္ျခင္းသည္ န်ဴကလီးယားစစ္ပြဲကို ျဖစ္ပြား လာေစႏိုင္သည့္အျပင္ ကမာၻတစ္ဝန္းလုံးတြင္ အျခားဂယက္႐ိုက္ခတ္မႈမ်ားကိုလည္း ျဖစ္ေပၚလာေစႏိုင္ေၾကာင္း ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္က သတိေပးေျပာဆိုခဲ့သည္။

အဆိုပါ ဖမ္းဝရမ္းသည္ တစ္ကမာၻလုံးတြင္ ကြဲျပားမႈမ်ားကိုျဖစ္ေစၿပီး တစ္ႏွစ္ေက်ာ္ၾကာျမင့္ေနၿပီျဖစ္ေသာ ႐ုရွားႏွင့္ ယူကရိန္းစစ္ပြဲကို အဆုံးသတ္ရန္အတြက္ သံတမန္ေရးရာႀကိဳးပမ္းမႈမ်ားကို ထိခိုက္လာေစႏိုင္သည္ဟု ယုံၾကည္ ေၾကာင္း ဟြန္ဆန္က ေျပာဆိုခဲ့သည္။

ဟြန္ဆန္ က "ပူတင္ကို ဖမ္းဆီးဖို႔ (ICC) က ထုတ္ျပန္လိုက္တဲ့ ဖမ္းဝရမ္းဟာ ယူကရိန္းနဲ႔ ႐ုရွားၾကား ပဋိပကၡ အဆုံးသတ္ဖို႔အတြက္ ႀကိဳးပမ္းမႈေတြကို ပိုမိုရႈပ္ေထြးေစပါတယ္။ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ ႐ုရွားကို သြားေရာက္ လည္ပတ္တဲ့အခ်ိန္က်ရင္လည္း ၿငိမ္းခ်မ္းေရးအတြက္ ေစ့စပ္ညႇိႏႈိင္းေပးမယ္လို႔ ေမွ်ာ္လင့္ပါတယ္" ဟု ေျပာဆိုခဲ့ သည္။

အဆိုပါ ဖမ္းဝရမ္းသည္ ရာသီဥတုေျပာင္းလဲမႈႏွင့္ေရာဂါမ်ားကဲ့သို႔ေသာ ကမာၻလုံးဆိုင္ရာျပႆနာမ်ားအတြက္ ႏိုင္ငံတကာႀကိဳးပမ္းမႈမ်ားကိုလည္း ၿခိမ္းေျခာက္မႈမ်ားရွိလာႏိုင္ေၾကာင္း ဟြန္ဆန္က ေျပာၾကားခဲ့သည္။ ထို႔အျပင္ (ICC) ၏ လုပ္ရပ္သည္ ဥေရာပတြင္ န်ဴကလီးယားစစ္ပြဲ ျဖစ္ႏိုင္ေခ်မ်ားကို သိသိသာသာတိုးျမင့္လာေစေၾကာင္း ၎က သတိေပးေျပာဆိုခဲ့သည္။

ဟြန္ဆန္ က "ထိပ္တိုက္ရင္ဆိုင္မႈမရွိဘဲ အဖမ္းခံဖို႔ ပူတင္က သေဘာတူမွာလား။ ICC က ပူတင္ကို ဖမ္းဆီးဖို႔ ႀကိဳးစားရင္၊ ႐ုရွားအာဏာပိုင္ေတြက ဒါကို လြယ္လြယ္နဲ႔ ခြင့္ျပဳဖို႔ ဆႏၵရွိမွာလား။ ICC မွာ လက္ရွိ အဖြဲ႕ဝင္ (၁၂၃) ႏိုင္ငံရွိေပမယ့္လည္း အေမရိကန္၊ ႐ုရွား၊ တ႐ုတ္ နဲ႔ အိႏၵိယတို႔လိုမ်ိဳး ႏိုင္ငံႀကီးေတြက အသိအမွတ္ျပဳထားတာမ်ိဳး မရွိပါဘူး။ ဒါေၾကာင့္ ICC ဟာ အျခားႏိုင္ငံေတြရဲ႕အစိုးရေတြ ပူးေပါင္းေဆာင္႐ြက္မႈမပါဘဲ ပူတင္ကို ဖမ္းဆီးဖို႔ အခြင့္ အာဏာမရွိပါဘူး" ဟု ေျပာဆိုခဲ့သည္။

႐ုရွားသမၼတပူတင္ႏွင့္ပတ္သက္ၿပီး ICC ၏ ဖမ္းဝရမ္းကို လက္မခံႏိုင္ေၾကာင္း ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္ က ေျပာၾကားခဲ့သည္။ ထို႔အျပင္ ႏိုင္ငံတကာတရား႐ုံး ICC ၏ တရားစီရင္ပိုင္ခြင့္ကို ႐ုရွား တြင္ အသိအမွတ္ျပဳျခင္းမရွိေၾကာင္း ဒီမစ္ထရီပက္ကစေကာ့ဗ္ က ထပ္မံေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.