ရုရှားနဲ့ တရုတ်နိုင်ငံကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ အကန့်အသတ်မရှိကြောင်း ရုရှားသမ္မတပြော

 736

ဂျန်ဇက် (NP News) - မတ် ၂၁

ရုရှားနဲ့တရုတ်နိုင်ငံ ကြားအပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေဟာ အကန့်အသတ်ရှိမှာ မဟုတ်ကြောင်း၊ ရုရှား သမ္မတပူတင် က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရုရှားနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် ရုရှားသမ္မတ ပူတင်က အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။ ရုရှားသမ္မတ က "ရုရှား နဲ့ တရုတ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေက အကန့်အသတ်မရှိဘဲ ဖွံ့ဖြိုးတိုးတက်လာဖို့ပဲရှိပါတယ်။ ရုရှားနဲ့ တရုတ်နိုင်ငံပြည်သူများကြား ဖွံ့ဖြိုးတိုးတက်ရေး တွေပိုမိုရှိလာမှာပါ" လို့ပြောပါတယ်။

ရုရှားသမ္မတပူတင် နဲ့ တရုတ်သမ္မတ တို့ဟာ တစ်နှစ်ကျော်ကြာဖြစ်ပွားနေတဲ့ ယူကရိန်းနဲ့ ရုရှားစစ်ပွဲအဆုံးသတ်ရေး အတွက် ဆွေးနွေးခဲ့သလို နှစ်နိုင်ငံကြားအပြန်အလှန်ဆက်ဆံရေး၊ ပူပေါင်းဆောင်ရွက်မှုများ တိုးမြင့်စေဖို့လည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ရုရှားသမ္မတက ရုရှားနိုင်ငံအနေနဲ့ ယူကရိန်းစစ်ပွဲ အဆုံးသတ်စေဖို့အတွက် တရုတ်နိုင်ငံက အဆိုပြုကမ်းလှမ်းထားတဲ့ အချက် ၁၂ ချက်ပါတဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်အတိုင်း လုပ်ဆောင်ဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံက အဆိုပြုထားတဲ့အချက်များထဲမှာ နိုင်ငံတိုင်းအချုပ်အခြာအာဏာပိုင်နက်ကို လေးစားလိုက်နာဖို့၊ တန်းတူအခွင့်အရေးရှိဖို့ စတဲ့အချက်များပါဝင်နေကြောင်းသိရပါတယ်။ဒါပေမယ့်လည်း အမေရိကန်ကတော့ ယူကရိန်းစစ်ပွဲအဆုံးသတ်စေဖို့အတွက် တရုတ်ဘက်က အဆိုပြုကမ်းလှမ်းချက်များကို ငြင်းဆန်ထားကြောင်း သိရပါတယ်။ တရုတ်နိုင်ငံဟာ ယူကရိန်းစစ်ပွဲမှာ ကြားနေနိုင်ငံအဖြစ်ရပ်တည်ခဲ့ပြီး ရုရှားနိုင်ငံကို ပြစ်တင်ရှုတ်ချ ခြင်း၊ ပိတ်ဆို့ခြင်းများ လုပ်ဆောင်ခြင်းမရှိဘဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ ပုံမှန်အတိုင်း လုပ်ဆောင်ခဲ့ပါ တယ်။

ရုရှားနိုင်ငံအပေါ် အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေက ပိတ်ဆို့မှုများ ချမှတ်နေချိန်မှာ ရုရှားနဲ့ တရုတ်နိုင်ငံကြား ရေနံ၊ ဓါတ်ငွေ့ အပါအဝင် ကုန်သွယ်မှုများ ပိုမိုမြင့်တက်လာခဲ့ကြောင်းသိရပါတယ်။

Zawgyi Version;
႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံၾကား အျပန္အလွန္ပူးေပါင္းေဆာင္႐ြက္မႈမ်ား အကန႔္အသတ္မရွိေၾကာင္း ႐ုရွားသမၼတေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၂၁

႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံၾကားအျပန္အလွန္ပူးေပါင္းေဆာင္႐ြက္မႈေတြဟာ အကန႔္အသတ္ရွိမွာ မဟုတ္ေၾကာင္း၊ ႐ုရွားသမၼတပူတင္ က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

႐ုရွားႏိုင္ငံကို ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနတဲ့ တ႐ုတ္သမၼတရွီက်င့္ဖ်င္နဲ႔ ေတြ႕ဆုံေဆြးေႏြးၿပီးေနာက္ ႐ုရွားသမၼတပူတင္က အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။ ႐ုရွားသမၼတ က "႐ုရွား နဲ႔ တ႐ုတ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္မႈေတြက အကန႔္အသတ္မရွိဘဲ ဖြံ႕ၿဖိဳးတိုးတက္လာဖို႔ပဲရွိပါတယ္။ ႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံျပည္သူမ်ားၾကား ဖြံ႕ၿဖိဳးတိုးတက္ေရး ေတြပိုမိုရွိလာမွာပါ" လို႔ေျပာပါတယ္။

႐ုရွားသမၼတပူတင္ နဲ႔ တ႐ုတ္သမၼတ တို႔ဟာ တစ္ႏွစ္ေက်ာ္ၾကာျဖစ္ပြားေနတဲ့ ယူကရိန္းနဲ႔ ႐ုရွားစစ္ပြဲအဆုံးသတ္ေရး အတြက္ ေဆြးေႏြးခဲ့သလို ႏွစ္ႏိုင္ငံၾကားအျပန္အလွန္ဆက္ဆံေရး၊ ပူေပါင္းေဆာင္႐ြက္မႈမ်ား တိုးျမင့္ေစဖို႔လည္း ေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။ ႐ုရွားသမၼတက ႐ုရွားႏိုင္ငံအေနနဲ႔ ယူကရိန္းစစ္ပြဲ အဆုံးသတ္ေစဖို႔အတြက္ တ႐ုတ္ႏိုင္ငံက အဆိုျပဳကမ္းလွမ္းထားတဲ့ အခ်က္ ၁၂ ခ်က္ပါတဲ့ ၿငိမ္းခ်မ္းေရးအဆိုျပဳခ်က္အတိုင္း လုပ္ေဆာင္ဖို႔ ဆႏၵရွိတယ္လို႔ ဆိုပါတယ္။

တ႐ုတ္ႏိုင္ငံက အဆိုျပဳထားတဲ့အခ်က္မ်ားထဲမွာ ႏိုင္ငံတိုင္းအခ်ဳပ္အျခာအာဏာပိုင္နက္ကို ေလးစားလိုက္နာဖို႔၊ တန္းတူအခြင့္အေရးရွိဖို႔ စတဲ့အခ်က္မ်ားပါဝင္ေနေၾကာင္းသိရပါတယ္။ဒါေပမယ့္လည္း အေမရိကန္ကေတာ့ ယူကရိန္းစစ္ပြဲအဆုံးသတ္ေစဖို႔အတြက္ တ႐ုတ္ဘက္က အဆိုျပဳကမ္းလွမ္းခ်က္မ်ားကို ျငင္းဆန္ထားေၾကာင္း သိရပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ယူကရိန္းစစ္ပြဲမွာ ၾကားေနႏိုင္ငံအျဖစ္ရပ္တည္ခဲ့ၿပီး ႐ုရွားႏိုင္ငံကို ျပစ္တင္ရႈတ္ခ် ျခင္း၊ ပိတ္ဆို႔ျခင္းမ်ား လုပ္ေဆာင္ျခင္းမရွိဘဲ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈေတြ ပုံမွန္အတိုင္း လုပ္ေဆာင္ခဲ့ပါ တယ္။

႐ုရွားႏိုင္ငံအေပၚ အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံေတြက ပိတ္ဆို႔မႈမ်ား ခ်မွတ္ေနခ်ိန္မွာ ႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံၾကား ေရနံ၊ ဓါတ္ေငြ႕ အပါအဝင္ ကုန္သြယ္မႈမ်ား ပိုမိုျမင့္တက္လာခဲ့ေၾကာင္းသိရပါတယ္။

Picture

hla thein

22/03/2023 12:28

two men look like enjoyfull so go ahead for the world

Picture

Ye Htun

22/03/2023 13:54

အမေရိကန်.. ကျဆုံးပါစေ... 👍👍👏👏

Related news

© 2021. All rights reserved.