မြန်မာနိုင်ငံသား သုံးဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး လူသတ်မှုကျူးလွန်သူအဖြစ် သံသယရှိသူ ၅ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

2670

ဂျန်ဇက် (NP News) - မတ် ၂၁
ထိုင်းနိုင်ငံ ဆောင်ခလာပြည်နယ်ရှိ တောစပ်နားတွင် သေဆုံးလျက်တွေ့ရှိခဲ့ရသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး လူသတ်မှုကျူးလွန်သူအဖြစ် သံသယရှိသူ ထိုင်းနိုင်ငံသား ၅ ဦးကို ဖမ်းဆီးနိုင်ခဲ့ ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
ထိုင်းရဲတပ်ဖွဲ့သည် ဆောင်ခလာပြည်နယ် Bang Klam ရွာအနီးရှိ တောစပ်နားတွင် သေဆုံးလျက်ရှိနေသော မြန်မာ နိုင်ငံသားရုပ်အလောင်းကို တွေ့ရှိခဲ့ပြီးနောက် စုံစမ်းရှာဖွေခဲ့ရာတွင် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများကို ပို့ဆောင်ပေးနေသူ ငါးဦးကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Lop Buri Ramesuan လမ်းမှ မီတာ ၂ဝဝ အကွာရှိ တောစပ်နားတွင် တွေ့ရှိခဲ့သော မြန်မာနိုင်ငံသားသုံးဦးအနက် နှစ်ဦးက အသက် ၃ဝ နှစ်၊ အသက် ၄ဝ နှစ်အရွယ်ကြားရှိပြီး ကျန်တစ်ဦးက ဆယ်ကျော်သက်အရွယ် ဖြစ်ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့သည် ရုပ်အလောင်းများတွေ့ရှိရာ ပတ်ဝန်းကျင်တစ်လျှောက်ရှိ CCTV ကင်မရာများကို စစ်ဆေးရာတွင် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများ ခေါ်ဆောင်လာသော ပစ်ကပ်ကား သုံးစီးကို မသင်္ကာဖွယ် ဖြစ်ရာမှ စုံစမ်းစစ်ဆေးပြီးနောက် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံထားရသော ထိုင်းနိုင်ငံသားများသည် သေဆုံးခဲ့သော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ဆာမတ် ပရာကန်ပြည်နယ်မှ ပစ်ကပ်ကား သုံးစီးဖြင့် ခေါ်ဆောင်လာခဲ့ပြီး ကားပေါ်တွင် လူသတ်မှုဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံသား သုံးဦး၏ ရုပ်အလောင်းများကို တောစပ်နားတွင် ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းရဲမှူးကြီး Pongphasit Thongduang ဦးဆောင်သော ရဲတပ်ဖွဲ့သည် ထိုင်းနိုင်ငံသားများဖြစ်သော Mr. Chawanwit (or) Koh၊ Ms. Nuengruethai၊ Mr. Narin (or) Aum၊Ms. Kamonwan (or) Bim ၊ Mr. Navy (or) Mark တို့ ငါးဦးကို ဆာမတ်ပရာကန်ဒေသတွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ ရွှေ့ပြောင်းအလုပ်သမား များ သယ်ဆောင်ရာတွင် အသုံးပြုသော ကားများကိုလည်း သိမ်ဆည်းယူခဲ့ကြောင်း သိရသည်။
ထိုင်းလူကုန်ကူးသမားများက ၎င်းတို့သည် ကားတစ်စီးလျှင် ရွှေ့ပြောင်းအလုပ်သမား ၁၅ ဦးနှုန်းဖြင့် ကားနှစ်စီးဖြင့် ခေါ်ဆောင်ခဲ့သလို တစ်တန်အရွယ် ကားပေါ်တွင် လမ်းပြများ တင်ဆောင်လာခဲ့ပြီး အခြားကားနှစ်စီးကလည်း ဝန်းရံလိုက်ပါခဲ့ကြောင်း ပြောဆိုထားသည်။ မတ်လ ၁၅ ရက်က တောစပ်နားတွင် တွေ့ရှိခဲ့သော ရုပ်အလောင်း သုံးလောင်းအနက် မျက်နှာနှင့် ဦးခေါင်းကို မာကျောသောအရာဖြင့် ရိုက်နှက်ခံရသော ဒဏ်ရာများတွေ့ရှိရသလို ဝမ်းဗိုက်တွင်လည်း ဓါးဖြင့်ထိုးသတ်ခံရသော ဒဏ်ရာများတွေ့ရှိခဲ့ကြောင်း၊ သေဆုံးသူ သုံးဦးစလုံး ၏ လက်ကောက် ဝတ်ကို ကြိုးအနီဖြင့် ချည်ထားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
သေဆုံးသူ သုံးဦးသည် ကားပေါ်မှ ထွက်ပြေးရန် ကြိုးပမ်းမှုကို တားဆီးရာမှတဆင့် ရန်ဖြစ်မှုဖြစ်ပွားကာ လူသတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသော ထိုင်းနိုင်ငံသားများက ပြောသည်။

Zawgyi Version;
ျမန္မာႏိုင္ငံသား သုံးဦး အသတ္ခံရမႈႏွင့္ပတ္သက္ၿပီး လူသတ္မႈက်ဴးလြန္သူအျဖစ္ သံသယရွိသူ ၅ ဦးကို ထိုင္းရဲတပ္ဖြဲ႕ ဖမ္းဆီး
ဂ်န္ဇက္ (NP News) - မတ္ ၂၁
ထိုင္းႏိုင္ငံ ေဆာင္ခလာျပည္နယ္ရွိ ေတာစပ္နားတြင္ ေသဆုံးလ်က္ေတြ႕ရွိခဲ့ရေသာ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား ၃ ဦး အသတ္ခံရမႈႏွင့္ပတ္သက္ၿပီး လူသတ္မႈက်ဴးလြန္သူအျဖစ္ သံသယရွိသူ ထိုင္းႏိုင္ငံသား ၅ ဦးကို ဖမ္းဆီးႏိုင္ခဲ့ ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က ေျပာသည္။
ထိုင္းရဲတပ္ဖြဲ႕သည္ ေဆာင္ခလာျပည္နယ္ Bang Klam ႐ြာအနီးရွိ ေတာစပ္နားတြင္ ေသဆုံးလ်က္ရွိေနေသာ ျမန္မာ ႏိုင္ငံသား႐ုပ္အေလာင္းကို ေတြ႕ရွိခဲ့ၿပီးေနာက္ စုံစမ္းရွာေဖြခဲ့ရာတြင္ တရားမဝင္ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားကို ပို႔ေဆာင္ေပးေနသူ ငါးဦးကို ဖမ္းဆီးႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
Lop Buri Ramesuan လမ္းမွ မီတာ ၂ဝဝ အကြာရွိ ေတာစပ္နားတြင္ ေတြ႕ရွိခဲ့ေသာ ျမန္မာႏိုင္ငံသားသုံးဦးအနက္ ႏွစ္ဦးက အသက္ ၃ဝ ႏွစ္၊ အသက္ ၄ဝ ႏွစ္အ႐ြယ္ၾကားရွိၿပီး က်န္တစ္ဦးက ဆယ္ေက်ာ္သက္အ႐ြယ္ ျဖစ္ေၾကာင္း သိရသည္။ ထိုင္းရဲတပ္ဖြဲ႕သည္ ႐ုပ္အေလာင္းမ်ားေတြ႕ရွိရာ ပတ္ဝန္းက်င္တစ္ေလွ်ာက္ရွိ CCTV ကင္မရာမ်ားကို စစ္ေဆးရာတြင္ တရားမဝင္ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား ေခၚေဆာင္လာေသာ ပစ္ကပ္ကား သုံးစီးကို မသကၤာဖြယ္ ျဖစ္ရာမွ စုံစမ္းစစ္ေဆးၿပီးေနာက္ ဖမ္းဆီးႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဖမ္းဆီးခံထားရေသာ ထိုင္းႏိုင္ငံသားမ်ားသည္ ေသဆုံးခဲ့ေသာ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားကို ဆာမတ္ ပရာကန္ျပည္နယ္မွ ပစ္ကပ္ကား သုံးစီးျဖင့္ ေခၚေဆာင္လာခဲ့ၿပီး ကားေပၚတြင္ လူသတ္မႈျဖစ္ပြားခဲ့ၿပီးေနာက္ ျမန္မာႏိုင္ငံသား သုံးဦး၏ ႐ုပ္အေလာင္းမ်ားကို ေတာစပ္နားတြင္ ပစ္ထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုင္းရဲမႉးႀကီး Pongphasit Thongduang ဦးေဆာင္ေသာ ရဲတပ္ဖြဲ႕သည္ ထိုင္းႏိုင္ငံသားမ်ားျဖစ္ေသာ Mr. Chawanwit (or) Koh၊ Ms. Nuengruethai၊ Mr. Narin (or) Aum၊Ms. Kamonwan (or) Bim ၊ Mr. Navy (or) Mark တို႔ ငါးဦးကို ဆာမတ္ပရာကန္ေဒသတြင္ ဖမ္းဆီးႏိုင္ခဲ့ျခင္းျဖစ္ၿပီး ၎တို႔ႏွင့္အတူ ေ႐ႊ႕ေျပာင္းအလုပ္သမား မ်ား သယ္ေဆာင္ရာတြင္ အသုံးျပဳေသာ ကားမ်ားကိုလည္း သိမ္ဆည္းယူခဲ့ေၾကာင္း သိရသည္။
ထိုင္းလူကုန္ကူးသမားမ်ားက ၎တို႔သည္ ကားတစ္စီးလွ်င္ ေ႐ႊ႕ေျပာင္းအလုပ္သမား ၁၅ ဦးႏႈန္းျဖင့္ ကားႏွစ္စီးျဖင့္ ေခၚေဆာင္ခဲ့သလို တစ္တန္အ႐ြယ္ ကားေပၚတြင္ လမ္းျပမ်ား တင္ေဆာင္လာခဲ့ၿပီး အျခားကားႏွစ္စီးကလည္း ဝန္းရံလိုက္ပါခဲ့ေၾကာင္း ေျပာဆိုထားသည္။ မတ္လ ၁၅ ရက္က ေတာစပ္နားတြင္ ေတြ႕ရွိခဲ့ေသာ ႐ုပ္အေလာင္း သုံးေလာင္းအနက္ မ်က္ႏွာႏွင့္ ဦးေခါင္းကို မာေက်ာေသာအရာျဖင့္ ႐ိုက္ႏွက္ခံရေသာ ဒဏ္ရာမ်ားေတြ႕ရွိရသလို ဝမ္းဗိုက္တြင္လည္း ဓါးျဖင့္ထိုးသတ္ခံရေသာ ဒဏ္ရာမ်ားေတြ႕ရွိခဲ့ေၾကာင္း၊ ေသဆုံးသူ သုံးဦးစလုံး ၏ လက္ေကာက္ ဝတ္ကို ႀကိဳးအနီျဖင့္ ခ်ည္ထားခဲ့ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က ေျပာသည္။
ေသဆုံးသူ သုံးဦးသည္ ကားေပၚမွ ထြက္ေျပးရန္ ႀကိဳးပမ္းမႈကို တားဆီးရာမွတဆင့္ ရန္ျဖစ္မႈျဖစ္ပြားကာ လူသတ္မႈ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ဖမ္းဆီးခံရေသာ ထိုင္းႏိုင္ငံသားမ်ားက ေျပာသည္။