အမေရိကန်ဘဏ်ပေါင်း နောက်ထပ် ၅ဝ ခန့် ပိတ်သိမ်းရဖွယ်ရှိနေ

 1667

ဂျန်ဇက် (NP News) - မတ် ၂၁

အမေရိကန်အစိုးရအနေနဲ့ လက်ရှိဖြစ်နေတဲ့ ဘဏ်စနစ်ပြဿနာများကို ဖြေရှင်းနိုင်မှုမရှိဘူးဆိုရင် အမေရိကန်နိုင်ငံ အတွင်းမှာ နောက်ထပ် ဘဏ်ပေါင်း ၅ဝ ခန့် ပိတ်သိမ်းရဖွယ်ရှိနေတယ်လို့ အမေရိကန်ဘဏ်တစ်ခုဖြစ်တဲ့ Lehman Brothers အမှုဆောင်အရာရှိချုပ်ဟောင်း လောရမ်မက်ဒေါ့နယ်က သုံးသပ်ပြောဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံဟာ မတ်လအစောပိုင်းက နိုင်ငံသမိုင်းမှာ ဒုတိယနဲ့ တတိယအကြီးဆုံးဘဏ်များ ပြိုလဲမှုအပါအဝင် ဘဏ်အချို့ ကမောက်ကမဖြစ်ကာ စတော့ရှယ်ယာဈေးနှုန်းများ ဘီလျံချီ အရှုံးပေါ်ခဲ့ကြောင်း သိရပါတယ်။

ဖက်ဒရယ်အစိုးရဟာ ဘဏ်တွေနဲ့ပတ်သက်ပြီး အာမခံအပ်ငွေနဲ့ အခြားအရေးပေါ် ဆောင်ရွက်ရမယ့်လုပ်ငန်းများ ကို ပါဝင်လုပ်ကိုင်ခဲ့ရကြောင်း သိရပါတယ်။ အတိုးနှုန်း မြင့်မားစွာပေးနေတဲ့ Silicon Valley Bank (SVB) ဘဏ် နဲ့ Signature Bank တို့နဲ့ပတ်သက်ပြီး၊ အမေရိကန်အစိုးရ ကြားဝင်ဆောင်ရွက်မှုများလုပ်ဆောင်ခဲ့ရကြောင်း သိရပါတယ်။

လောရမ့်မက်ဒေါ့နယ် က " ဒေသအတွင်းဘဏ်တွေဟာ အမေရိကန်အစိုးရဲ့အစီအစဉ်တွေကြောင့် အတိုးနှုန်းတွေ မြင့်မားစွာ ပေးနေရတယ်။ ဒေသအတွင်းဘဏ်တွေနဲ့ ဘဏ်ကြီးတွေဟာ အတိုးနှုန်းကို အမေရိကန် ဒေါ်လာဘီလျံ ရာချီပေးရတာမျိုးတွေ ရှိနေတယ်။ အစိုးရဟာ ဘဏ်တွေနဲ့ပတ်သက်တဲ့ စည်းကမ်း၊ နည်းလမ်းတွေ၊ ဥပဒေကို သင့်တော် ကောင်းမွန်တဲ့ပုံစံမျိုးနဲ့ မဖြေရှင်းနိုင်ဘူးဆိုရင် နောက်ထပ်ဘဏ်ပေါင်း ၅ဝ ခန့် ပြိုလဲရဖွယ်ရှိနေတယ်” လို့ ပြောပါတယ်။

ဗဟိုဘဏ်ဟာ ဘဏ်တွေကို အတိုးနှုန်းမြင့်မားစွာပေးနေရခြင်းကို ပြန်မရုတ်သိမ်းခိုင်းဘူးဆိုရင် ဘဏ်တွေ ထိခိုက်နစ်နာမှုများ ဆက်လက်ဖြစ်ပွားနေမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။ လောရမ့်က "ဗဟိုဘဏ်ဟာ ဘဏ်အတိုးနှုန်းတွေ လျော့ချရမှာဖြစ်တယ်" လို့ ပြောပါတယ်။

မတ်လအစောပိုင်းမှာ အမေရိကန်ဘဏ်ကြီးများ ပြိုလဲမှုများရှိလာခဲ့ပြီးနောက် ရေနံဈေးနှုန်းကျဆင်းခဲ့သလို ကမ္ဘာ့ရွှေဈေးနှုန်းများ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္ဘဏ္ေပါင္း ေနာက္ထပ္ ၅ဝ ခန႔္ ပိတ္သိမ္းရဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - မတ္ ၂၁

အေမရိကန္အစိုးရအေနနဲ႔ လက္ရွိျဖစ္ေနတဲ့ ဘဏ္စနစ္ျပႆနာမ်ားကို ေျဖရွင္းႏိုင္မႈမရွိဘူးဆိုရင္ အေမရိကန္ႏိုင္ငံ အတြင္းမွာ ေနာက္ထပ္ ဘဏ္ေပါင္း ၅ဝ ခန႔္ ပိတ္သိမ္းရဖြယ္ရွိေနတယ္လို႔ အေမရိကန္ဘဏ္တစ္ခုျဖစ္တဲ့ Lehman Brothers အမႈေဆာင္အရာရွိခ်ဳပ္ေဟာင္း ေလာရမ္မက္ေဒါ့နယ္က သုံးသပ္ေျပာဆိုလိုက္ပါတယ္။

အေမရိကန္ႏိုင္ငံဟာ မတ္လအေစာပိုင္းက ႏိုင္ငံသမိုင္းမွာ ဒုတိယနဲ႔ တတိယအႀကီးဆုံးဘဏ္မ်ား ၿပိဳလဲမႈအပါအဝင္ ဘဏ္အခ်ိဳ႕ ကေမာက္ကမျဖစ္ကာ စေတာ့ရွယ္ယာေဈးႏႈန္းမ်ား ဘီလ်ံခ်ီ အရႈံးေပၚခဲ့ေၾကာင္း သိရပါတယ္။

ဖက္ဒရယ္အစိုးရဟာ ဘဏ္ေတြနဲ႔ပတ္သက္ၿပီး အာမခံအပ္ေငြနဲ႔ အျခားအေရးေပၚ ေဆာင္႐ြက္ရမယ့္လုပ္ငန္းမ်ား ကို ပါဝင္လုပ္ကိုင္ခဲ့ရေၾကာင္း သိရပါတယ္။ အတိုးႏႈန္း ျမင့္မားစြာေပးေနတဲ့ Silicon Valley Bank (SVB) ဘဏ္ နဲ႔ Signature Bank တို႔နဲ႔ပတ္သက္ၿပီး၊ အေမရိကန္အစိုးရ ၾကားဝင္ေဆာင္႐ြက္မႈမ်ားလုပ္ေဆာင္ခဲ့ရေၾကာင္း သိရပါတယ္။

ေလာရမ့္မက္ေဒါ့နယ္ က " ေဒသအတြင္းဘဏ္ေတြဟာ အေမရိကန္အစိုးရဲ႕အစီအစဥ္ေတြေၾကာင့္ အတိုးႏႈန္းေတြ ျမင့္မားစြာ ေပးေနရတယ္။ ေဒသအတြင္းဘဏ္ေတြနဲ႔ ဘဏ္ႀကီးေတြဟာ အတိုးႏႈန္းကို အေမရိကန္ ေဒၚလာဘီလ်ံ ရာခ်ီေပးရတာမ်ိဳးေတြ ရွိေနတယ္။ အစိုးရဟာ ဘဏ္ေတြနဲ႔ပတ္သက္တဲ့ စည္းကမ္း၊ နည္းလမ္းေတြ၊ ဥပေဒကို သင့္ေတာ္ ေကာင္းမြန္တဲ့ပုံစံမ်ိဳးနဲ႔ မေျဖရွင္းႏိုင္ဘူးဆိုရင္ ေနာက္ထပ္ဘဏ္ေပါင္း ၅ဝ ခန႔္ ၿပိဳလဲရဖြယ္ရွိေနတယ္” လို႔ ေျပာပါတယ္။

ဗဟိုဘဏ္ဟာ ဘဏ္ေတြကို အတိုးႏႈန္းျမင့္မားစြာေပးေနရျခင္းကို ျပန္မ႐ုတ္သိမ္းခိုင္းဘူးဆိုရင္ ဘဏ္ေတြ ထိခိုက္နစ္နာမႈမ်ား ဆက္လက္ျဖစ္ပြားေနမွာျဖစ္ေၾကာင္း ၎က ေျပာပါတယ္။ ေလာရမ့္က "ဗဟိုဘဏ္ဟာ ဘဏ္အတိုးႏႈန္းေတြ ေလ်ာ့ခ်ရမွာျဖစ္တယ္" လို႔ ေျပာပါတယ္။

မတ္လအေစာပိုင္းမွာ အေမရိကန္ဘဏ္ႀကီးမ်ား ၿပိဳလဲမႈမ်ားရွိလာခဲ့ၿပီးေနာက္ ေရနံေဈးႏႈန္းက်ဆင္းခဲ့သလို ကမာၻ႔ေ႐ႊေဈးႏႈန္းမ်ား ျမင့္တက္လာခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.