နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းများမှာ တရုတ်နိုင်ငံသုံး ယွမ်ငွေကြေးကို အဓိကထားအသုံးပြုမယ်လို့ ရုရှားသမ္မတ ပြော

 640

ဂျန်ဇက် (NP News) - မတ် ၂၁

ရုရှားနိုင်ငံအနေနဲ့ နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းများမှာ တရုတ်နိုင်ငံသုံး ယွမ်ငွေကြေးကို အဓိကထား တိုးမြင့်သုံးစွဲ သွားမှာဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရုရှားနိုင်ငံကို သုံးရက်ကြာရောက်ရှိနေတဲ့ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ရုရှားသမ္မတ ပူတင်က အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။ ရုရှားသမ္မတက "ကျွန်တော်တို့ ရုရှားနိုင်ငံနဲ့ လက်တင်အမေရိကနိုင်ငံ တွေ၊ အာရှ၊ အာဖရိကနိုင်ငံတွေ နဲ့ ကုန်သွယ်မှုတွေ လုပ်ဆောင်ရာမှာ တရုတ်နိုင်ငံသုံး ယွမ်ငွေကြေးကို အဓိကထား အသုံးပြုသွားမှာပါ။ ယွမ်ငွေကြေး အသုံးပြုခြင်းဟာ ရုရှားနဲ့ တရုတ်နိုင်ငံရဲ့ မိတ်ဖက်ဖြစ်မှုကို ပိုမိုကောင်းမွန်စေ သလို တတိယနိုင်ငံအတွက်လည်း ပိုမိုအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်" လို့ပြောပါတယ်။

ရုရှားနဲ့ တရုတ်နိုင်ငံကြား လက်ရှိ လုပ်ဆောင်နေတဲ့ကုန်သွယ်မှုတွေမှာ နိုင်ငံသုံး ငွေကြေးတွေဖြစ်တဲ့ ယွမ် နဲ့ ရူဘယ်လ်တို့ကို အဓိကထား အသုံးပြုနေကြောင်း ရုရှားသမ္မတ က ပြောပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားအပေါ် အနောက်အုပ်စုနိုင်ငံများက ပစ်မှတ်ထားပိတ်ဆို့မှုချမှတ်ခဲ့ပြီးနောက် ရုရှားနဲ့ တရုတ်နိုင်ငံကြားကုန်သွယ်မှုတွေဟာ၂ဝ၂၂ ခုနှစ်အတွင်း ပိုမိုမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ ရုရှားနဲ့ တရုတ်နိုင်ငံကြားကုန်သွယ်မှုတွေဟာ ၂ဝ၂၂ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂ဝဝ ဘီလျံအထိ ရောက်ရှိလာခဲ့ ကြောင်း သိရပါတယ်။ ရုရှားဘဏ်တွေရဲ့ဖော်ပြချက်များအရ ရုရှားရဲ့ နိုင်ငံခြားကုန်သွယ်မှုတွေမှာလည်း တရုတ် နိုင်ငံသုံး ယွမ်ငွေကြေးကို အဓိကထား အသုံးပြုလာခဲ့ကြောင်း ဆိုပါတယ်။

ရုရှားစတော့ဈေးကွက်အတွင်း ကုန်သွယ်မှုတွေမှာ အများဆုံးအသုံးပြုနေတဲ့ ငွေကြေးက တရုတ်နိုင်ငံသုံး ယွမ်ငွေကြေး ဖြစ်လာခဲ့ပြီး၊ အမေရိကန်ဒေါ်လာကို ကျော်တက်သွားခဲ့ကြောင်း ဆိုပါတယ်။ ရုရှားဟာ ၎င်းရဲ့ ပို့ကုန်လုပ်ငန်းများအတွက် ငွေကြေးအသုံးပြုရာမှာ အမေရိကန်ဒေါ်လာနဲ့ ယူရိုငွေကြေးအသုံးပြုမှုများကို များစွာ လျော့ချခဲ့ပြီး တရုတ်နိုင်ငံသုံး ယွမ်ကို ပိုမိုအသုံးပြုလာခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
ႏိုင္ငံျခားကုန္သြယ္မႈလုပ္ငန္းမ်ားမွာ တ႐ုတ္ႏိုင္ငံသုံး ယြမ္ေငြေၾကးကို အဓိကထားအသုံးျပဳမယ္လို႔ ႐ုရွားသမၼတ ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၂၁

႐ုရွားႏိုင္ငံအေနနဲ႔ ႏိုင္ငံျခားကုန္သြယ္မႈလုပ္ငန္းမ်ားမွာ တ႐ုတ္ႏိုင္ငံသုံး ယြမ္ေငြေၾကးကို အဓိကထား တိုးျမင့္သုံးစြဲ သြားမွာျဖစ္ေၾကာင္း ႐ုရွားသမၼတပူတင္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

႐ုရွားႏိုင္ငံကို သုံးရက္ၾကာေရာက္ရွိေနတဲ့ တ႐ုတ္သမၼတရွီက်င့္ဖ်င္နဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ ႐ုရွားသမၼတ ပူတင္က အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။ ႐ုရွားသမၼတက "ကြၽန္ေတာ္တို႔ ႐ုရွားႏိုင္ငံနဲ႔ လက္တင္အေမရိကႏိုင္ငံ ေတြ၊ အာရွ၊ အာဖရိကႏိုင္ငံေတြ နဲ႔ ကုန္သြယ္မႈေတြ လုပ္ေဆာင္ရာမွာ တ႐ုတ္ႏိုင္ငံသုံး ယြမ္ေငြေၾကးကို အဓိကထား အသုံးျပဳသြားမွာပါ။ ယြမ္ေငြေၾကး အသုံးျပဳျခင္းဟာ ႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံရဲ႕ မိတ္ဖက္ျဖစ္မႈကို ပိုမိုေကာင္းမြန္ေစ သလို တတိယႏိုင္ငံအတြက္လည္း ပိုမိုအဆင္ေျပမယ္လို႔ ေမွ်ာ္လင့္ပါတယ္" လို႔ေျပာပါတယ္။

႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံၾကား လက္ရွိ လုပ္ေဆာင္ေနတဲ့ကုန္သြယ္မႈေတြမွာ ႏိုင္ငံသုံး ေငြေၾကးေတြျဖစ္တဲ့ ယြမ္ နဲ႔ ႐ူဘယ္လ္တို႔ကို အဓိကထား အသုံးျပဳေနေၾကာင္း ႐ုရွားသမၼတ က ေျပာပါတယ္။

ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ႐ုရွားအေပၚ အေနာက္အုပ္စုႏိုင္ငံမ်ားက ပစ္မွတ္ထားပိတ္ဆို႔မႈခ်မွတ္ခဲ့ၿပီးေနာက္ ႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံၾကားကုန္သြယ္မႈေတြဟာ၂ဝ၂၂ ခုႏွစ္အတြင္း ပိုမိုျမင့္တက္လာခဲ့တယ္လို႔ သိရပါတယ္။ ႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံၾကားကုန္သြယ္မႈေတြဟာ ၂ဝ၂၂ ခုႏွစ္အတြင္း အေမရိကန္ေဒၚလာ ၂ဝဝ ဘီလ်ံအထိ ေရာက္ရွိလာခဲ့ ေၾကာင္း သိရပါတယ္။ ႐ုရွားဘဏ္ေတြရဲ႕ေဖာ္ျပခ်က္မ်ားအရ ႐ုရွားရဲ႕ ႏိုင္ငံျခားကုန္သြယ္မႈေတြမွာလည္း တ႐ုတ္ ႏိုင္ငံသုံး ယြမ္ေငြေၾကးကို အဓိကထား အသုံးျပဳလာခဲ့ေၾကာင္း ဆိုပါတယ္။

႐ုရွားစေတာ့ေဈးကြက္အတြင္း ကုန္သြယ္မႈေတြမွာ အမ်ားဆုံးအသုံးျပဳေနတဲ့ ေငြေၾကးက တ႐ုတ္ႏိုင္ငံသုံး ယြမ္ေငြေၾကး ျဖစ္လာခဲ့ၿပီး၊ အေမရိကန္ေဒၚလာကို ေက်ာ္တက္သြားခဲ့ေၾကာင္း ဆိုပါတယ္။ ႐ုရွားဟာ ၎ရဲ႕ ပို႔ကုန္လုပ္ငန္းမ်ားအတြက္ ေငြေၾကးအသုံးျပဳရာမွာ အေမရိကန္ေဒၚလာနဲ႔ ယူ႐ိုေငြေၾကးအသုံးျပဳမႈမ်ားကို မ်ားစြာ ေလ်ာ့ခ်ခဲ့ၿပီး တ႐ုတ္ႏိုင္ငံသုံး ယြမ္ကို ပိုမိုအသုံးျပဳလာခဲ့ေၾကာင္း သိရပါတယ္။

Picture

san yuko

22/03/2023 13:43

Good

Picture

Ye Htun

22/03/2023 13:52

ကောင်တယ်....အားပေးတယ်.......ငပွကြီးကိုနှာနု ဖြတ်ကန်ပစ်တာဘဲ😂😂🤣🤣

Related news

© 2021. All rights reserved.