အစိုးရဖွဲ့နိုင်ပါက နိုင်ငံဂျီဒီပီကို ၅ ရာခိုင်နှုန်း တိုးအောင်နဲ့ လယ်သမားတွေ ဝင်ငွေပိုကောင်းအောင် လုပ်ပေးမယ်လို့ ဖြူထိုင်းပါတီ ကတိပေး

 516

ဂျန်ဇက် (NP News) - မတ် ၂၂

လာမယ့် မေလအတွင်းကျင်းပမယ့် ရွေးကောက်ပွဲမှာ အနိုင်ရပြီးအစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ခဲ့ပါက နိုင်ငံရဲ့ဂျီဒီပီကို ၅ ရာခိုင်နှုန်း တိုးတက်အောင်လုပ်ဆောင်သွားမယ်လို့ ဖြူထိုင်းပါတီက ကတိပြုပြောဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက လွှတ်တော်ဖျက်သိမ်းပြီးနောက် မေလ ၁၄ ရက်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ ထိုင်းရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်ရာ ထိုင်းနိုင်ငံရေးပါတီများဟာ အပြိုင်အဆိုင် မဲဆွယ်စည်းရုံးလျက်ရှိနေတယ်လို့ သိရပါတယ်။

ဖြူထိုင်းပါတီ စီးပွားရေးရာကော်မတီအကြီးအကဲဖြစ်သူ Prommin Lertsuriyadej က လာမယ့်ရွေးကောက်ပွဲ အတွင်း အနိုင်ရခဲ့ပါက လယ်သမားတွေရဲ့ဝင်ငွေ ပိုမိုရရှိစေဖို့ နဲ့ လယ်သမားတွေ ဓါတ်မြေသြဇာ အသုံးပြုမှု ပိုမိုအသုံးပြုနိုင်အောင် ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။ ဒါ့အပြင် နိုင်ငံအတွင်းရှိ လယ်ယာမြေ များမှာလည်း ရေ ရရှိမှု ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

လွတ်လပ်တဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေကို အာရုံစိုက်လုပ်ကိုင်ပြီး နိုင်ငံစီးပွားရေးပြဿနာတွေကို ဖြေရှင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ နေ့စဉ်အနည်းဆုံး ဝင်ငွေကိုလည်း ဘတ် ၆ဝဝ အထိ တိုးမြင့်ပေးနိုင်အောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဖြူထိုင်းပါတီတာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

ထိုင်းဘွဲ့ရသူများအတွက် လစဉ်ဝင်ငွေကိုလည်း တစ်လကို ဘတ် ၂၅ဝဝဝ အထိ တိုးမြင့်ရရှိအောင် လုပ်ဆောင်မှာဖြစ်ကြောင်း၊ လယ်သမားတွေ သက်သာချောင်ချိရေးကို ဦးစားပေးလုပ်ဆောင်မှာဖြစ်သလို ထိုင်းခရီးသွားလုပ်ငန်းက ဘတ် ၃ ထရီလီယံ အထိရရှိဖို့ ရည်မှန်းထားကြောင်း ဖြူထိုင်းပါတီ အကြီးအကဲက ပြောပါတယ်။

ဖြူထိုင်းပါတီဟာ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး ဖြူထိုင်းပါတီခေါင်းဆောင်ဟာ ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာရဲ့ အဓိကပြိုင်ဘက်ဖြစ်လာဖွယ်ရှိနေတယ်လို့ သတင်းများ ထွက်ပေါ်လျက်ရှိနေပါတယ်။

Zawgyi Version;
အစိုးရဖြဲ႕ႏိုင္ပါက ႏိုင္ငံဂ်ီဒီပီကို ၅ ရာခိုင္ႏႈန္း တိုးေအာင္နဲ႔ လယ္သမားေတြ ဝင္ေငြပိုေကာင္းေအာင္ လုပ္ေပးမယ္လို႔ ျဖဴထိုင္းပါတီ ကတိေပး
ဂ်န္ဇက္ (NP News) - မတ္ ၂၂

လာမယ့္ ေမလအတြင္းက်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရၿပီးအစိုးရတစ္ရပ္ဖြဲ႕စည္းႏိုင္ခဲ့ပါက ႏိုင္ငံရဲ႕ဂ်ီဒီပီကို ၅ ရာခိုင္ႏႈန္း တိုးတက္ေအာင္လုပ္ေဆာင္သြားမယ္လို႔ ျဖဴထိုင္းပါတီက ကတိျပဳေျပာဆိုလိုက္ပါတယ္။

ထိုင္းႏိုင္ငံမွာ ၿပီးခဲ့တဲ့ရက္ပိုင္းက လႊတ္ေတာ္ဖ်က္သိမ္းၿပီးေနာက္ ေမလ ၁၄ ရက္မွာ အေထြေထြေ႐ြးေကာက္ပြဲ က်င္းပသြားမယ္လို႔ ထိုင္းေ႐ြးေကာက္ပြဲေကာ္မရွင္က ေၾကညာထားၿပီးျဖစ္ရာ ထိုင္းႏိုင္ငံေရးပါတီမ်ားဟာ အၿပိဳင္အဆိုင္ မဲဆြယ္စည္း႐ုံးလ်က္ရွိေနတယ္လို႔ သိရပါတယ္။

ျဖဴထိုင္းပါတီ စီးပြားေရးရာေကာ္မတီအႀကီးအကဲျဖစ္သူ Prommin Lertsuriyadej က လာမယ့္ေ႐ြးေကာက္ပြဲ အတြင္း အႏိုင္ရခဲ့ပါက လယ္သမားေတြရဲ႕ဝင္ေငြ ပိုမိုရရွိေစဖို႔ နဲ႔ လယ္သမားေတြ ဓါတ္ေျမၾသဇာ အသုံးျပဳမႈ ပိုမိုအသုံးျပဳႏိုင္ေအာင္ ကူညီေဆာင္႐ြက္ေပးသြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။ ဒါ့အျပင္ ႏိုင္ငံအတြင္းရွိ လယ္ယာေျမ မ်ားမွာလည္း ေရ ရရွိမႈ ပိုမိုေကာင္းမြန္ေအာင္ လုပ္ေဆာင္ေပးသြားမွာျဖစ္ေၾကာင္း ၎က ေျပာပါတယ္။

လြတ္လပ္တဲ့ ကုန္သြယ္ေရးသေဘာတူညီခ်က္ေတြကို အာ႐ုံစိုက္လုပ္ကိုင္ၿပီး ႏိုင္ငံစီးပြားေရးျပႆနာေတြကို ေျဖရွင္းေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း၊ ေန႔စဥ္အနည္းဆုံး ဝင္ေငြကိုလည္း ဘတ္ ၆ဝဝ အထိ တိုးျမင့္ေပးႏိုင္ေအာင္ လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ျဖဴထိုင္းပါတီတာဝန္ရွိသူတစ္ဦး က ေျပာပါတယ္။

ထိုင္းဘြဲ႕ရသူမ်ားအတြက္ လစဥ္ဝင္ေငြကိုလည္း တစ္လကို ဘတ္ ၂၅ဝဝဝ အထိ တိုးျမင့္ရရွိေအာင္ လုပ္ေဆာင္မွာျဖစ္ေၾကာင္း၊ လယ္သမားေတြ သက္သာေခ်ာင္ခ်ိေရးကို ဦးစားေပးလုပ္ေဆာင္မွာျဖစ္သလို ထိုင္းခရီးသြားလုပ္ငန္းက ဘတ္ ၃ ထရီလီယံ အထိရရွိဖို႔ ရည္မွန္းထားေၾကာင္း ျဖဴထိုင္းပါတီ အႀကီးအကဲက ေျပာပါတယ္။

ျဖဴထိုင္းပါတီဟာ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရဖို႔ ေရပန္းအစားဆုံးျဖစ္ေနၿပီး ျဖဴထိုင္းပါတီေခါင္းေဆာင္ဟာ ထိုင္းဝန္ႀကီးခ်ဳပ္ပရာယြတ္ခ်န္အိုခ်ာရဲ႕ အဓိကၿပိဳင္ဘက္ျဖစ္လာဖြယ္ရွိေနတယ္လို႔ သတင္းမ်ား ထြက္ေပၚလ်က္ရွိေနပါတယ္။

Related news

© 2021. All rights reserved.