စက်ဘီးနင်းလာသည့် အသက်(၆ဝ)အရွယ် အဘိုးအိုတစ်ဦး ကားဖြင့် အတိုက်ခံရမှု မရမ်းကုန်းမြို့နယ်တွင်ဖြစ်ပွား

 963

စော (NP News) - မတ် ၂၂

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် စက်ဘီးနင်းလာသည့် အသက်(၆ဝ)အရွယ် အဘိုးတစ်ဦး ကားဖြင့်အတိုက်ခံရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၂၂ ရက်)၊ နံနက် ၁၁ နာရီဝန်းကျင်တွင် မရမ်းကုန်းမြို့နယ်၊ ပြည်လမ်း ကုန်းမြင့်ရိပ်သာအနီး (၈)မိုင်တံတားအဆင်းတွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာ့ကြယ်ဖြူအရေးပေါ်ကူညီကယ် ဆယ်ရေးအသင်းမှ သိရသည်။

“(၈)မိုင်တံတားအဆင်းမှာ စက်ဘီးကို ကားကတိုက်သွားတာပေါ့။ လူနာကို ရန်ကုန်ဆေးရုံကြီးကိုပို့ထား တယ်။ ကားအမျိုးအစားကမသိရဘူးဖြစ်နေတယ်။ တိုက်ပြီးပြေးသွားတာ။ လူနာက ပထမကတော့သတိရတယ်။ နာမည်ပြောပြီး သတိမရတော့ဘူး။ အသက်ကတော့ (၆ဝ)ကျော်ဝန်းကျင်တော့ရှိမယ်။မိသားစုနဲ့အခုထိအဆက်အသွယ်မရသေးဘူး”ဟု မြန်မာ့ကြယ်ဖြူအရေးပေါ်ကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ကားဖြင့် အတိုက်ခံခဲ့ရသူသည် ဦးဝင်းထိန်ဖြစ်ပြီး အသက် (၆ဝ)ဝန်းကျင်ခန့်ရှိကာ မြန်မာ့ကြယ်ဖြူအ ရေးပေါ်ကူညီကယ်ဆယ်ရေးအသင်းမှ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဦးဝင်းထိန်မှာ စိုးရိမ်စရာအခြေအနေမရှိကြောင်းသိရပြီး ဖြစ်စဥ်နှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

zawgyi version
စက္ဘီးနင္းလာသည့္ အသက္(၆ဝ)အ႐ြယ္ အဘိုးအိုတစ္ဦး ကားျဖင့္ အတိုက္ခံရမႈ မရမ္းကုန္းၿမိဳ႕နယ္တြင္ျဖစ္ပြား

ေစာ (NP News) - မတ္ ၂၂

ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္တြင္ စက္ဘီးနင္းလာသည့္ အသက္(၆ဝ)အ႐ြယ္ အဘိုးတစ္ဦး ကားျဖင့္အတိုက္ခံရေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (မတ္လ ၂၂ ရက္)၊ နံနက္ ၁၁ နာရီဝန္းက်င္တြင္ မရမ္းကုန္းၿမိဳ႕နယ္၊ ျပည္လမ္း ကုန္းျမင့္ရိပ္သာအနီး (၈)မိုင္တံတားအဆင္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာ့ၾကယ္ျဖဴအေရးေပၚကူညီကယ္ ဆယ္ေရးအသင္းမွ သိရသည္။

“(၈)မိုင္တံတားအဆင္းမွာ စက္ဘီးကို ကားကတိုက္သြားတာေပါ့။ လူနာကို ရန္ကုန္ေဆး႐ုံႀကီးကိုပို႔ထား တယ္။ ကားအမ်ိဳးအစားကမသိရဘူးျဖစ္ေနတယ္။ တိုက္ၿပီးေျပးသြားတာ။ လူနာက ပထမကေတာ့သတိရတယ္။ နာမည္ေျပာၿပီး သတိမရေတာ့ဘူး။ အသက္ကေတာ့ (၆ဝ)ေက်ာ္ဝန္းက်င္ေတာ့ရွိမယ္။မိသားစုနဲ႔အခုထိအဆက္အသြယ္မရေသးဘူး”ဟု ျမန္မာ့ၾကယ္ျဖဴအေရးေပၚကူညီကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ကားျဖင့္ အတိုက္ခံခဲ့ရသူသည္ ဦးဝင္းထိန္ျဖစ္ၿပီး အသက္ (၆ဝ)ဝန္းက်င္ခန႔္ရွိကာ ျမန္မာ့ၾကယ္ျဖဴအ ေရးေပၚကူညီကယ္ဆယ္ေရးအသင္းမွ ရန္ကုန္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ဦးဝင္းထိန္မွာ စိုးရိမ္စရာအေျခအေနမရွိေၾကာင္းသိရၿပီး ျဖစ္စဥ္ႏွင့္ပတ္သက္၍ သက္ဆိုင္ရာလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ား ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.