ကင်ညာမှာ အစိုးရဆန့်ကျင်ဆန္ဒပြပွဲများအတွင်း ကျောင်းသားတစ်ဦး သေဆုံး၊ လူ ၂ဝဝ ကျော် အဖမ်းခံရ

 308

ရောင်နီ (NP News) - မတ် ၂၂

ကင်ညာနိုင်ငံမှာ လူနေမှုစရိတ်ကြီးမြင့်လာခြင်းကြောင့် သမ္မတ ဝီလီယံရူတို အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲအတွင်း မတ်လ ၂ဝ ရက်၊ တနင်္လာနေ့က တက္ကသိုလ်ကျောင်းသားတစ်ဦး သေဆုံးပြီး လူပေါင်း ၂ဝဝ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားပါတယ်။

အတိုက်အခံခေါင်းဆောင်၊ ဝန်ကြီးချုပ်ဟောင်း ရိုင်လာအိုဒင်ဂါရဲ့ဆန္ဒပြကြဖို့တောင်းဆိုမှုကို တုံ့ပြန်တဲ့အနေနဲ့ မြို့တော် နိုင်ရိုဘီနဲ့ အခြားမြို့အများအပြားမှာ ရာပေါင်းများစွာသော ဆန္ဒပြသူများ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ အချို့ဆန္ဒပြသူတွေက လမ်းတွေပေါ်မှာ မီးရှို့လမ်းပိတ်ကာ ရဲတွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခြင်းတို့ လုပ်ခဲ့ တယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲအတွင်း ဝန်ကြီးချုပ်ဟောင်း အိုဒင်ဂါက ၄င်းရဲ့ယာဉ်တန်းမှာ ထောက်ခံသူတွေကို မိန့်ခွန်းပြောနေစဉ် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များကို ပစ်ခတ်ခဲ့ပါတယ်။ အဆိုပါ ရုန်းရင်းဆန်ခတ်မှုအတွင်း ရဲတပ်ဖွဲ့ ဝင် ၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားပါတယ်။

ဆန္ဒပြသူတွေကြား ထိခိုက်ဒဏ်ရာရရှိမှုကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ ကင်ညာနိုင်ငံ အနောက်ပိုင်း မာဆီနို တက္ကသိုလ်မှ ကျောင်းသားတစ်ဦးဟာ မျက်ရည်ယိုဗုံးများမှ ထွက်ပြေးပြီးနောက် ရဲအရာရှိများက လည်ပင်းကို သေနတ်နဲ့ ပစ်သတ်ခံခဲ့ရကြောင်း မတ်လ ၂၁ ရက်၊ အင်္ဂါနေ့က ရိုက်တာသတင်းအရ သိရပါတယ်။

အရာရှိတွေဟာ လမ်းပေါ်မှာ မီးရှို့ခဲ့တဲ့ ကျောင်းသားများနဲ့ထိပ်တိုက်တွေ့ပြီး ဒေသတွင်း စီးပွားရေးများကို ဖျက်ဆီး မှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၆ လ၊ သမ္မတရူတို အာဏာရရှိပြီးနောက်ပိုင်း အရှေ့အာဖရိကနိုင်ငံမှာ နိုင်ငံရေး အကြမ်းဖက်မှုများ ပထမဆုံးဖြစ်ပွားခဲ့ပါတယ်။ ယခုဆန္ဒပြပွဲတွေကတော့ ငွေကြေးဖောင်းပွမှုမြင့်မားနေမှု၊ ပြောင်းမှုန့်ကဲ့သို့သော အဓိက ကုန်စည်များအတွက် ကုန်ကျစရိတ်ကြီးမြင့်မှုတို့အတွက် အစိုးရဆန့်ကျင်ဆန္ဒပြခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံရသူတွေထဲမှာ အိုဒင်ဂါအဖွဲ့ခွဲခေါင်းဆောင်များ အပါအဝင် အနည်းဆုံး လွှတ်တော်အမတ် လေးဦး ပါဝင်ခဲ့ပေမယ့် ၎င်းတို့ကို အာမခံနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ကင္ညာမွာ အစိုးရဆန္႔က်င္ဆႏၵျပပြဲမ်ားအတြင္း ေက်ာင္းသားတစ္ဦး ေသဆုံး၊ လူ ၂ဝဝ ေက်ာ္ အဖမ္းခံရ
ေရာင္နီ (NP News) - မတ္ ၂၂

ကင္ညာႏိုင္ငံမွာ လူေနမႈစရိတ္ႀကီးျမင့္လာျခင္းေၾကာင့္ သမၼတ ဝီလီယံ႐ူတို အစိုးရကို ဆန္႔က်င္တဲ့ ဆႏၵျပပြဲအတြင္း မတ္လ ၂ဝ ရက္၊ တနလၤာေန႔က တကၠသိုလ္ေက်ာင္းသားတစ္ဦး ေသဆုံးၿပီး လူေပါင္း ၂ဝဝ ေက်ာ္ ဖမ္းဆီးခံခဲ့ရေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။

အတိုက္အခံေခါင္းေဆာင္၊ ဝန္ႀကီးခ်ဳပ္ေဟာင္း ႐ိုင္လာအိုဒင္ဂါရဲ႕ဆႏၵျပၾကဖို႔ေတာင္းဆိုမႈကို တုံ႔ျပန္တဲ့အေနနဲ႔ ၿမိဳ႕ေတာ္ ႏိုင္႐ိုဘီနဲ႔ အျခားၿမိဳ႕အမ်ားအျပားမွာ ရာေပါင္းမ်ားစြာေသာ ဆႏၵျပသူမ်ား ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။ အခ်ိဳ႕ဆႏၵျပသူေတြက လမ္းေတြေပၚမွာ မီးရႈိ႕လမ္းပိတ္ကာ ရဲေတြကို ေက်ာက္ခဲေတြနဲ႔ ပစ္ေပါက္ျခင္းတို႔ လုပ္ခဲ့ တယ္လို႔ သိရပါတယ္။

ဆႏၵျပပြဲအတြင္း ဝန္ႀကီးခ်ဳပ္ေဟာင္း အိုဒင္ဂါက ၄င္းရဲ႕ယာဥ္တန္းမွာ ေထာက္ခံသူေတြကို မိန႔္ခြန္းေျပာေနစဥ္ ရဲတပ္ဖြဲ႕က မ်က္ရည္ယိုဗုံးမ်ား၊ မီးသတ္ပိုက္မ်ားကို ပစ္ခတ္ခဲ့ပါတယ္။ အဆိုပါ ႐ုန္းရင္းဆန္ခတ္မႈအတြင္း ရဲတပ္ဖြဲ႕ ဝင္ ၂၄ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။

ဆႏၵျပသူေတြၾကား ထိခိုက္ဒဏ္ရာရရွိမႈကို ထုတ္ေဖာ္ေျပာဆိုျခင္း မရွိပါဘူး။ ကင္ညာႏိုင္ငံ အေနာက္ပိုင္း မာဆီႏို တကၠသိုလ္မွ ေက်ာင္းသားတစ္ဦးဟာ မ်က္ရည္ယိုဗုံးမ်ားမွ ထြက္ေျပးၿပီးေနာက္ ရဲအရာရွိမ်ားက လည္ပင္းကို ေသနတ္နဲ႔ ပစ္သတ္ခံခဲ့ရေၾကာင္း မတ္လ ၂၁ ရက္၊ အဂၤါေန႔က ႐ိုက္တာသတင္းအရ သိရပါတယ္။

အရာရွိေတြဟာ လမ္းေပၚမွာ မီးရႈိ႕ခဲ့တဲ့ ေက်ာင္းသားမ်ားနဲ႔ထိပ္တိုက္ေတြ႕ၿပီး ေဒသတြင္း စီးပြားေရးမ်ားကို ဖ်က္ဆီး မႈနဲ႔ ဖမ္းဆီးခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၆ လ၊ သမၼတ႐ူတို အာဏာရရွိၿပီးေနာက္ပိုင္း အေရွ႕အာဖရိကႏိုင္ငံမွာ ႏိုင္ငံေရး အၾကမ္းဖက္မႈမ်ား ပထမဆုံးျဖစ္ပြားခဲ့ပါတယ္။ ယခုဆႏၵျပပြဲေတြကေတာ့ ေငြေၾကးေဖာင္းပြမႈျမင့္မားေနမႈ၊ ေျပာင္းမႈန႔္ကဲ့သို႔ေသာ အဓိက ကုန္စည္မ်ားအတြက္ ကုန္က်စရိတ္ႀကီးျမင့္မႈတို႔အတြက္ အစိုးရဆန္႔က်င္ဆႏၵျပျခင္း ျဖစ္တယ္လို႔ သိရပါတယ္။

ဆႏၵျပပြဲအတြင္း ဖမ္းဆီးခံရသူေတြထဲမွာ အိုဒင္ဂါအဖြဲ႕ခြဲေခါင္းေဆာင္မ်ား အပါအဝင္ အနည္းဆုံး လႊတ္ေတာ္အမတ္ ေလးဦး ပါဝင္ခဲ့ေပမယ့္ ၎တို႔ကို အာမခံနဲ႔ ျပန္လႊတ္ေပးခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.