ပြည်ပချေးငွေများ ပြန်လည်ပေးဆပ်ရာတွင် တာဝန်သိနိုင်ငံအဖြစ် ခံယူရပ်တည်ပြီး အချိန်စေ့ပါက အတိုးအရင်းပေးဆပ်ရန် ဦးစားပေးလျာထားကြောင်း နစက ဥက္ကဋ္ဌပြော

 651

NP News - မတ် ၂၂

ပြည်ပချေးငွေများ ပြန်လည်ပေးဆပ်ရာတွင် တာဝန်သိနိုင်ငံအဖြစ် ခံယူရပ်တည်ပြီး အချိန်စေ့ပါက အတိုးရောအရင်ပါ ပေးဆပ်နိုင်ရန် ဦးစားပေးထည့်သွင်းလျာထားခွင့်ပြုထားကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၂၁ ရက်တွင်ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် (၁/၂ဝ၂၃) အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အစိုးရအနေဖြင့် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုကို ပွင့်လင်းမြင်သာစွာဖြင့် တည်ဆဲဥပဒေများနှင့်အညီ ဆောင် ရွက်လျက်ရှိပြီး အသုံးစရိတ်များသုံးစွဲရာတွင် ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ် ရေး၊ တင်ဒါစည်းမျဉ်း စည်းကမ်းများလိုက်နာရေး၊ စာရင်းစစ်ဆေးမှုခံယူရေးတို့ကို အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ကြပ်မတ်ဆောင်ရွက်နေကြောင်း ၎င်းကပြောသည်။

ထို့ပြင် ကိုဗစ် ကပ်ရောဂါနှင့်အတူ ဖြစ်ပေါ်လာသည့် ကမ္ဘာ့နိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးကျဆင်းမှုအခြေအနေ၊ နိုင်ငံသုံးငွေတန်ဖိုးကျဆင်းမှုအခြေအနေ၊ လောင်စာဆီ နှင့် အထွေထွေကုန် ပစ္စည်းဈေးနှုန်းများ မြင့်တက်လာမှုအခြေအနေစသည့် အခြေအနေအရပ်ရပ်ကြောင့် မိမိတို့ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ပြည်သူ့ဘဏ္ဍာငွေများကို စီမံခန့်ခွဲသုံးစွဲရာတွင် အထူးဂရုပြုပြီးစီမံခန့်ခွဲ သုံးစွဲရန်လိုအပ်လာကြောင်း နစက ဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။

နစက တာဝန်ယူဆောင်ရွက်ချိန်တွင် ပြည်ပမှ ထောက်ပံ့ငွေနှင့်ချေးငွေများရယူခြင်းမရှိဘဲ ၂ဝ၂၂ ခုနှစ် ဇွန်လကုန်အထိ ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ ၁ဝ ဒသမ ၆၈ ဘီလျံရှိကြောင်းသိရသည်။

zawgyi version
ျပည္ပေခ်းေငြမ်ား ျပန္လည္ေပးဆပ္ရာတြင္ တာဝန္သိႏိုင္ငံအျဖစ္ ခံယူရပ္တည္ၿပီး အခ်ိန္ေစ့ပါက အတိုးအရင္းေပးဆပ္ရန္ ဦးစားေပးလ်ာထားေၾကာင္း နစက ဥကၠ႒ေျပာ
NP News - မတ္ ၂၂

ျပည္ပေခ်းေငြမ်ား ျပန္လည္ေပးဆပ္ရာတြင္ တာဝန္သိႏိုင္ငံအျဖစ္ ခံယူရပ္တည္ၿပီး အခ်ိန္ေစ့ပါက အတိုးေရာအရင္ပါ ေပးဆပ္ႏိုင္ရန္ ဦးစားေပးထည့္သြင္းလ်ာထားခြင့္ျပဳထားေၾကာင္း နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က မတ္လ ၂၁ ရက္တြင္က်င္းပသည့္ ဘ႑ာေရးဆိုင္ရာေကာ္မရွင္ (၁/၂ဝ၂၃) အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

အစိုးရအေနျဖင့္ ျပည္သူ႔ဘ႑ာစီမံခန႔္ခြဲမႈကို ပြင့္လင္းျမင္သာစြာျဖင့္ တည္ဆဲဥပေဒမ်ားႏွင့္အညီ ေဆာင္ ႐ြက္လ်က္ရွိၿပီး အသုံးစရိတ္မ်ားသုံးစြဲရာတြင္ ဘ႑ာေရးစည္းမ်ဥ္း၊ လုပ္ထုံးလုပ္နည္းမ်ားႏွင့္ ညီၫြတ္ ေရး၊ တင္ဒါစည္းမ်ဥ္း စည္းကမ္းမ်ားလိုက္နာေရး၊ စာရင္းစစ္ေဆးမႈခံယူေရးတို႔ကို အမိန႔္ၫႊန္ၾကားခ်က္မ်ား ထုတ္ျပန္ၾကပ္မတ္ေဆာင္႐ြက္ေနေၾကာင္း ၎ကေျပာသည္။

ထို႔ျပင္ ကိုဗစ္ ကပ္ေရာဂါႏွင့္အတူ ျဖစ္ေပၚလာသည့္ ကမာၻ႔ႏိုင္ငံမ်ားႏွင့္ ေဒသတြင္းႏိုင္ငံမ်ား၏ စီးပြားေရးက်ဆင္းမႈအေျခအေန၊ ႏိုင္ငံသုံးေငြတန္ဖိုးက်ဆင္းမႈအေျခအေန၊ ေလာင္စာဆီ ႏွင့္ အေထြေထြကုန္ ပစၥည္းေဈးႏႈန္းမ်ား ျမင့္တက္လာမႈအေျခအေနစသည့္ အေျခအေနအရပ္ရပ္ေၾကာင့္ မိမိတို႔ကဲ့သို႔ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားအေနျဖင့္ ျပည္သူ႔ဘ႑ာေငြမ်ားကို စီမံခန႔္ခြဲသုံးစြဲရာတြင္ အထူးဂ႐ုျပဳၿပီးစီမံခန႔္ခြဲ သုံးစြဲရန္လိုအပ္လာေၾကာင္း နစက ဥကၠ႒က ထည့္သြင္းေျပာၾကားခဲ့သည္။

နစက တာဝန္ယူေဆာင္႐ြက္ခ်ိန္တြင္ ျပည္ပမွ ေထာက္ပံ့ေငြႏွင့္ေခ်းေငြမ်ားရယူျခင္းမရွိဘဲ ၂ဝ၂၂ ခုႏွစ္ ဇြန္လကုန္အထိ ျပည္ပေႂကြးၿမီ အေမရိကန္ေဒၚလာ ၁ဝ ဒသမ ၆၈ ဘီလ်ံရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.