မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံ၊ ချုံချင့်ဒေသကြား လေကြောင်းလိုင်းပြေးဆွဲရန် နှင့် လျှပ်စစ်ကားများ ထုတ်လုပ်၊ တင်ပို့ရန် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ဆန္ဒရှိနေ

 749

ယွန်း (NP News) - မတ် ၂၂

တရုတ်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တရုတ်နိုင်ငံ၊ ချုံချင့်ဒေသနှင့် မြန်မာနိုင်ငံကြား လေကြောင်းလိုင်း ပြေးဆွဲရန် နှင့် လျှပ်စစ်ကားများ ထုတ်လုပ်၊ တင်ပို့ရန် ဆန္ဒရှိနေကြောင်း UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောသည်။

ဥက္ကဋ္ဌ ဦးအေးဝင်းက ယနေ့(မတ်လ ၂၂ ရက်)တွင် ရန်ကုန်မြို့၊ LOTTE Hotel ၌ ကျင်းပခဲ့သည့် တရုတ်(ချုံချင့်ပိရှန်း)- မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မိတ်ဆက်ပွဲတွင် အထက်ပါကဲ့သို့ အသိပေး ပြောဆိုခဲ့ခြင်းဖြစ်သည်။

UMFCCI အနေဖြင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ သာမက မြန်မာနိုင်ငံတွင် လာရောက်၍ ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်နေသည့် နိုင်ငံတကာမှ လုပ်ငန်းရှင်များကိုပါ ခွဲခြားမှုမရှိဘဲ ကူညီမှုများ ဆောင်ရွက်ပေးနေကြောင်း ဥက္ကဋ္ဌ ဦးအေးဝင်းက ဆိုထားသည်။

လက်ရှိတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ ရန်ကုန်မြို့ နှင့် တရုတ်နိုင်ငံရှိ ချုံချင့်မြို့တို့ကို တိုက်ရိုက်လေကြောင်းလိုင်းပြေးဆွဲနိုင်ရေးကို ဆန္ဒရှိနေကြောင်း သိရသည်။

“ဆွေးနွေးချက်တွေအရ တရုတ်နိုင်ငံ‌အနေနဲ့ အထူးသဖြင့် New Energy vehicle နဲ့ပတ်သက်ပြီးတော့ ရင်းနှီးမြှုပ်နှံလိုတယ်ဆိုတာရယ်၊ နောက်ပြီးတော့ မြန်မာနဲ့ ချုံချင့်တို့ကြားမှာ လေကြောင်းပြေးဆွဲခြင်းနဲ့ ခရီးသွားလုပ်ငန်း ကဏ္ဍမှ ပူးပေါင်းဆောင်ရွက်လိုတာရယ်၊ လျှပ်စစ်သုံးယာဥ်တွေ ထုတ်လုပ်ခြင်း၊ တင်ပို့ခြင်း ကဏ္ဍ၊ စက်မှုလယ်ယာပစ္စည်းတွေကို ထုတ်လုပ် တင်ပို့မယ့်အပိုင်းရယ်၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍစတဲ့ ကဏ္ဍ(၄)ရပ်မှာ ပိုမိုပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ကို စိတ်ဝင်‌စားကြောင်း သိရှိရပါတယ်” ဟု ဥက္ကဋ္ဌ ဦးအေးဝင်းက ဆိုသည်။

အဆိုပါ ကဏ္ဍ(၄)ရပ်သည်လည်း မြန်မာနိုင်ငံတွင် လိုအပ်နေသည့် ကဏ္ဍများဖြစ်နေပြီး မြန်မာနိုင်ငံအ တွက် အလေးထား ရင်းနှီးမြှုပ်နှံစေလိုသည့် ကဏ္ဍသည် အ‌ခြေခံအဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးအေးဝင်းက ဆိုသည်။

“ကျွန်တော်တို့အတွက် အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးတွေအတွက် ဆောင်ရွက်တဲ့အခါမှာ အဓိကလိုအပ်နေတာကတော့ အခြေခံအဆောက်အဦးဖွံ့ဖြိုးတိုးတက်ရေးတွေဖြစ်တဲ့ ဆောက်လုပ်ရေးတို့၊ သယ်ယူပို့ဆောင်ရေးတို့၊ လျှပ်စစ်နဲ့စွမ်းအင်ကဏ္ဍတွေမှာ တိုးတက်ဖို့တို့ ဖြစ်တဲ့အတွက် ဒီကဏ္ဍတွေမှာလည်း အထူးအလေးထားပြီး ရင်းနှီးမြှုပ်နှံမှုအတွက်ကို ဖိတ်ခေါ်ပါတယ်” ဟု ၎င်းက တိုက်တွန်းပြောဆိုခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံ‌အနေဖြင့် မြန်မာနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဖော်ဆောင်လာနိုင်ရန် ဆောင်ရွက်မှုများရှိနေသည့်အတွက် မြန်မာနိုင်ငံဘက်မှလည်း နိုင်ငံ့စီးပွားရေးတွင် ပူးပေါင်းဆောင်ရွက်ရေးကို ကူညီဆောင်ရွက်ပေးရန် အ‌ဆင့်သင့်ရှိနေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦးက ဆက်လက်ပြောဆိုထားသည်။

zawgyi version
ျမန္မာႏိုင္ငံ ႏွင့္ တ႐ုတ္ႏိုင္ငံ၊ ခ်ဳံခ်င့္ေဒသၾကား ေလေၾကာင္းလိုင္းေျပးဆြဲရန္ ႏွင့္ လွ်ပ္စစ္ကားမ်ား ထုတ္လုပ္၊ တင္ပို႔ရန္ တ႐ုတ္စီးပြားေရးလုပ္ငန္းရွင္မ်ား ဆႏၵရွိေန


ယြန္း (NP News) - မတ္ ၂၂

တ႐ုတ္စီးပြားေရးလုပ္ငန္းရွင္မ်ားအေနျဖင့္ တ႐ုတ္ႏိုင္ငံ၊ ခ်ဳံခ်င့္ေဒသႏွင့္ ျမန္မာႏိုင္ငံၾကား ေလေၾကာင္းလိုင္း ေျပးဆြဲရန္ ႏွင့္ လွ်ပ္စစ္ကားမ်ား ထုတ္လုပ္၊ တင္ပို႔ရန္ ဆႏၵရွိေနေၾကာင္း UMFCCI ဥကၠ႒ ဦးေအးဝင္းက ေျပာသည္။

ဥကၠ႒ ဦးေအးဝင္းက ယေန႔(မတ္လ ၂၂ ရက္)တြင္ ရန္ကုန္ၿမိဳ႕၊ LOTTE Hotel ၌ က်င္းပခဲ့သည့္ တ႐ုတ္(ခ်ဳံခ်င့္ပိရွန္း)- ျမန္မာ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈ မိတ္ဆက္ပြဲတြင္ အထက္ပါကဲ့သို႔ အသိေပး ေျပာဆိုခဲ့ျခင္းျဖစ္သည္။

UMFCCI အေနျဖင့္ စီးပြားေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္မ်ား သာမက ျမန္မာႏိုင္ငံတြင္ လာေရာက္၍ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ကိုင္ေနသည့္ ႏိုင္ငံတကာမွ လုပ္ငန္းရွင္မ်ားကိုပါ ခြဲျခားမႈမရွိဘဲ ကူညီမႈမ်ား ေဆာင္႐ြက္ေပးေနေၾကာင္း ဥကၠ႒ ဦးေအးဝင္းက ဆိုထားသည္။

လက္ရွိတြင္ တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံရွိ ရန္ကုန္ၿမိဳ႕ ႏွင့္ တ႐ုတ္ႏိုင္ငံရွိ ခ်ဳံခ်င့္ၿမိဳ႕တို႔ကို တိုက္႐ိုက္ေလေၾကာင္းလိုင္းေျပးဆြဲႏိုင္ေရးကို ဆႏၵရွိေနေၾကာင္း သိရသည္။

“ေဆြးေႏြးခ်က္ေတြအရ တ႐ုတ္ႏိုင္ငံ‌အေနနဲ႔ အထူးသျဖင့္ New Energy vehicle နဲ႔ပတ္သက္ၿပီးေတာ့ ရင္းႏွီးျမႇဳပ္ႏွံလိုတယ္ဆိုတာရယ္၊ ေနာက္ၿပီးေတာ့ ျမန္မာနဲ႔ ခ်ဳံခ်င့္တို႔ၾကားမွာ ေလေၾကာင္းေျပးဆြဲျခင္းနဲ႔ ခရီးသြားလုပ္ငန္း က႑မွ ပူးေပါင္းေဆာင္႐ြက္လိုတာရယ္၊ လွ်ပ္စစ္သုံးယာဥ္ေတြ ထုတ္လုပ္ျခင္း၊ တင္ပို႔ျခင္း က႑၊ စက္မႈလယ္ယာပစၥည္းေတြကို ထုတ္လုပ္ တင္ပို႔မယ့္အပိုင္းရယ္၊ က်န္းမာေရးေစာင့္ေရွာက္မႈက႑စတဲ့ က႑(၄)ရပ္မွာ ပိုမိုၿပီးေတာ့ ပူးေပါင္းေဆာင္႐ြက္ဖို႔ကို စိတ္ဝင္‌စားေၾကာင္း သိရွိရပါတယ္” ဟု ဥကၠ႒ ဦးေအးဝင္းက ဆိုသည္။

အဆိုပါ က႑(၄)ရပ္သည္လည္း ျမန္မာႏိုင္ငံတြင္ လိုအပ္ေနသည့္ က႑မ်ားျဖစ္ေနၿပီး ျမန္မာႏိုင္ငံအ တြက္ အေလးထား ရင္းႏွီးျမႇဳပ္ႏွံေစလိုသည့္ က႑သည္ အ‌ေျခခံအေဆာက္အဦးမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးျဖစ္ေၾကာင္း ဥကၠ႒ ဦးေအးဝင္းက ဆိုသည္။

“ကြၽန္ေတာ္တို႔အတြက္ အေသးစား၊ အငယ္စားနဲ႔ အလတ္စား စီးပြားေရးေတြအတြက္ ေဆာင္႐ြက္တဲ့အခါမွာ အဓိကလိုအပ္ေနတာကေတာ့ အေျခခံအေဆာက္အဦးဖြံ႕ၿဖိဳးတိုးတက္ေရးေတြျဖစ္တဲ့ ေဆာက္လုပ္ေရးတို႔၊ သယ္ယူပို႔ေဆာင္ေရးတို႔၊ လွ်ပ္စစ္နဲ႔စြမ္းအင္က႑ေတြမွာ တိုးတက္ဖို႔တို႔ ျဖစ္တဲ့အတြက္ ဒီက႑ေတြမွာလည္း အထူးအေလးထားၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈအတြက္ကို ဖိတ္ေခၚပါတယ္” ဟု ၎က တိုက္တြန္းေျပာဆိုခဲ့သည္။

ထို႔ျပင္ တ႐ုတ္ႏိုင္ငံ‌အေနျဖင့္ ျမန္မာႏိုင္ငံႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈအခြင့္အလမ္းမ်ား ေဖာ္ေဆာင္လာႏိုင္ရန္ ေဆာင္႐ြက္မႈမ်ားရွိေနသည့္အတြက္ ျမန္မာႏိုင္ငံဘက္မွလည္း ႏိုင္ငံ့စီးပြားေရးတြင္ ပူးေပါင္းေဆာင္႐ြက္ေရးကို ကူညီေဆာင္႐ြက္ေပးရန္ အ‌ဆင့္သင့္ရွိေနေၾကာင္း ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈ ဦးစီးဌာနမွ ဒုၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးမင္းေဇာ္ဦးက ဆက္လက္ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.