ပါကစ္စတန်နဲ့ အပစ်အခတ်ရပ်စဲရေး ရယူပြီးနောက် အိန္ဒိယက လေဆိပ်(၃၂)ခုကို ပြန်လည်ဖွင့်လှစ်

142

Pika (NP News) - မေ ၁၃
ပါကစ္စတန်နဲ့ အိန္ဒိယတို့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိခဲ့ပြီးနောက် အိန္ဒိယအစိုးရဟာ ၎င်းရဲ့လေဆိပ်(၃၂)ခုကို ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ လေဆိပ်(၃၂)ခုကို အရပ်ဘက်ဆိုင်ရာလုပ်ငန်းတွေ ချက်ချင်းဆောင်ရွက်နိုင်ဖို့အတွက် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ အိန္ဒိယလေဆိပ်အာဏာပိုင်အဖွဲ့က ပြောကြားခဲ့ပါတယ်။
အိန္ဒိယနဲ့ပါကစ္စတန်တို့ကြားတိုက်ပွဲတွေ လေးရက်ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယအစိုးရဟာ ၎င်းရဲ့လေဆိပ်တွေကို ပိတ်ပစ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ထိပ်တန်းအိန္ဒိယလေကြောင်းလိုင်း IndiGo က ၎င်းတို့ဟာ ယခင်ကပိတ်ထားခဲ့တဲ့လမ်းကြောင်းတွေပေါ်မှာ လုပ်ငန်းဆောင်ရွက်မှုတွေကို အဆင့်ဆင့်စတင်လုပ်ဆောင်တော့မယ်လို့ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဧပြီလ(၂၂)ရက်က ကက်ရှ်မီးယားပြည်နယ်မှာ လူ(၂၆)ဦးကို သေဆုံးစေခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယနဲ့ပါကစ္စတန်ကြား တင်းမာမှုတွေ မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။
အဲဒီအကြမ်းဖက်တိုက်ခိုက်မှုကို ပါကစ္စတန်အစိုးရက ပံ့ပိုးပေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အိန္ဒိယဘက်ကစွပ်စွဲပြောဆိုခဲ့ပေမယ့်လည်း ပါကစ္စတန်ဘက်က အဲ့ဒီစွပ်စွဲပြောဆိုချက်တွေကို ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။
zawgyi version
ပါကစၥတန္နဲ႔ အပစ္အခတ္ရပ္စဲေရး ရယူၿပီးေနာက္ အိႏၵိယက ေလဆိပ္(၃၂)ခုကို ျပန္လည္ဖြင့္လွစ္
Pika (NP News) - ေမ ၁၃
ပါကစၥတန္နဲ႔ အိႏၵိယတို႔ၾကား အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ရရွိခဲ့ၿပီးေနာက္ အိႏၵိယအစိုးရဟာ ၎ရဲ႕ေလဆိပ္(၃၂)ခုကို ျပန္လည္ဖြင့္လွစ္ခဲ့တယ္လို႔ သိရပါတယ္။ ေလဆိပ္(၃၂)ခုကို အရပ္ဘက္ဆိုင္ရာလုပ္ငန္းေတြ ခ်က္ခ်င္းေဆာင္႐ြက္ႏိုင္ဖို႔အတြက္ ျပန္လည္ဖြင့္လွစ္လိုက္ၿပီျဖစ္တယ္လို႔ အိႏၵိယေလဆိပ္အာဏာပိုင္အဖြဲ႕က ေျပာၾကားခဲ့ပါတယ္။
အိႏၵိယနဲ႔ပါကစၥတန္တို႔ၾကားတိုက္ပြဲေတြ ေလးရက္ဆက္တိုက္ျဖစ္ပြားခဲ့ၿပီးေနာက္ အိႏၵိယအစိုးရဟာ ၎ရဲ႕ေလဆိပ္ေတြကို ပိတ္ပစ္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ထိပ္တန္းအိႏၵိယေလေၾကာင္းလိုင္း IndiGo က ၎တို႔ဟာ ယခင္ကပိတ္ထားခဲ့တဲ့လမ္းေၾကာင္းေတြေပၚမွာ လုပ္ငန္းေဆာင္႐ြက္မႈေတြကို အဆင့္ဆင့္စတင္လုပ္ေဆာင္ေတာ့မယ္လို႔ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ဧၿပီလ(၂၂)ရက္က ကက္ရွ္မီးယားျပည္နယ္မွာ လူ(၂၆)ဦးကို ေသဆုံးေစခဲ့တဲ့ အၾကမ္းဖက္တိုက္ခိုက္မႈတစ္ခုျဖစ္ပြားခဲ့ၿပီးေနာက္ အိႏၵိယနဲ႔ပါကစၥတန္ၾကား တင္းမာမႈေတြ ျမင့္တက္လာခဲ့တာလည္းျဖစ္ပါတယ္။
အဲဒီအၾကမ္းဖက္တိုက္ခိုက္မႈကို ပါကစၥတန္အစိုးရက ပံ့ပိုးေပးမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ အိႏၵိယဘက္ကစြပ္စြဲေျပာဆိုခဲ့ေပမယ့္လည္း ပါကစၥတန္ဘက္က အဲ့ဒီစြပ္စြဲေျပာဆိုခ်က္ေတြကို ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။